Sweety Home

Sweety Home

Share

20/07/2026

Sweety Home ရဲ့ 'ကော်ဖီသောက်ရင်း စာဖတ်ပါ' ပွဲလေးမှာ "ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်နဲ့ ကျွန်မတို့ နေ့စဉ်ဘဝရဲ့ ခိုနားရာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မိသားစုတွေအတွက် အမောပြေစေမယ့် အသိပညာ ဗဟုသုတတွေကို ဆွေးနွေးဟောပြောပေးခဲ့တဲ့ ဆရာမ မွန်ဟော်စီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဆရာမရဲ့ ဟောပြောချက်တွေထဲမှာ ကော်ဖီမွှေးမွှေးလေး တစ်ခွက်ရယ်၊ စာအုပ်ကောင်း တစ်အုပ်ရယ်နဲ့ ကိုယ့်ရဲ့ မိသားစုဘဝလေးကို ဘယ်လို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်မလဲဆိုတဲ့ တန်ဖိုးရှိတဲ့ အတွေးအခေါ်သစ်တွေကို ဝေမျှပေးသွားတာ ဖြစ်ပါတယ်။

ပွဲကို မလာရောက်နိုင်ခဲ့တဲ့သူတွေလည်း ဗဟုသုတတွေ ရရှိနိုင်ဖို့ ဆရာမရဲ့ ဟောပြောမှု အမှတ်တရ ဗီဒီယိုအပိုင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

နောင်မှာလည်း မိသားစုတိုင်းအတွက် နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေကို ဆက်လက်ဖန်တီးပေးသွားဦးမှာမို့ Sweety Home Page ကို Follow လုပ်ပြီး စောင့်ကြည့်ပေးကြပါဦးနော်။ 🥰

20/07/2026

Sweety Home ကျိုက္ကဆံ Living Mall မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ 'ကော်ဖီသောက်ရင်း စာဖတ်ပါ' Coffee and Book Fair ရဲ့ ပျော်ရွှင်စရာ အမှတ်တရများ။ ❤️

လာရောက်အားပေးခဲ့ကြတဲ့ စာပေနဲ့ ကော်ဖီချစ်သူ မိသားစုများအားလုံးကို Sweety Home မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

နောက်နောင်မှာလည်း မိသားစုတိုင်းအတွက် ပျော်ရွှင်စရာ အစီအစဉ်ကောင်းတွေကို ဆက်လက်ဖန်တီးပေးသွားဦးမှာမို့ Sweety Home Page ကို Follow လုပ်ပြီး စောင့်ကြည့်ပေးကြပါဦးနော်။ 🥰

Photos from Sweety Home's post 18/07/2026

📚✨ ဆရာသိုးဆောင်းတို့ရဲ့ စာပေဟောပြောပွဲ အမှတ်တရပုံရိပ်လေးများ 🤍

စာပေကို ချစ်မြတ်နိုးသူများနဲ့အတူ အသိပညာများ၊ အတွေးအမြင်များကို မျှဝေဖလှယ်ရင်း နွေးထွေးပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အခိုက်အတန့်လေးတစ်ခုကို အတူဖန်တီးနိုင်ခဲ့ပါတယ်။ ✨

စိတ်ပါဝင်စားစွာ တက်ရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်တော်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 💙

📖☕ #စာပေဟောပြောပွဲ #ဆရာသိုးဆောင်း

17/07/2026

စာပေနဲ့ ကော်ဖီချစ်သူတွေ စောင့်မျှော်နေတဲ့ 𝗦𝘄𝗲𝗲𝘁𝘆 𝗛𝗼𝗺𝗲 ရဲ့ 𝗖𝗼𝗳𝗳𝗲𝗲 𝗮𝗻𝗱 𝗕𝗼𝗼𝗸 𝗙𝗮𝗶𝗿 ပွဲကြီးက မနက်ဖြန်ဆို စတင်တော့မှာပါနော် 📢

မနက်ဖြန် 𝗝𝘂𝗹𝘆 𝟭𝟴 ရက်နေ့ ပထမဆုံးနေ့မှာဆိုရင်တော့ ထူးထူးခြားခြားအစီအစဉ်အနေနဲ့ ဆရာ သိုးဆောင်း နဲ့ ဆရာမ မွန်ဟော်စီ တို့ရဲ့ စာပေဟောပြောပွဲကို ကျင်းပသွားမယ့်အပြင်၊ 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗚𝘂𝗲𝘀𝘁 အနေနဲ့ 𝗛𝗲𝗻𝗿𝘆 𝗦𝗮𝗻 ကလည်း အတူပါဝင်ပေးသွားမှာဖြစ်လို့ လက်မလွတ်တမ်း လာရောက်ဖို့ အသိပေးလိုက်ပါရစေ။

ကော်ဖီလေးသောက်ရင်း စာအုပ်တွေဖတ်နိုင်အောင် ပွဲမှာ စာအုပ်ဆိုင်တွေအနေနဲ့ 𝗬𝗮𝗻𝗴𝗼𝗻 𝗕𝗼𝗼𝗸 𝗣𝗹𝗮𝘇𝗮၊ 𝟭𝟮𝟯 𝗕𝗼𝗼𝗸 𝗦𝘁𝗼𝗿𝗲၊ 𝗥𝗲𝗮𝗱𝗲𝗿’𝘀 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲 နဲ့ တက္ကသိုလ်ဦး စာပေ တို့ပါဝင်မှာဖြစ်ပြီး၊ 𝗖𝗼𝗳𝗳𝗲𝗲 𝘀𝗵𝗼𝗽 တွေအနေနဲ့ 𝗚𝗲𝗻𝗶𝘂𝘀 𝗖𝗼𝗳𝗳𝗲𝗲 နဲ့ 𝗕𝗼𝗼 𝗯𝗼𝗼 𝗖𝗼𝗳𝗳𝗲𝗲 တို့ ပါဝင်မှာပဲဖြစ်ပါတယ်။

ပွဲနေ့မှာ 𝗦𝘄𝗲𝗲𝘁𝘆 𝗛𝗼𝗺𝗲 ကနေ ပစ္စည်းတွေ ဝယ်ယူမယ်ဆိုရင် ဝယ်ယူမှုပမာဏအလိုက် 𝗖𝗼𝗳𝗳𝗲𝗲 𝘀𝗵𝗼𝗽 တွေမှာ ကူပွန်နဲ့ လဲသောက်လို့ရမယ့်အပြင် 𝗥𝗲𝗮𝗱𝗲𝗿’𝘀 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွေလည်း ရရှိနိုင်မယ့် အထူးအခွင့်အရေးတွေ ရှိနေပါတယ်နော်။

ဒါ့အပြင် ပျော်စရာ ဉာဏ်စမ်းအမေးအဖြေလေးတွေမှာ ပါဝင်ပြီး လက်ဆောင်တွေယူလို့ရသလို၊ သက်တောင့်သက်သာနဲ့ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးနိုင်ဖို့ 𝗣𝗵𝗼𝘁𝗼 𝗕𝗼𝗼𝘁𝗵 အစီအစဉ်လည်း ပါရှိပါတယ်။

မနက်ဖြန်ပိတ်ရက်မှာ ဘယ်သွားရမလဲ စဉ်းစားနေရင် စာပေနဲ့ ကော်ဖီချစ်သူတွေအားလုံး 𝗖𝗼𝗳𝗳𝗲𝗲 𝗮𝗻𝗱 𝗕𝗼𝗼𝗸 𝗙𝗮𝗶𝗿 ကိုသာ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

* ပွဲကျင်းပမည့်ရက်များ
July 18 & 19

* ပွဲကျင်းပမည့်အချိန်
9:00 AM - 4:00 PM

* ပွဲကျင်းပမည့်နေရာ
𝗦𝘄𝗲𝗲𝘁𝘆 𝗛𝗼𝗺𝗲 𝗞𝘆𝗮𝗶𝗸𝗸𝗮𝘀𝗮𝗻 𝗟𝗶𝘃𝗶𝗻𝗴 𝗠𝗮𝗹𝗹
အမှတ်(2A1/16G)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (2A1/16G), East Race Course Road , Man Aung Ward, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30