escape
29/11/2022
15 Secrets
Successful People Know About Time Management
By
E + 3C
E= Energy
C= Capture
C= Calendar
C= Concentrate
Energy
၁။ အချိန်သည် ရှားပါးသော အရင်းအမြစ်တစ်ခုဖြစ်၍ အကျိုးရှိရှိ အသုံးပြုရန်
၂။ အလုပ်တွင်ကျယ်မှု့သည် ခွန်အားနှင့် အာရုံစူးစိုက်မှု့တို့နှင့်သာ သက်ဆိုင်၍ ကြာချိန်နှင့် မသက်ဆိုင်ပါ။
၃။ အကျိုးရလာဒ်၏ ၈၀% သည် ၂၀% သော အလုပ်တို့မှ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။
၄။ တခြားသူတို့၏ အချိန်ကို ဝယ်သုံးပါ။ ကိုယ့်အချိန်ကို သုံးသင့်တဲ့ နေရာမှာသာ အသုံးပြုပါ။
Capture
၅။ အရေးအကြီးဆုံး အလုပ်တစ်ခုကို ကွေးချယ်ကာ ကျန်အလုပ်အားလုံးထက် ဦးစွာ လုပ်ကိုင်လိုက်ပါ။
၆။ အရေးကြီးအလုပ်ကို အထောက်အကူ မဖြစ်စေတဲ့ အရာမှန်သမျှကို No ဟုပြောပါ။
၇။ မှတ်စု စာအုပ် တစ်အုပ်ကို အမြဲဆောင်ထားပါ။
Calendar
၈။ To_do_list နှင့် အလုပ်လုပ်မည့်အစား Calendar နှင့်အလုပ်လုပ်ပါ
၉။ နေ့ရက်တစ်ခုရဲ့ ပထမဆုံး မိနှစ်၆၀ကို စိတ်နဲ့ကိုယ်အား အားဖြစ်စေမည့် လေ့ကျင့်ခန်းများနှင့်စတင်ပါ။
၁၀။ လုပ်စရာအလုပ်တွေက အမြဲတမ်း မကုန်နိုင် မခမ်းနိုင် ရှိနေမည်ဆိုတာကို လက်ခံပါ
၁၁။ မတူညီသည့်နေ့ရက်များတွင် မတူညီသည့် ပုံစံ Theme တွေနှင့် အလုပ်လုပ်ပါ
၁၂။ တခြားဆက်သွယ်စရာနည်းလမ်းများ မရှိတော့သည့် အခြေအနေမျိုးမှသာ အစည်းအဝေးပြုလုပ်ပါ
၁၃။ Email Inbox ကို ထိန်းချုပ်ထားပါ
၁၄။ Email ၏ Subject တွင် အဓိက လုပ်ဆောင်ရမည့် ကိစ္စကိုသာ ရေးသားပါ
၁၅။ Email ကို တတ်နိုင်သမျှ တိုတိုရေးပါ
ယခုစာအား Swe Note App မှ Kelvin Kruse ရေးသားသော စာအုပ်မှ ထုတ်နှုတ်ပါသည်
24/01/2021
#တစ်ပိုင်းတစ်စပုံပြင်
20 ရာစုအစပိုင်းမှာ Ford
မော်တော်ကားကုမ္ပဏီသည်
များပြားလှသောအမှာစာများကို
အလျင်မှီအောင်
ထုတ်လုပ်နိင်ရန်အတွက်
ကားစက်ရုံအသစ်ကြီးများကို
အလျင်အမြန်ဆောက်လုပ်ခဲ့ကြသည်...။
ပြဿနာက အဲဒီမှာစတာပဲဗျ...
စက်ရုံကြီးလည်းပြီးရော
test run လုပ်တဲ့အချိန်မှာ
အရေးကြီးတဲ့
လျှပ်စစ်မော်တာတစ်ခုက
စပြီးဖေါက်ပါလေရော....
အဲဒါကြီးအလုပ်မလုပ်တော့
ကျန်တဲ့အလုပ်တွေကလည်း
ဆက်သွားလို့မရတော့ဘူး
ရပ်ထားရတာပေါ့...။
၀ယ်သူတွေက တန်းဆီပြီးစောင့်နေတဲ့
အချိန်မှာ ဒီစက်ရုံကြီးသာ
ကားတွေမထုတ်နိုင်ဘူးဆိုရင်
ပြဿနာအကြီးအကျယ်တက်မှာ
အသေချာပဲ..။
ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းက
လူကြီးတွေက တစ်မြို့လုံးမှာ
ရှိသမျှ တက်ဂနစ်ရှင်၊ အင်ဂျင်နီယာ၊
ဖိုမင်တွေနဲ့တိုင်ပင်ပြီး
အမြန်ဆုံးပြုပြင်စေပါတယ်...။
ဒါပေမယ့် ပြင်ဖို့နေနေသာသာ
ဘယ်နေရာမှာပျက်နေသလဲဆိုတဲ့
ပြစ်ချက်ကိုရှာလို့မတွေ့ဘူး
ဖြစ်နေတော့ မခက်ပေဘူးလား..။
အဲဒါနဲ့ တစ်နိုင်ငံလုံးမှာမော်တာ
ကျွမ်းကျင်တဲ့ပညာရှင်တွေကို
ရှာဖွေရတော့တာပေါ့...။
ပညာရှင်တစ်ချို့
ညွန်းလိုက်တာကြောင့် မြို့တစ်မြို့က
မော်တာကျွမ်းကျင်ပညာရှင်
Mr. Charles Proteus Steinmetz ကို
ဖိတ်ခေါ်လိုက်ပါသည်..။
Stanmetz စက်ရုံကိုရောက်လာတော့
ပထမဆုံး ကော်ဇောလေးတစ်ချပ်
တောင်းလိုက်ပါတယ်...
ပြီးတော့ ကော်ဇောကို မော်တာကြီးရဲ့
ဘေးမှာခင်းကာ ထိုင်ချီ၊ အိပ်ချီနဲ့
တစ်ရက်လုံး မော်တာမောင်းတဲ့အသံကို
နားထောင်ပါသည်။
နောက်နေ့ကြတော့
လှေခါးလေးတစ်ခုတောင်းကာ....
မော်တာပေါ်တက်လိုက်
ပြန်ဆင်းလိုက်အကြိမ်ကြိမ်လုပ်ပြီး
မြေဖြူလေးတစ်ခုကိုယူကာ
မော်တာပေါ်တွင် မျဉ်းကြောင်း
တစ်ကြောင်းဆွဲလိုက်သည်... ။
“ဒီနေရာမှာ ကွိုင်ကို 16 ပတ်လောက်
ပိုပတ်ထားမိတယ်..
ဒါလေးကိုပြင်လိုက်ပါ... " လို့
ပြောလိုက်သည်...။
Stanmetz ပြောတဲ့အတိုင်းလေး
လုပ်လိုက်တော့ မော်တာကြီးက
အံ့သြဖွယ်ကောင်းလောက်အောင်ကို
ကောင်းသွားပါသည်..။
အဲဒီမှာ မန်နေဂျာက အားရ၀မ်းသာနဲ့
ပြင်ခဘယ်လောက်ပေးရမလဲလို့
မေးလိုက်သည်...။
Stenmetz က " သိပ်မများပါဘူး
ဒေါ်လာ တစ်သောင်းပဲပေးပါ.. " လို့
ပြောလိုက်သည်...။
မန်နေဂျာ မျက်လုံးကြီးပြူးသွားသည်...
ပြူးလောက်စရာပါပဲလေ
အဲဒီခေတ်က ဒေါ်လာတစ်သောင်းဆိုတာ
အလုပ်သမားတစ်ယောက်ရဲ့
တစ်သက်စာလစာလောက်ရှိတာကိုး...
" ဟ...ခင်ဗျားဟာက လွန်တာပေါ့ဗျ...
မျဉ်းကြောင်းကလေးတစ်လိုင်းဆွဲတာကို
ဒေါ်လာ တစ်သောင်းဆိုတော့... "
" မှားနေပြီ မန်နေဂျာကြီး...
ကျွန်တော်က မျဉ်းဆွဲခကို
တစ်ဒေါ်လာပဲယူတာပါ....
ဘယ်နေရာမှာဆွဲရမလဲဆိုတဲ့
ပညာခကို
9999 ဒေါ်လာယူထားတာပါ.. " လို့
အေးအေးဆေးဆေးပြန်ပြောလိုက်သည်..။
မန်နေဂျာကြီးလည်း ကျေနပ်စွာနဲ့
ဒေါ်လာတစ်သောင်းကိုထုတ်ပေး
လိုက်သည်။
တော်တော်များများက ပုံပြင်ကို
ဒီမှာပဲရပ်ထားလိုက်ကြပြီး....
ပုံပြင်ရဲ့ အနှစ်သာရဖြစ်တဲ့
အသိပညာ အတတ်ပညာရဲ့တန်ဖိုးကို
အကျယ်ချဲ့ပြီးပြောကြပါတယ်...။
How to get knowledge and then
gain wealth through knowledge ဆိုပြီး
motivation အနေနဲ့
ဒီပုံပြင်ကိုပြောပြကြတယ်။
တစ်ကယ်တော့ ဒီပုံပြင်က
ဒုတိယပိုင်းရှိပါသေးတယ်ဗျ...။
Charles Proteus Steinmetz ဟာ
ဂျာမနီနိုင်ငံက လျှပ်စစ်မော်တာ
ဂျနရေတာ အင်ဂျင်နီယာတစ်ယောက်ပါ...။
ဒုတိယကမ္ဘာစစ်အပြီးမှာ
စစ်ဒဏ်ကြောင့် ဂျာမနီစီးပွါးပျက်တော့
အမေရီကန်ကိုရောက်လာရပါတယ်..။
ရောက်ရောက်ချင်း
အလုပ်လက်မဲ့ဖြစ်နေတော့
ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့
ဒုက္ခတွေ့ခဲ့တယ်..။
အဲဒီအချိန်မှာပဲ မော်တာထုတ်တဲ့
စက်ရုံသေးသေးလေးတစ်ခုက
သူ့ကိုအလုပ်ခန့်ခဲ့တယ်..။
Steinmetz လည်း အလုပ်ရှင်ကို
ကျေးဇူးတင်တဲ့အနေနဲ့ မော်တာတွေကို
ပိုကောင်းအောင် အားစိုက်ပြီး
ပြုလုပ်ပေးခဲ့တယ်..။
သူရဲ့အရည်အချင်းကြောင်း
မော်တာစက်ရုံလေးလည်း
ရောင်းအားတက်လာကာ
အမှာစာများ
အများအပြားရရှိခဲ့သည်...။
Mr. Ford က သူ့စက်ရုံကို
ဒေါ်လာတစ်သောင်းနဲ့ ပြင်ပေးသွားတဲ့
Steinmentz အကြောင်းကိုသိရော
အရမ်းစိတ်၀င်စားသွားကာ
ကိုယ်တိုင်သွားပြီး Ford မှာ
အလုပ်လာလုပ်ဖို့ကမ်းလှမ်း
လိုက်ပါသည်..။
သို့သော် Steinmentz က
ငြင်းခဲ့ပါသည်...
အကြောင်းပြချက်ကတော့
ဒီမော်တာစက်ရုံပိုင်ရှင်က
သူဒုက္ခရောက်နေချိန်မှာ
နေစရာပေးခဲ့ စားစရာပေးခဲ့တယ်
အလုပ်ပေးခဲ့တယ်...ကျေးဇူးရှိခဲ့တယ်..။
သူ့အနေနဲ့အခုချိန်အလုပ်ထွက်လိုက်ရင်
မော်တာစက်ရုံလေး
စီးပွါးပျက်သွားနိုင်တယ်...
ဒါကြောင့်ဖို့ဒ်ကိုမလာနိုင်ဘူးလို့
ပြောသည်။
အဲဒီအချိန်က Ford ကားကုမ္ပဏီရဲ့
image က ဘုန်းမီးနေလ
တောက်နေချိန်...
အလုပ်လုပ်ချင်လွန်းလို့ တန်းစီ
နေတဲ့သူတွေ တပုံတစ်ပင်ကြီးပါ...။
အငြင်းခံလိုက်ရတဲ့ Mr. Ford အတွက်
အီလည်လည်ကြီးခံစားနေရတာပေါ့...။
ဒါပေမယ့် Steinments ရဲ့ attitude နဲ့
ခံယူချက်ကို ပိုသဘောကျသွားကာ....
ဇွဲမလျော့ပဲ မော်တာစက်ရုံလေးကို
၀ယ်ယူလိုက်သည်။
Ford ရဲ့ BOD တွေကတော့
မကျေနပ်ပဲ စောဒကတက်လာသည်....
ဒီဘာမဟုတ်တဲ့ စက်ရုံသေးသေးလေးကို
ဘာလို့၀ယ်ရတာလဲပေါ့...။
Mr. Ford ကတစ်ခွန်းတည်းပဲ
ပြောလိုက်ပါတယ်..
"ဒီစက်ရုံမှာ သစ္စာတရားကို
တန်ဖိုးထားတဲ့၊
ကျေးဇူးတရားကိုသိတတ်တဲ့၊
ပညာရပ်ပိုင်းဆိုင်ရာမှာလည်း
တော်တဲ့ Steinments လိုလူမျိုး
ရှိနေလို့၀ယ်တာပါ..."
ဒီခေတ်ကြီးမှာ
ကျွန်တော်တို့အားလုံးက
ပညာရပ်ပိုင်းဆိုင်ရာနောက်ကို
လိုက်နေကြတယ်...
ကျောင်းတက်ဘွဲ့ယူ..ဘွဲ့ရရင်
အလုပ်ခွင်၀င်ဖို့အတွက်
ကွန်ပျူတာပညာ၊
စာရင်းအင်းပညာ၊ စီးပွါးရေးပညာ၊
ဘာသာစကားတွေ သင်ယူကြတယ်...
ရည်ရွယ်ချက်က ပညာပိုတတ်ရင်
အလုပ်ကောင်းကောင်းရမယ်
လစာကောင်းကောင်းရမယ်လေ..။
ကျွန်တော်လည်း ဒီတိုင်းပဲလုပ်ခဲ့တာ...
တက်လိုက်ရတဲ့သင်တန်းတွေ
ကျောင်းတွေဆို မနည်းဘူး...။
Knowledge is wealth ကိုး....
မှန်ပါတယ်...ဒါပေမယ့်
ဒါနဲ့တင်လုံလောက်ပြီလားဆိုတော့.....
မပြည့်စုံသေးပါ။
ကျွန်တော်တို့ ပညာရေးရဲ့
ဆောင်ပုဒ်အတိုင်း စိတ်ဓါတ်၊
စည်းကမ်း၊ ပညာ ဆိုသလို
စိတ်ဓါတ်နဲ့ စည်းကမ်းလေးပါ
ကောင်းမှ တိုးတက်မှာ
အသေချာပင်ဖြစ်သည်..။
ကျွန်တော့် ဆရာ
ဒေါက်တာဇော်မင်းအောင် ပြောသွားတဲ့
အတိုင်း knowledge နဲ့ skill ရှိရုံနဲ့မရပါ...၊
Attitude ကိုမှန်အောင်ထားပြီး
Ethic ကိုလည်းစောင့်ထိန်းနိုင်မှ
တန်းဖိုးရှိသောသူဖြစ်မည်။
ဘာပဲလုပ်လုပ်
မေးခွန်းလေး ၂ ခုမေးကြည့်မိသည်...။
What is grateful ?
What is responsibility ?
အဖြေသိရင် အလုပ်ဖြစ်မည်။
မူရင်း ရေးသားသူကိုပေးပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon