Htoot May
01/06/2026
“စိမ်းလန်းသော အာရက္ခပြည် ( Green Arakkha) စီမံကိန်းအတွက် အာရက္ခပြည်သူ့လှုပ်ရှားမှု ကိုအေနိစတင်ကတ်ပါမယ်”
အာရက္ခပြည် စိမ်းလန်းသာယာဖို့အတွက်၊ နီဖို့ကောင်းရေ နီရာတခုဖြစ်ဖို့အတွက် ငါရို့အတူတူဖန်တီး တည်ဆောက်ဖို့လိုအပ်ပါရေ။ အေပြည်သူ့လှုပ်ရှားမှုအတွက် တစ်ဦးတစ်ယောက်ချင်းစီ တာဝန်ယူကတ်ပါမယ်။ ပထမအဆင့်အနီနန့် ကိုယ့်အိမ်နားမှာ ကိုယ့်ခြံထဲကိုယ့်မိသားစုက စိုက်ကတ်ပါမယ်။ ဒုတိယအဆင့်က ကိုယ့်ရပ်ရွာမှာစည်းစည်းလုံးလုံးနန့် လူငယ်တိကဦးဆောင်ပြီးကေ စိုက်ကတ်ပါမယ်။ တတိယအဆင့် ပါတီ၊ အစိုးရနန့် ဌာနဆိုင်ရာအားလုံး ပူးပေါင်းပြီးကေ စိုက်ကတ်ပါမယ်။ စိုက်ထားပြီးအပင်တိကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်ပြီးကေ ပြုစုစောင့်ရှောက်ကတ်ပါမယ်။ ကိုယ့်တိုင်းကိုယ့်ပြည်အတွက် ကရို့သည်သာ ဖန်တီးရှင်တိဖြစ်ပါရေ။
23/05/2026
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ ဗဟို အကောက်အခွန်နန့်အခွန်ဌာန၊ လောင်ပေါ် ဌာနခွဲ၏ "အာရက္ခလောင်ပေါ်အကြောင်း သိကောင်းစရာ"
09/05/2026
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် အကျဉ်းထောင်အချို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအား နှစ်ကြိမ်တိုင် ယမန်နေ့တစ်ရက်တည်းအတွင်း ပြုလုပ်
၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့
အာရက္ခပြည်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိကျေးရွာများအတွင်းသို့ ၂၀၂၆ ခုနှစ်၊ မေလ (၇) ရက်၊ နေ့လည် (၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၂) စီး၊ Y-12 (၁) စီးဖြင့် အဆိုပါနေရာများအား မိနစ် (၄၀) ခန့်ကြာသည်အထိ တရစပ်မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သကဲ့သို့ လူနေအဆောက်အအုံတချို့ ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့ သေဆုံးမှု၊ဗုံးစထိမှန်မှုတို့ရှိခဲ့သည်။
ထို့အတူ ယမန်နေ့တစ်ရက်တည်းတွင်ပင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ကျောက်တော် မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်သို့လည်း ဂျက်ဖိုက်တာ (၄) စီးဖြင့် ည (၁၀) နာရီခန့်မှ (၁၀) နာရီ (၂၅) မိနစ်အထိ ပေါင် (၅၀၀) ဗုံး ၈ လုံးဖြင့် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အပြင် (၁၀) နာရီ (၂၈) မိနစ်တွင်လည်း Y-12 ထောက်ပို့လေယာဉ် (၂) စီးမှ Cluster Boombအမျိုးအစား (၂၄) လုံးခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ၎င်းအနီးအရပ်သားပြည်သူ (၁) ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း (၁) ဦး၊ ကလေး (၁) ဦး သေဆုံးခဲ့ပြီး ပြင်းထန်နှင့်အလတ်စားဒဏ်ရာရသူ (၁၀) ဦးခန့်လည်းရှိခဲ့သည်။
ထို့အပြင် ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာမှ အရပ်သား တစ်ဦး ပိုင်ဆိုင်သော နွား (၇) ကောင်လည်း ဤဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon