Sanderson Myanmar

Sanderson Myanmar

Share

25/11/2021

သင့်အတွက်အခွင့်အရေး

အလုပ်ခေါ်လား? 😊 အမြဲမေးတဲ့မေးခွန်းကို ခုတော့ ပြန်ဖြေပါစေ😊

Five Fingers Company က Dana brand, CareU Solo brand, Sanderson brand ရဲ့ မူပိုင် တရားဝင်တင်သွင်းဖြန့်ချီတဲ့ Company ပါ။

Five Fingers Company နဲ့ အတူလက်တွဲဖို့အတွက် ဆေး နှင့် ဆေးပစ္စည်း company မှာ experience ရှိပြီးသောသူ 👉 ၅ ဦး
Position_ MSR _ ၅ ဦး

တစ်ခါမှ အလုပ်မလုပ်ဖူးဘူး အပင်ပန်းခံနိုင်တယ် ရိုးသားပြီးကြိုးစားမည့်သူ 👉 ၃ ဦး
Position_ Sale and delivery_ ၃ ဦး

နေရာ_ ရန်ကုန်
လိုအပ်ချက်
📢အမှန်တကယ်အလုပ်လုပ်ချင်ပြီးရိုးသားကြိုးစားသူတာလျှောက်ထားရန်။
📢 ဆေးဆိုင် များမှ sale order ကောက်
နိူင်ရမည်။
📢ဆေးဆိုင်, ဆေးခန်း များသို့ promotion ဝင်ရပါမည်။
📢 ပညာ အရည်အချင်း ကန့်သတ်ချက်မရှိပါ။
📢 သွားလာစရိတ်ကို တစ်ပတ်တစ်ခါ Company မှ ပြန်လည်ထုတ်ယူနိူင်ပါသည်။
📢 ရိုးသား ကြိုးစားမူ အထူးလိုအပ်ပါသည်။
📢 အသက် ၃၀ နှစ် အောက် အမျိုးသား, အမျိုးသ္မီးများ လျောက်ထား၍ရသည်။
📌 အမှန်တကယ် အလုပ်လိုအပ်သူသာလျောက်ပါ။ Interview ချိန်းပြီး တကယ်လာနိူင်မှလျောက်ပါ။
🎯 CV, ရဲစခန်းထောက်ခံစာ, ရပ်ကွက်ထောက်ခံစာ လိုအပ်ပါသည်။
✍️ Sunday နှင့်အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။

☎️ရုံးချိန်အတွင်းသာဆက်သွယ်ရန်
09 766 372 011
09 794 012 652

🏠 ရုံးတည်နေရာ
G 14, Chan Thar Shwe Pyi Housing, East Dagon, Yangon

⚖️ မှတ်ချက် comments မှ တစ်ယောက်စီကို reply မပြန်ပါ။ လစာ မှာ သင်၏ အရည်အချင်းတွင်မူတည်ပါသည်။

05/07/2020

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံကြရတယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်းကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ

• ဆီးသွားတိုင်း ပူပြီး နာမယ်။

• ဆီးခဏခဏ သွားချင်စိတ် ဖြစ်နေမယ်။

• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။

• ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။

• ဆီးထဲ သွေးလဲပါတတ်တယ်။

• တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။



ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ

• ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။

• ကိုယ်ပူမယ်။ ချမ်းမယ်။

• ပျို့ချင်-အန်ချင်မယ်။

• ဆီးစစ်မှ ပိုး (ပြည်-ဆဲလ်) တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။



ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ

• ကိုယ်ဝန်ဆောင်၊

• အသက်ကြီးသူ၊

• ဆီးချိုရှိသူ၊

• ကျောက်ကပ်ရောဂါရှိထားသူ၊

• ခုခံအား မကောင်းသူ။

တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။

(STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -

၁။ Chlamydia (ကလာမိုင်ဒီယား)၊

၂။ Gonorrhea (ဂနိုရီးယား)၊

၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေရှိတယ်။

• ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။

• ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။

• အစကတည်းက ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။

• ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။



ဘယ်ကနေစသလဲ

• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။

• တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။

• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။

• ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။



ဖြစ်နိုင်ခြေများသူတွေ

• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူ အမျိုးသမီးများ၊

• ရေ-အရည်သောက်နည်းသူများ၊

• ရေစိမ်ပြီး ခဏခဏချိုးသူများ။

• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊

• ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။



ရောဂါသေခြာအောင်လုပ်ခြင်း

• Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေ စစ်မယ်။

• ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။

• Dipstick test နည်းနဲ့စစ်တာမြန်တယ်။

• (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။



ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို

• ပိုအဖြစ်များတယ်။

• ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီး ပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။

• ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။



ယောက်ျားတွေ ဆီးအောင့်ခြင်း

အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။



Honeymoon Cystitis မင်္ဂလာဦး ဆီးအောင့်ခြင်း

• အဖြစ်များတယ်။

• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလိုဖြစ်စေတယ်။

• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲ ဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။

• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။



ဘယ်လိုကုမလဲ

• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။

• ရေ-အရည်များများသောက်ပါ။

• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။

• ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။



ပြန်ပြန်ဖြစ်နေရင်

၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။

၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။

၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။



ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်

• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။

• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။

• ကြီးလာတဲ့သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကိုaအာင့်ထား၊ အောင်းထားသလို ဖြစ်နေစေတယ်။



ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း

• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်း နည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။

• အသက်ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာ ဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။



ဆေးရုံလူနာ

• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။



ကလေးငယ်ငယ်လေးတွေ

• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -

• ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်။

• ဆီးအနံ့မကောင်းဖြစ်မယ်။

• အစားပျက်မယ်၊ အန်မယ်။

• အမူအယာ တမျိုးဖြစ်မယ်။

• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်း ပိုးဝင်တယ်။

• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။

• တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။

• ရေအိမ်သွားနည်း သင်ထားပေးပါ။



ဘယ်လိုကာကွယ်မလဲ

• ရေများများသောက်ပါ။

• လိင်ကိစ္စ မတိုင်ခင်နဲ့ ပြီးတိုင်းမှာ ဆီးသွားပါ။

• သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ။

• မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။

• ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်း လုပ်ပါ။

Cranberry (ခရင်ဘယ်ရီ) သီး ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။ အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။ ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲ ရှိတယ်။

. တင့်ဆွေ
MAX 100,000 plus
Fingers Company မှ Myanmar FDA အသိအမှတ်ပြု CranBerryMAX ကို တရားဝင်တင်သွင်းