Young Insurance

Young Insurance

Share

30/04/2026

ယခုနှစ် (၂၀၂၆) ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ယန်းအာမခံ၏ မိတ်ဆွေများအားလုံး စိတ်ချမ်းမြေ့ဖွယ်ကောင်းသော ပိတ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ယန်းအာမခံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

#ယန်းအာမခံ #ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

29/04/2026

လမ်းမပေါ်မှာ ကိုယ်က ဘယ်လောက်ပဲ ဂရုစိုက်မောင်းနှင်ပါစေ... မမျှော်လင့်ထားတဲ့ အခြေအနေတွေက အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။
မိမိရဲ့ အဖိုးတန်ကားလေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် ပုံထဲကအချက်လေးတွေကို ကြိုတင်သတိပြုရအောင်ပါ။
ဒီလိုမျိုး စိတ်မချရတဲ့ လမ်းမပေါ်က အခြေအနေတွေအားလုံးအတွက် "မော်တော်ယာဉ်အာမခံ" ရှိနေရင်တော့ စိတ်ပူစရာ မလိုတော့ပါဘူး။
မတော်တဆမှုကြောင့် ဖြစ်လာမယ့် ကုန်ကျစရိတ်တွေနဲ့ အခက်အခဲတွေကို မော်တော်ယာဉ်အာမခံကနေ အကာအကွယ်ပေးသွားမှာဖြစ်တာကြောင့် ... လူကြီးမင်းတို့အနေနဲ့ “ယန်းအာမခံ”မှာ မော်တော်ယာဉ်အာမခံထားရှိပြီး လမ်းမပေါ်မှာ သင့်ကားကိုစိတ်အေးချမ်းသာစွာမောင်းနှင်လိုက်ပါ။

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
“The Best Insurance You Can Trust”
Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

Photos from Young Insurance's post 20/04/2026

ပူပြင်းလှတဲ့ နွေရာသီရဲ့ အပူရှိန်က တစ်နေ့ထက်တစ်နေ့ ပိုပြင်းလာတာကြောင့် ကားချစ်သူတွေအနေနဲ့ မိမိတို့ရဲ့ ကားလေးတွေကို ပုံမှန်ထက် ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်လာပါတယ်။

နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ မော်တော်ယာဉ်များ မတော်တဆ မီးလောင်ကျွမ်းမှု မဖြစ်ရလေအောင် ဒီအချက် (၃) ချက်ကို အထူးဂရုပြု စစ်ဆေးပေးဖို့ တိုက်တွန်းပါရစေ။

၁။ (Lighters, Power Banks, Spray Cans, Water Bottles) များသည် အပူရှိန်ကြောင့် ပေါက်ကွဲပြီး မီးလောင်ကျွမ်းနိုင်သောကြောင့ ကားအတွင်း၌ (လုံးဝ) မထားခဲ့သင့်ပါ။

၂။ ဝိုင်ယာကြိုး ပေါက်ပြဲနေပါက မီးလောင်နိုင်သောကြောင့် အင်ဂျင်နှင့် ဝိုင်ယာကြိုးများ၏ အခြေအနေကို ပုံမှန်စစ်ဆေးပါ။

၃။ပြင်းထန်တဲ့ အပူရှိန်က ရုတ်တရက် မီးထလောင်စေနိုင်တာကြောင့်ကားရပ်နားတဲ့နေရာကို ဂရုစိုက်ရွေးချယ်ပါ။

မိမိဘက်က ဘယ်လောက်ပဲ ဂရုစိုက်ပါစေ... မမျှော်လင့်ထားတဲ့ အခက်အခဲတွေအတွက် သင့်မော်တော်ယာဉ်မှာ ခိုင်မာတဲ့ အကာအကွယ်တစ်ခု ရှိနေဖို့က အရေးကြီးပါတယ်။

ဒါ့ကြောင့် အရေးပေါ်အခြေအနေတွေမှာ သင့်မော်တော်ယာဉ်အတွက် စိတ်အေးရစေဖို့ “ယန်းအာမခံ” မှာ အခုပဲ အာမခံ အကာအကွယ်ရယူလိုက်ပါ။

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
“The Best Insurance You Can Trust”
Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

12/04/2026

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ ကားလေးမောင်းပြီး ပျော်ပျော်ပါးပါး ရေပက်ခံထွက်ဖို့ ပြင်ဆင်နေပြီလား?
ပျော်ရွှင်စရာ နှစ်သစ်ကူးသင်္ကြန်ကာလမှာ မတော်တဆမှုတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရလေအောင် "အာမခံ" ဆိုတာ ဆောင်ထားသင့်တဲ့ လုံခြုံရေးဒိုင်းလွှား တစ်ခုပါ။

အာမခံဆိုတာ မတော်တဆဖြစ်မှ သတိရရမယ့်အရာမျိုး မဟုတ်ဘဲ... ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်အေးလက်အေးနဲ့ အပူအပင်ကင်းကင်း ပျော်ရွှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ့် အရာပဲဖြစ်ပါတယ်။
ယန်းအာမခံနဲ့ဆိုရင်တော့...ကားချင်းတိုက်မိတာပဲဖြစ်ဖြစ်၊ ရေကြီးတာနဲ့ တခြားမတော်တဆမှုတွေအတွက်ပဲဖြစ်ဖြစ် စိတ်ပူစရာမလိုတော့မယ့်အပြင် မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေနဲ့ကုန်ကျစရိတ်တွေကို အာမခံက အကာအကွယ်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ကတော့ ပျော်ရွှင်စရာသင်္ကြန်မှာ အမှတ်တရတွေကိုပဲ ဖန်တီးလိုက်ပါ။ယန်းအာမခံက သင့်နောက်ကွယ်မှာ ခိုင်မာတဲ့ အကာအကွယ်တစ်ခုအဖြစ် အမြဲရှိနေမှာပါ။
"အကာအကွယ်အပြည့်နဲ့ ပျော်ရွှင်စရာ အတာသင်္ကြန်ဖြစ်ပါစေ"

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
“The Best Insurance You Can Trust”
Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

09/04/2026

သင်္ကြန်ပိတ်ရက်မှာ မိသားစုနဲ့အတူဖြစ်စေ၊ သူငယ်ချင်းတွေနဲ့အတူဖြစ်စေ ပျော်ရွှင်စရာ ခရီးစဉ်လေးတွေရှိနေပြီလား ?ဒါဆိုရင်တော့... လမ်းခရီးမှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် အောက်ပါအချက် (၄) ချက်ကို မဖြစ်မနေ စစ်ဆေးသွားကြရအောင်နော်....

၁။ အင်ဂျင်ဝိုင် (Engine Oil)

ခရီးဝေးမောင်းရင် အင်ဂျင်အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့ အင်ဂျင်ဝိုင် လုံလောက်မှုရှိမရှိနဲ့ လဲလှယ်ရမယ့်အချိန် ရောက်၊ မရောက် အရင်စစ်ပါ။ အင်ဂျင်ဝိုင်မကောင်းရင် လမ်းခုလတ်မှာ အင်ဂျင်ပူလွန်းပြီး (Overheat) ဖြစ်ကာ ကားထိုးရပ်တာမျိုး ကြုံရနိုင်ပါတယ်။

၂။ တာယာ (Tyres)

နွေရာသီရဲ့ ပူပြင်းတဲ့ ကတ္တရာလမ်းပေါ်မှာ မောင်းရမှာဖြစ်လို့ တာယာကောင်းမွန်မှု ရှိ၊ မရှိနဲ့ လေပေါင်ချိန် မှန်၊ မမှန် သေချာစစ်ပါ။ လမ်းခရီးမှာ အခန့်မသင့်လို့ တာယာလဲရရင် အဆင်ပြေအောင် အပိုတာယာ (Spare Tyre) မှာလည်း လေအပြည့်ရှိနေဖို့ ဂရုစိုက်ရမှာဖြစ်ပါတယ်။

၃။ ဘက်ထရီ (Battery)

ခရီးဝေးမှာ ကားစက်နှိုးမရတာမျိုး မဖြစ်အောင် ဘက်ထရီသက်တမ်းနဲ့ ဝိုင်ယာကြိုးချိတ်ဆက်မှုတွေကို စစ်ဆေးပါ။ ဒါ့အပြင် ရေတိုင်ကီ (Radiator) ထဲမှာလည်း ရေ သို့မဟုတ် Coolant အပြည့်ရှိနေဖို့က အင်ဂျင်အေးမြနေစေဖို့အတွက် အလွန်အရေးကြီးပါတယ်။

၄။ အာမခံသက်တမ်း (Insurance Validity)

ဒါကတော့ အရေးအကြီးဆုံးပါပဲ! မတော်တဆမှုဆိုတာ ကြိုတင်ပြောလို့မရပါဘူး။ သင်္ကြန်တွင်း ကားအသွားအလာများတဲ့အချိန်မှာ မိမိကားရဲ့ အာမခံသက်တမ်း ကုန်နေမယ်ဆိုရင် စိတ်မအေးရပါဘူး။ ခရီးမထွက်ခင် အာမခံသက်တမ်းရှိမရှိ စစ်ဆေးပြီး လိုအပ်ရင် အမြန်ဆုံး သက်တမ်းတိုးထားဖို့ အကြံပြုပါရစေ။
အပေါ်ကအချက်တွေကို သေချာစစ်ဆေးပြီးပြီဆိုရင်တော့ သင်္ကြန်ခရီးစဉ်မှာ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ လျှောက်လှမ်းဖို့ သင့်မော်တော်ယာည်က အသင့်ဖြစ်နေပါပြီ။
မမျှော်လင့်ထားတဲ့ အခက်အခဲတွေအတွက် “ယန်းအာမခံ” က သင့်နောက်ကွယ်မှာ ခိုင်မာတဲ့ အကာအကွယ်တစ်ခုအဖြစ် အမြဲရှိနေမှာပါ။

“ယန်းအာမခံ ” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက "ယန်းအာမခံ" ရဲ့ Claims Hotline ဖုန်း 09-448883300, 09-448883311 တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ယန်းအာမရဲ့ Sales Hotline ဖုန်းနံပါတ်တွေဖြစ်တဲ့ 09457741280, 09-457741363, 09-880915239, 09-880915219 တို့ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
“The Best Insurance You Can Trust”
Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
✉️ Email: [email protected]
🌐 Website: www.younggeneralmm.com

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

No. 886/888, Pyay Street, 9Mile, Mayangone Tsp
Yangon
11062

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:00
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 08:00 - 17:00