SMART HOME REAL ESTATE
05/01/2026
👉အမေးများတဲ့_Bankချိတ် ( ) အတွက် ဒီအချက်တွေ လိုပါတယ်👈
📌 ပထမဆုံး မိမိ ဝယ်ချင်တဲ့ လုံးချင်း / Condo / တိုက်ခန်းပိုင်ရှင်က ဘဏ်နဲ့ Home Loan ချိတ်ဝယ်တာကို လက်ခံ မခံ အရင်ဆုံး မေးဖို့ လိုပါတယ်
📌 အဆင့်များပြီး အချိန်ပေးရတာမို့ အိမ်ရှင်တိုင်းက ဘဏ်ချိတ်ကို လက်မခံတတ်ကြပါဘူး
ချိတ် ဆိုတာက လုံးချင်း ၊ Condo ၊ တိုက်ခန်းဝယ်ယူဖို့ မိမိဘက်မှ 30% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ 70% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုး ဖြစ်ပါတယ်။
Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာ အနည်းဆုံး ( 10 ) သိန်း နှင့်် အထက် ရှိဖို့ လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေ၏ ( 3 ) ဆ ရှိရင် ရနိုင်ပါတယ်။
ဥပမာ - 4 သိန်း ဆပ်ရတယ်ဆိုရင် ( 3 )ဆ 12 သိန်း ရှိရင်ရပါပြီ။ တစ်ယောက်ထဲ လစာမလောက်ဘူး ဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့သူနဲ့ ပေါင်းပြလို့ ရပါတယ်။
(က)။ #လူပုဂ္ဂိုလ်တစ်ဦးချင်း(သို့) #ဝန်ထမ်းတစ်ဦးချင်းအတွက်
လိုအပ်သော စာရွက်စာတမ်းများ
(1) မှတ်ပုံတင် မိတ္တူ (မူရင်းပြရန်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(5) ရပ်ကွက်ထောက်ခံစာ
(6) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(7) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ)
(သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(8) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(9) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(10) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(11) Bank Statement ( 6 ) လစာ တင်ပြရပါမည်
(ခ)။ #ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက်
လိုအပ်သောစာရွက်စာတမ်းများ
(1) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(5) ရပ်ကွက် ထောက်ခံစာ
(6) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(7) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(8) ဘဏ္ဍာရေး ရှင်းတမ်း( 3 ) နှစ်စာ (တင်ပြနိုင်လျှင်)
(9) Bank statement ( 6 ) လစာ (ရှိလျှင်)
(10) အခွန်ပြေစာ (ရှိလျှင်)
(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(1) မှတ်ပုံတင် မိတ္တူ (မူရင်းပြရမည်)
(2) Passport မိတ္တူ (ရှိလျှင်)
(3) ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
(4) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(5) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(6) စရန်ပေးစာချုပ် မိတ္တူ (မူရင်းပြရမည်)
(7) ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(8) Form VI, Form XXVI, Form E
(9) ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း
( ဘဏ်တွင် Mortgage Loan (ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာ အားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ )
(10)ဘဏ္ဍာရေး ရှင်းတမ်း(3 နှစ်စာ)(တင်ပြနိုင်လျှင်)
(11) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(12) အခွန်ပြေစာ (3 နှစ်စာ) (ရှိလျှင်)
Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?
(1) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(2) ကန်ထရိုက်၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(3) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(4) မြေရှင်ရဲ့ မိတ္တူ
(5) BCC စာရွက်
(6) ဆောက်လုပ်ခွင့်စာရွက်
(7) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(8) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(9) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
📌 အထက်ဖော်ပြပါ စာရွက်စာတမ်းအားလုံးကို မူရင်းပြပေးရပါမည်။
📌 ထိုအချက်အလက်တွေ အားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှ ဆင်းကြည့်မှာ ဖြစ်ပါတယ်။
ပြီးရင်တော့ မီးအာမခံ ဆင်းကြည့်မှာ ဖြစ်ပါတယ်။
📌 အချက်အလက်တွေ အကုန် ပြည့်စုံပြီ ဆိုရင်တော့ ဝယ်သူဘက်မှ 30% ထုတ်ပေးရမှာ ဖြစ်ပြီး bankဘက်မှ 70% ထုတ်ပေးလိုက်မှာ ဖြစ်ပါတယ်
📌 ထုတ်ပေးလိုက်တဲ့ 70% ကိုတော့ အတိုးနဲ့ နှစ်ရှည် ပြန်ဆပ်ရမှာဘဲ ဖြစ်ပါတယ်။
📌 လိုအပ်သော စာရွက်စာတမ်းများ မိမိမှာ အပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူတာမှုဆိုတာ ပိုလွယ်ကူပြီး မြန်ဆန်ပါကြောင်း ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
© Original Uploader
Credit
31/12/2025
Have a peaceful and abundant New Year's eve everyone, and I wish you all the best in the new year!💛🍀🍀🍀🍀
ဤပျော်ရွှင်စရာနှစ်သစ်အချိန် အခါ မှစ၍ ဘေးအန္တရာယ်အပေါင်း တို့မှ ကင်ဝေးပြီး စည်းစိမ်ဥစ္စာများ အဆပေါင်းများစွာတိုးတက်ကြပါစေရှင် 💚🍀
20/10/2025
Happy and prosperous Diwali for our Hindu and spiritual friends, May this Diwali brings more lights , peace and happiness to all of us 🙏
14/10/2025
- တွင် 3Bed rooms ပါ Condo အခန်းလှလှရောင်းပါမယ်| pool view and well decorated
အိမ်ခြံမြေ အချက်အလက်များ
Gems Garden Condominium ၏ ၇ လွှာတွင် တည်ရှိသော စတုရန်းပေ ၁၅၀၅ ကျယ်ဝန်းသည့် ဤအိမ်ခန်းသည် အရာအားလုံးပြည့်စုံစွာဖြင့် အဆင်သင့်နေထိုင်နိုင်ပါပြီ။
ရေကူးကန်၏ လှပသောမြင်ကွင်းကို ကြည့်ရှုခံစားနိုင်မည့် pool view ပါရှိခြင်း
Facilities
· ရေကူးကန်
· ခေတ်မီ Gym ခန်း
· ကလေးကစားကွင်း
· ကား parking 2 နေရာ စာ
· လုံခြုံသော Lift Card System (ကတ်အသုံးပြုရန်)
· BBQ / သဘာဝပတ်ဝန်းကျင်ရှိဥယျာဉ်
· ၂၄ နာရီ လုံခြုံရေး and backup electricity
ဈေးနှုန်း - ၉၉၀၀ သိန်း / ညှိနှိုင်းဆောင်ရွက်ပေးမည်။
လုံခြုံပြီး အဆင်သင့်နေထိုင်နိုင်သော ဤအိမ်ခန်းလေးကို ပိုင်ဆိုင်ရန် အခွင့်အရေးမလွတ်ပါစေနှင့်။ ကြိုတင်ချိန်းဆို၍လာရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်
Headline: Stunning 3-Bedroom Condo for Sale in Gems Garden | Pool View | Prime Location
Property Description:
Discover your perfect home in the sought-after Gems Garden Condominium! This beautiful 7th-floor unit offers a spacious 1505 sq. ft. of modern, fully-decorated living space, ready for you to move in immediately.
This condo features a smart and practical layout with two master bedrooms (each with its own private bathroom) and one single bedroom, ideal for families or those who need extra space for guests or a home office.
Wake up to a serene swimming pool view every day from your balcony. The unit is bright, airy, and comes fully furnished and decorated, saving you time and effort.
Excellent Condo Facilities:
· Swimming Pool
· Modern Gym & Fitness Center
· Children's Playground
· Dedicated Car Parking for 2 Cars
· Secure Lift Card Access System
· BBQ and Garden Area for relaxing and entertaining
· 24-Hour Security & Backup Electricity for your peace of mind
Price: Asking Price is 9,900 Lakh (Kyats) – Negotiable for serious buyers.
Don't miss this fantastic opportunity to own a well-equipped and secure condo in a great location. Contact us now to arrange a viewing!
ဆက်သွယ်ရန်
09449495345
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 20. Ground Floor, West Baho Street, Sayar San North West Ward, Bahan Township
Yangon
11201
Opening Hours
| Monday | 00:00 - 23:59 |
| Tuesday | 00:00 - 23:59 |
| Wednesday | 00:00 - 23:59 |
| Thursday | 00:00 - 23:59 |
| Friday | 00:00 - 23:59 |
| Saturday | 00:00 - 23:59 |
| Sunday | 00:00 - 23:59 |