DODAR

DODAR

Share

Photos from Mandalay Free Press - MFP's post 15/12/2022

😭😭😭

Photos from DODAR's post 03/07/2021

3/4/2018-ပျံလွန်တော်မူခဲ့သောအရှင်ဘုရားကြီးရုပ်ကလပ်၊ ဆံပင်ရှည်လာခြင်း၊မျက်ခုံးမွီးများရှည်လာခြင်း၊

အသားရောင်မပြောင်းလဲခြင်း၊ အနံအသက်မထွက်ခြင်း၊သက်ရှိထင်ရှားသကဲ့သို့
စမုတ်ကြောများ အထင်းသား မြင်နိရခြင်းဂုဏ်သတ္တိများဖြင့်ပြည့်စုံလျက်ရှိ၊

တည်နေရာ….. မဟာရံဌာန(ရင်အုံတော်ဓါတ်စေတီ)၊ မြင့်ဂါကျေးရွာအုပ်စု၊
အလယ်ဖရုံဂါကျွန်း(ပိန္နဲချောင်းကျွန်း) ပေါက်တောမြို့နယ်၊ရခိုင်ပြည်။

ဖူးမြော်ကြည်ညိုရင်း လိုရာဆုတောင်းပြီး မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူပါ။


Myanmar Travels & Tour

05/05/2021

လူအများစိတ်ဝင်စားနေကြတဲ့ မွန်ပြည်နယ်က သမိုင်းပျောက်နေသောတွင်းတစ်ရာ

၈၈၈၈ နောက်ပိုင်းပေါ့ လူသူအရောက်ပေါက်မရှိ တောခြုံတွေပိန်းပိတ်နေလို့ နွားတွေမကြာခဏ ပြုတ်ကျတယ် ဒေသခံအဖိုးအဖွားတွေပြောပြလို့ ကြားဖူးတယ်။ ကျန်စစ်သားမင်းကြီး ရေရှာတာ လှံနဲ့စိုက်ပြီး တွင်းပေါင်တစ်ရာတိတိမှာ ရေရတယ်။ အဲ့ရေထွက်တဲ့တွင်းကလည်း ဂျပန်ခေတ်က လူအများတွင်းထဲဝင်ပုန်းကြတယ်။

တွင်းအဝသာကျဉ်းတာ အထဲမှာ လှိုဏ်ဂူကြီးရှိတယ်လို့ပြောတယ်။ အဲ့လှိုဏ်ဂူကနေ ကျိုက်ထီးရိုးကင်ပွန်းစခန်းအထိ ပေါက်တယ်လို့ပြောတယ်။

ရှေးဟောင်းသမိုင်းဝင်မဝင်တော့မသိဘူး။ အခုလက်ရှိတွင်းတွေက မာကျောတဲ့ဂဝံ ကျောက်တွင်းတွေပဲ ကျန်တော့တာပါ။မြေပျော့ကျောက်ပျော့တွင်းက အားလုံးတိမ်ကောကုန်ပါပြီ။

အရင်က အဲ့နေရာ အရမ်းအန္တရာယ်များပါတယ် တောခြုံနွယ်ယှက်ထားတော့ တွင်းနှုတ်ခမ်းတွေမမြင်ရ။ လူတွေလည်း ခြေကျွံကျဖူးတယ်။ တွင်းလေးတွေက နှစ်ပေခွဲပတ်လည်လောက်ပဲရှိတာ အကုန်လုံးတရွယ်ထဲပဲ။

တွင်းတရာဘုန်းကြီး စရောက်သီတင်းသုံးတဲ့သာသနာပြုဖို့စေတီစတည်တဲ့ အချိန်က လုပ်အားပေးကုသိုလ်ပြုခဲ့ဖူးပါတယ်။ဒါပေမယ့် ဝမ်းသာပါတယ် အရင်လိုမဟုတ်တော့ပဲ ကျောင်းကြီးကျောင်းငယ်နဲ့ မြင်ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။

