Infranet
09/06/2023
သင် မ သိ သေး တဲ့ Keyboard Function Keys များ
---------
♦️ ဒီနေ့မှာတော့ ကွန်ပျုတာ အခြေခံသင်တန်းမှာပါဝင်တဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့ Function Keys များအကြောင်းကို ဝေမျှပေးထားပါတယ်။ Function Keys များသိထားမယ်ဆိုရင် ကွန်ပျုတာသုံးပြီးတော့ အလုပ်လုပ်ရာတွင် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Function Keys အများစုသည် Keyboard ၏ အပေါ်ဘက်တွင် ရှိတက်ပါတယ်။ ပုံတွင် တချက်ကြည့်ပေးပါ။ လက်တော့တွေမှာဆိုရင် Function Keys ကို ဒီအတိုင်းနှိပ်ရတာ ရှိသလို Keyboard မှာရှိတဲ့ Fn ဆိုတဲ့ Key လေးနဲကတွဲနှိပ်မှ အလုပ်လုပ်ပါတယ်။ Desktop မှာဆိုရင်တော့ ပြသာနာမရှိပါဘူး။
♦️ လေ့လာနေတဲ့ ဝါသနာတူ သူငယ်ချင်းတွေ သိသွားအောင်လည်း Share ထားလိုက်ဦးနော်။
F1
F1 သည် အဓိကတော့ ကွန်ပြုတာကို အကူအညီတောင်းတာဖြစ်ပါတယ်။ ကွန်ပြုတာနှင့် ပတ်သတ်ပြီး သိချင်တာရှိရင် မေးမြန်းနိင်ပါတယ်။ ဥပမာ Google နဲ့ဆင်ပါတယ်။ ဒါပေမယ့် Google သိလိုတဲ့ အကြောင်းအရာ အလုံးစုံကို ရှာနိင်ပေမယ့် F1 ကတော့ ကွန်ပြုတာတစ်လုံးနှင့် သတ်ဆိုင်သည်များကိုသာ ရှာဖွေနိင်ပါတယ်။ သတိထားစရာတချက်ကတော့ Windows 7 မှာဆိုရင် F1 (Help) ကို Offline အနေနဲ့ အသုံးပြုနိင်ပေမယ့် Windows 10 မှာတော့ Online အနေဖြင့်သာ အသုံးပြုနိင်ပါတယ်။ Online သာ အသုံးပြုလို့ ရတဲ့အတွက် သိချင်တာကို များများစားစားသိလို့ ရပြီးတော့ မကောင်းတဲ့အချက်ကတော့ ကွန်ပြုတာမှာ အင်တာနက် မချိပ်ဆက်ထားရင် တခုမှ မေးမြန်းနိင်မှာ မဟုတ်ပါဘူး။ ဟုတ်ပီ။ F1 ကို Help လို့ခေါ်တယ်။
F2
F2 သည် Folder သော်လည်းကောင်း၊ Icon သော်လည်းကောင်း နာမည်ပြောင်းလိုသည့်အခါတွင် သုံးပါတယ်။ ပုံမှန်အားဖြင့် Folder တစ်ခုကို နာမည်ပြောင်းတော့မယ်ဆိုရင် ၎င်း Folder ပေါ်တွင် Right Click နှိပ်ပြီး Rename ကိုရွေးရပါတယ်။ အဆင့်တွေများတာပေါ့။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရင်တော့ ၎င်း Folder ကို Select ပေး။ ပြီးရင် F2 နှိပ်လိုက်
ဒါဆိုရင် Rename ပြောင်းလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ F2 သည် Folder (or) File တစ်ခုခုကို နာမည်ပြောင်းလိုသည့်အခါတွင် အသုံးပြုပါတယ်။
F3
F3 သည် Search Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Search Box ကိုသွားချင်တယ်ဆိုရင် F3 ကိုနှိပ်ပြီးသွားနိုင်ပါတယ်။
F4
F4 သည် Address Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Address Bar ထဲကို သွားလိုသည့်အခါတွင် F4 ကိုနှိပ်ပြီးသွားနိင်ပါတယ်။