သမိုင်းထဲက တွင်း ၁၀၀ ( သို့မဟုတ် ) သမိုင်းပျောက်နေသော တွင်း ၁၀၀
ကျွန်ုပ်တို့ နေထိုင်ရာ မြန်မာနိုင်ငံ၌ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်မှန်များ၊ သမိုင်းပျောက်နေသော/လူသိနည်းသော နေရာရာတော်တော်များများ ရှိကြပေလိမ့်မည်။ ထိုအထဲတွင် ကျွန်ုပ်တင်ပြလတ္တံ့သော တွင်း ၁၀၀ သည်လည်း အပါအဝင်ပါ။

၎င်း တွင်း ၁၀၀ ကို ကျန်စစ်သား လှံကစား၍ ကျန်ခဲ့သောနေရာဟု ပါးစပ်ရာဇဝင်ရှိသည်။ သို့သော်လည်း ကျန်ုပ်၏ ထင်မြင်ယူဆချက်ကို တင်ပြရလျှင် လှံကစားတယ်ဆိုကတည်းက ဘယ်နေရာမှာဖြစ်ဖြစ်ကစားလို့ရတယ် မဟုတ်ပါလော။ အခုဟာက ကျောက်ဖြာပေါ်တွင် သီးသန့်ဖြစ်နေပါတယ်။

ပြီးရင် လှံကစားလို့ လှံချွန်ကျခဲ့တယ်ဟု ဆိုသောနေရာသည် သမားရိုးကျ ရိုးရိုးတွင်းမျိုး မဟုတ်ဘဲ ကျောက်ဖျာပေါ်၌ ခဲရာခဲဆစ် တူးထားရသော တွင်းနှင့် တူ၏။ တွင်းတို့သည် နှစ်တောင်ပတ်လည်လောက် ရှိ၍ အောက်သို့ အနက်မှာ ၁၅ ပေလောက် ရှိပေမည်။

နောက်တစ်ခု စဉ်းစားစရာမှာ နန်းတွင်းသူ နန်းတွင်းသားများ အန္တရာယ် ကျရောက်ပါက ဝင်ရောက်ခိုအောင်းရန် ကျောက်ဆောင်လှိုဏ်ဂူ ဖောက်ထားသလားဟု ထင်မှတ်ရလေသည်။ သို့သော်လည်း ကျောက်ဆောင်လှိုဏ်ဂူ ဆိုလျှင်လည်း ဒီလောက်ထိ အပေါက်ထားရန် မဖြစ်နိုင်ပါ။

နောက်တစ်ခုမှာ သူများတို့ ခန့်မှန်းပြောဆိုကြသည်က ရွှေတူးတာလားဟု ခန့်မှန်းကြလေသည်။
မိမိအနေဖြင့်တော့ ထိုစကားကို လက်မခံပေ။ အဘယ့်ဆိုသော် ရွှေတူးရင် တစ်နေရာတည်းမှ ဆက်၍ တူးသွားရင် ရသည် မဟုတ်ပါလော။

အခုဟာက ပြောထားတဲ့အတိုင်း ဟိုနားတစ်စု ဒီနားတစ်ခု သေသေချာချာ တိုင်း၍ တူးထားသော တွင်းနှင့်တူသည်။ ယခုအခါ တွင်း ၁၀၀ မှာ ၆၄ တွင်းသာ ရှိတော့သည်ဟု တွင်း ၁၀၀ ကျောင်း၌ သီတင်းသုံးနေသော ဆရာတော်၏ ပြောစကား အရ သိရပါသည်။

သို့ဖြစ်ပါ၍ စာပေဝါသနာ ပါသော ရှေးဟောင်းရာဇဝင်တို့ကိုစိတ်ဝင်စားသောသူများ ဖော်ထုတ်လိုသောသူများ သိရှိကြစေရန် တင်ပြလိုက်ရပေသည်။ နေရာ – မွန်ပြည်နယ် ကျိုက်ထို နှင့် ဘီးလင်းကြား ထင်းမှုန်ကုန်းကျေးရွာ။

foto&content

Myanmar Travels & Tour

16/04/2021

ထူးဆန်းစွာပျောက်ဆုံးသွားသော သဲအင်းဂူဆရာတော်ဘုရားကြီး ၏ နဂါးပလ္လင်ပြန်ပေါ်လာမည့်အချိန် 🙏🙏🙏
================================

သဲအင်းဂူဆရာတော်သည် လူတို့သာမက နဂါးမင်းများကပါ ကြည်ညိုကြလေသည်။
ထိုကြောင့် ဆရာတော် အတွက်ပလ္လင်ပြုလုပ်ရန် အထူးကောင်းမွန်လှသော သစ်ကနက်ပင်များဖြင့် နဂါး ပလ္လင် ပြုလုပ်ရန် လူတို့အား အိမ်မက်ပေး ကာနေရာပြလေသည်။
ဆရာတော်အတွက် ပလ္လင်ပြု လုပ်ပြီး၍ တရားဟောသော အခါ နဂါးများလည်း လာရောက်နာကြားလေသည်။
၁၉၇၃ ခုနှစ် ဆရာတော် ခန္ဓာဝန်ချသွားသည့်အခါ
နဂါးပလ္လင်လည်း ထူးဆန်းစွာပျောက်ဆုံးသွားလေသည်။
ထိုနဂါးပလ္လင် သည် ဆရာတော်ကိုကြည်ညိုသော နဂါးမင်းများမှ မိုးကြီးလေကြီး ချစေကာ လူသူမရှိသောအချိန် ပင့်ဆောင်သွားလေသည်။ ဆရာတော် ၏ တပည့်ဒကာများက အပူတပြင်းလိုက်ရှာကြသော်လည်း မတွေ့ရတော့ပေ။

(မှတ်ချက် ။ သဲအင်းဂူဆရာတော်ရှိစဉ်အခါက ဆရာတော် နဂါးပလ္လင်ထက် ၌တရားဟောနေစဉ် တရွီရွီနှင့် မြွေသံကြား ရသဖြင့် သစ်တောဝန်က နောက်နေ့မနက်တွင်မေးလျောက်လေသဖြင့် မိန့်ကြားလေသည် ။ ဒကာကြီး မနေ့ညက နဂါးတွေလည်း လူမမြင်အပ် သောနေရာတွင် တရားလာနာလို့ ကြားရခြင်းဖြစ်တယ်။ထိုနောက် ဆရာတော်က နဂါးမင်း၏ သဒ်ဒါကွောငျ့ နဂါးပလ္လင် ဖြစ်လာသောအကြောင်းများနဲ့ ဆရာတော်ကြီး မရှိတော့သော အချိန်တွင် သူ၏ ပလ္လင်အား နဂါးများမှပင့်ဆောင်သွားမည်အကြောင်းကို မိန့်ကြားခဲ့သည်။ထိုအပြင် ဆရာတော် ၏ ပလ္လင် နောက်တစ်ခေါက် ပြန်ပေါ်လာဦးမည့် အကြောင်းနှင့်ထိုတစ်ခေါက် ပြန်ပေါ်ပြီးသော် အပြီးတိုင်ပျောက်သွားမည့် အကြောင်းကို ဆရာတော်က ခန္ဓာဝန်ချဖို့ တစ်လအလိုတွင် သစ်တောဝန်အား မိန့်ကြားခဲ့လေသည်။ဤအကြောင်းအားသစ်တောဝန်က မဟာဝိဇ္ဇာကျမ်းတွင် ထည့်သွင်းပြုစုခဲ့သည်။သစ်တောဝန်လည်း ၁၉၉၅ တွင် ကွယ်လွန်လေသည်။ ရဟန္တာပုဂ္ဂိုလ်တို့၏ မိန့်ကြားသောအရာတိုင်း မလွဲဧကန်သာရှိသည်)