F5
F5 ကိုတော့ တော်တော်များသိမယ်ထင်ပါတယ်။ Refresh လုပ်တာဖြစ်ပါတယ်။ ကွန်ပြုတာနည်းနည်း လေးလာပြီဆိုရင် F5 မကြာခဏနှိပ်လေ့ရှိကြပါတယ်။
F6
F6 ကိုတော့ အသုံးနည်းလှပါတယ်။ မပြောရင်တော့ ရပါတယ်။ ဒါပေမယ့် အကုန်ပြောမယ်လို့ ရည်ရွယ်ထားတဲ့အတွက် ထည့်ပြောရခြင်းဖြစ်ပါတယ်။ ဒီကောင်ကို သုံးဖို့အတွက် My Computer သို့မဟုတ် Browser တစ်ခုခုကို ဖွင့်ထားရပါမယ်။ ပြီးရင်တော့ F6 ကိုနှိပ်ကြည့်ပါ။ Cursor လေးပြောင်းနေတာကို တွေ့ရပါလိ့မ်မယ်။ နှိပ်တဲ့အခါမှာလည်း ၃လေး
ချက် ၄ချက်လောက် နှိပ်ကြည့်ပါ။
F7
F7 ကိုတော့ Spelling Check လုပ်သည့်အခါတွင် သုံးပါတယ်။ Spelling Check လုပ်သည့် Feature ကတော့ Word ပါသည့်အတွက်ကြောင့် Word ကို ဖွင့်ပြီး F7 နှိပ်မှ အလုပ်လုပ်
ပါမယ်။
F8
F8 သည် Word တွင်သာ အလုပ်လုပ်တဲ့ Keys တစ်ခုဖြစ်ပါတယ်။ Word မှာ စာကြောင်းတစ်ကြောင်းကို Select ပေးလိုသည့်အခါတွင် F8 ကို ၂ချက်နှိပ်ပေးပါ။ ၃ချက်နှိပ်ရင် စာပိုဒ်တစ်ခုလုံးကို Select ပေးသွားမှာ ဖြစ်ပါတယ်။
F9
F9 သည်လည်း Refresh လုပ်တာဖြစ်ပါတယ်။ ထူးခြားတာက Word တွင်သာ အလုပ်လုပ်ပါတယ်။ လက်ရှိစာရိုက်နေတဲ့ အချိန်မှာ Word သုံးရတာလေးနေတယ်ဆိုရင် F9 နှိပ်ပြီး Refesh နှိပ်နိုင်ပါတယ်။
F10
F10 သည် Menu Bar ကိုခေါ်သည့်အခါတွင် အသုံးပြုပါတယ်။ လက်ရှိဖွင့်ထားသော Program တစ်ခုခု၏ Menu Bar ကိုခေါ်လိုသည့်အခါတွင် F10 နှိပ်ပြီးခေါ်နိင်ပါတယ်။
F11
F11 သည် လက်ရှိသုံးနေတဲ့ Browser ဖြစ်စေ၊ My Computer ဖြစ်စေ Full Screen လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။ Full Screen ကနေ ပြန်ထွက်ချင်တယ်ဆိုရင် F11 ပြန်နှိပ်ပြီး ထွက်နိင်ပါတယ်။
F12
F12 သည် Save လုပ်တာ ဖြစ်ပါတယ်။ လက်ရှိရိုက်နေတဲ့ Word / Excel / Power Point ကို Save လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။
♦️ အဆုံးထိ ဖတ်ရူ့ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအတွက်လည်း အသိသုတွေ ရရှိမယ်လို့လည်း ယုံကြည်ပါတယ်။
20/08/2020
သင်သိထားသင့်သော IPv6 အကြောင်း
--------------------------------------------
♦️ဒီစာကို ဖတ်မယ်ဆိုရင် အနည်းဆုံး IPv4 ကိုတော်တော်များများ သိထားမှ ရပါလိ့မ်မယ်။ မရသေးဘူးလို့ ယူဆရင် နည်းနည်းလောက် ပြန်လေ့လာစေချင်ပါတယ်။ ဘာ
ကြောင့်လည်းဆိုတော့ IPv4 ကို သေချာ နားလည်ထားရင် IPv6 သည် အရမ်းကြီး ခက်ခဲမှာ မဟုတ်တော့ပါဘူး။
♦️ပြောသင့်တာလည်း ပြောပြီးပြီဆိုတော့ IPv6 အကြောင်းလေးကို စလိုက်ကြရအောင်ပါ။ ကျနော်တို့ သိတဲ့အတိုင်းဘဲ Internet Protocol လို့ ခေါ်တဲ့ IP မှာ Version ၂ခု ရှိ
ပါတယ်။ IPv4 နှင့် IPv6 တို့ဘဲ ဖြစ်ပါတယ်။ စာလည်း ပြန်နွေးတဲ့ အနေနဲ့ IPv6 အကြောင်းပြောရင်းနဲ့ IPv4 လေးကို ပြောပြသွားမယ်။
♦️IPv4 မှာတုန်းက Octet (4) ခု ရှိပါတယ်။ Octet တစ်ခုချင်းစီကို Dots (.) နဲ့ ခြားနားထားပါတယ်။ Octet တစ်ခုစီမှာ 8bits ရှိပါတယ်။ Octet တစ်ခုကို 8bits၊ စုစုပေါင်း
4 Octet ဆိုတော့ IPv4 မှာ 32bits ရှိပါတယ်။ IPv4 ကို ဉပမာဖြင့် ရေးပြထားပါသည်။ E.g - 192.168.10.1
♦️IPv6 မှာ Octet (8) ခုရှိပါတယ်။ Octet တစ်ခုချင်းစီကို Colon (:) ဖြင့် ခြားနားထားပါတယ်။ Octet တစ်ခုစီမှာ 16bits ရှိပါတယ်။ Octet တစ်ခုကို 16bits၊ စုစုပေါင်း
8 Octet ဆိုတော့ IPv6 မှာ 128bits ရှိပါတယ်။ IPv6 ကို ဉပမာဖြင့် ရေးပြထားပါသည်။ E.g - 2001:0db8:85a3:0000:0000:8a2e:0370:7334
♦️IPv4 ဘဲ ဖြစ်ဖြစ် IPv6 ဘဲ ဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါမှာ Binary ဖြင့် အလုပ်လုပ်ပါတယ်။ သို့ပေမယ့် ဖော်ပြတဲ့အခါမှာတော့ IPv4 သည် Decimal ဖြင့် ဖော်ပြထားပြီး
IPv6 သည် Hexa-Decimal ဖြင့် ဖော်ြပထားပါသည်။
♦️ ဒီနေရာမှာ ကြားဖျတ် ပြောချင်တာက IPv4 ရှိရဲ့သားနဲ့ ဘာကြောင့် IPv6 ကို သုံးရတာလဲ? IPv4 ကို တစ်ကမ္ဘာလုံး ဝိုင်းသုံးလာကြတာ ကုန်လုနီးပါး ရှိနေပါပြီ။
ဒါကိုထိန်းဖို့အတွက်လည်း နည်းလမ်း အမျိုးမျိုးသုံးပြီး ကြိုးစားကြပါတယ်။ (ဉပမာ - NAT သုံးတာတို့၊ VLSM သုံးတာတို့ဘဲ ဖြစ်ပါတယ်။)
♦️နောက်ပြီးတော့ IPv4 ရဲ့ Address Space သည် 32bits ရှိတယ်။ IPv6 ၏ Address Space သည် 128bits ဆိုတော့ကား ၄ဆ လောက်ကွာတာပေါ့ဗျာ။
♦️IPv4 မှာတုန်းက Network ပိုင်းနဲ့ Host ပိုင်းရှိသလိုမျိုး IPv6 မှာလည်း ရှိပါတယ်။ သို့ပေမယ့် IPv4 မှာတုန်းကလို Class A,B,C ခွဲထားတာမျိုး မရှိတော့ပါဘူး။
ဒါဆိုရင် Network ပိုင်းနဲ့ Host ပိုင်းကို ဘယ်လိုခွဲလဲ? အထက်မှာ ပြောသလိုဘဲ IPv6 မှာ 128bits ရှိတယ်။ 128bits ကို 64bits : 64bits ဆိုပြီး ၂ပိုင်းခွဲလိုက်ပါ
တယ်။ ရှေ့က 64bits သည် Network ဖြစ်ပြီးတော့ နောက်က 64bits သည် Host ဖြစ်ပါတယ်။
♦️IPv6 ရေးတဲ့ ပုံစံလေးကို တချက် လေ့လာကြည့်ရအောင်ပါ။ 2001:0db8:85a3:0000:0000:8a2e:0370:7334 (အခုရေးပြထားတာသည် ပုံမှန်အတိုင်း၊ ဘာမှ
မပြုမပြင်ရေးပြထားတဲ့ IPv6 ပုံစံလေး ဖြစ်ပါသည်) ဟုတ်ပြီ။ ဒါကို အတိုချုပ်ပြီးတော့ ရေးပြမယ်ဆိုရင် 2001:0db8:85a3:0:0:8a2e:0370:7334 လို ရေးနိင်ပါ
တယ်။ ထပ်ပြီးတော့ အတိုချုပ်မယ်ဆိုရင် 2001:0db8:85a3::8a2e:0370:7334 လို့ ရေးနိင်ပါတယ်။ ထပ်ထပ်ပြီး အတိုချုပ်ပါမယ်ဆိုရင် 2001:db8:85a3::8a2e:370:7334
လို့ ရေးနိင်ပါတယ်။ သတိပြုရမှာက Double Colon ကို တစ်ခါဘဲ အသုံးပြုနိင်ပါတယ်။ သေချာနားလည်အောင်လို့ အောက်မှာ အစဉ်လိုက်လေး ရေးပြထားပါမယ်။
2001:0db8:85a3:0000:0000:8a2e:0370:7334
2001:0db8:85a3:0:0:8a2e:0370:7334 (0 တွေကို တစ်ခုထဲနဲ့ ပေါင်းရေးထားတယ်)
2001:0db8:85a3::8a2e:0370:7334 (0 တွေ ဖြုတ်ပြီးတော့ Double Colon နဲ့ ရေးထားတယ်)
2001:db8:85a3::8a2e:370:7334 (ရှေ့ဆုံးမှာ ရှိတဲ့ 0 တွေကို ဖြုတ်တယ်)
♦️နောက်တစ်ခု အနေနဲ့ IPv6 ၏ Address Types ကို ဆက်လက်လေ့လာပါမယ်။ Address Types (၃) မျိုး ရှိပါတယ်။ ၎င်းတို့မှာ (1) Unicast (2) Multicast (3) Anycast
တို့ဘဲ ဖြစ်ပါတယ်။
♦️Unicast ဆိုတာက One to One Communication ဖြစ်ပါတယ်။ Unicast Address ကို နောက်ထပ် (၃) မျိုး ထပ်မံ ခွဲနိင်ပါတယ်။ ၎င်းတို့မှာ (1) Global Unicast (2) Link Local
(3) Unique Local Address တို့ဘဲ ဖြစ်ပါတယ်။ (1) Global Unicast Address သည် IPv4 မှာဆိုရင် Public IP နှင့် ဆင်တူပါတယ်။ Global Unicast Address သည် (2000::/3)
နှင့် စပါတယ်။ (2) Link Local Address သည် IPv4 မှာတုန်းက APIPA နဲ့ ဆင်တူပါတယ်။ IPv4 မှာတုန်းက APIPA သည် 169.254.X.X ဖြင့် စပါတယ်။ IPv6 မှာတော့ (FE80::/10)
ဖြင့် စပါတယ်။ (3) Unique Local Address သည် IPv4 မှာတုန်းက Private IP နဲ့ ဆင်တူပါတယ်။ (FC00::/7) ဖြင့် စပါတယ်။
♦️Multicast သည် One to Group ဖြစ်ပါတယ်။ (FF00::/8) ဖြင့် စပါတယ်။
♦️Anycast သည် IPv6 မှာ အသစ်ပါလာတာ ဖြစ်ပါတယ်။ IPv4 မှာတုန်းကလို Broadcast မသုံးပါဘူး။ တနည်းအားဖြင့် Multicast နဲ့ Unicast ပေါင်းထားလို့လည်း ပြောနိင်ပါတယ်။ လက်ခံမယ့် Group တွေ အများကြီး ရှိတယ်။ ထိုအထဲကမှ Router က Route လုပ်တဲ့အခါမှာ Address တစ်ခုထဲဘဲ Route လုပ်မှာ ဖြစ်ပါတယ်။ Router က Route လုပ်တဲ့အခါ အနီးဆုံး Destination ကိုရွေးပြီး Route လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း One to Nearest လို့ ခေါ်နိင်ပါတယ်။
♦️ကဲ ဒီလောက်ဆိုရင် IPv6 အကြောင်းကို တော်တော်များများ နားလည်လောက်ပြီ ထင်ပါတယ်။ မိတ်ဆွေအနေနဲ့ Part 2 ကို ဆက်လေ့လာချင်တယ်ဆိုရင် Yes လို့ Comments မှာ ရေးပေး
သွားပါဦး။ ကျနော်လည်း နောက်ထပ်စာတွေရေးဖို့ အားရှိတာပေါ့ဗျာ။
07/08/2020
Friday Funny 😄
- Credit Photo
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Saturday | 09:00 - 20:00 |
| Sunday | 08:00 - 20:00 |