သဲအင်းဂူဆရာတော် သည် သူ၏နဂါးပလ္လင် တဖန်ပြန်လည်ထွက်ပေါ် လာမည့်အချိန်ကို သစ်တောဝန်အား ဤကဲ့သို့ မိန့်ကြားခဲ့လေသည်။ သာသနာနှစ် ၂၆၀၀ ပြည့်ခါနီးရင် မြန်မာပြည်မှာ သာသနာပြုမင်း ပေါ်လိမ့်မယ်။ အဲဒီမင်းနှင့် အတူ အလွန်ဘုန်းကြီးတဲ့ ရဟန္တာဆရာတော် တစ်ပါးလည်း ပေါ်လာမယ်။ အဲဒီမင်းခေတ်မှာ ဗုဒ္ဓသာသနာဟာ အရမ်းထွန်းကားသလို အဲဒီဆရာတော်ဟာလည်း လူနတ် နဂါးတို့က အလွန်ကြည်ညိုကြမယ်။ နဂါးတွေကလည်း ကြည်ညိုလွန်းအားကြီးလို့ ဆရာတော်ရဲ့ နဂါးပလ္လင်ကို ပြန်ပူဇော်ကြလိမ့်မယ်။ပူဇော်မယ့်အချိန်မှာ မိုးကြီးလေကြီးချပြီး အဲဒီဆရာတော်ကျောင်းရှေ့မှာ အသင့်ရောက်နေမယ်။သာသနာပြုမင်းရဲ့ဘုန်းကံ
ဆရာတော်ရဲ့ဘုန်းကံကြောင့် နတ်တွေ နဂါးတွေ ဝိဇ္ဇာလောက ကပုဂ္ဂိုလ်တွေ ပါ မြတ်ဗုဒ္ဓရဲ့ သာသနာတော်အတွက် အစွမ်းကုန် ဝိုင်းမကြလိမ့်မယ်။သာသနာပွဲ ဝင်ရောက်နွဲကြလိမ့်မယ်။
သာသနာပြု မင်းအတွက် ရိုးမသစ်တောများထဲမှ ထုံးကဲ့သို့ဖြူစင်သော ဆင်ဖြူတော် ခုနှစ်စီးပေါ်ထွက်လာမယ်။ထိုမင်းခေတ်မှာ ပညာတတ်တွေ လူတော်တွေ လူစွမ်းကောင်းတွေ ကျောက်သံ ပတ္တမြားတွေ အများကြီးထွက်လာမယ်။
သာသနာပြုမင်း ကွယ်လွန်သော် ပြည်သူများက ဆင်ဖြူ ခုနှစ်စီးနှင့်တင်ဆောင်ကာ သဂြိုလ်ကြလိမ့်မယ်။
သာသနာပြုမင်း ကွယ်လွန်ပြီး နောက်တစ်နှစ်မှာ ရဟန္တာဆရာတော်လည်း နဂါးပလ္လင်ထက်မှာ ပရိနိဗ္ဗာန်ပြုလိမ့်မယ်။ ထိုအချိန်မှာ မိုးကြီးလေကြီးချကာ နဂါးမ်ားက နဂါးပလ္လင်ကို အပြီးတိုင် ပြန်ပင့်ဆောင်သွားကြလိမ့်မယ်။ပြန်မပေါ်လာတော့ပါ။
သို့သော် ဗုဒ္ဓသာသနာက ဆက်လက်ထွန်းကားနေမည်ဖြစ်ပြီး သာသနာပြုမင်း ၏ သားတော်တစ်ပါးမှ အဖေ၏တာဝန်အားဆက်လက်ထမ်းဆောင်လိမ့်မည်။

(မဟာဝိဇ္ဇာကျမ်း စာမျက်နှာ ၁၀၁ နှင့် ၁၀၂ မှ ကူးယူဖော်ပြသည်)



Myanmar Travels & Tour

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


အမှတ် ၁၁ (က)/၂၄၂၊ ဧရာချမ်းသာ ကွန်ဒို၊ ဧရာဝဏ် လမ်းမကြီး၊ အရှေ့ဒဂုံ ဆိပ်ကမြို့နယ်
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00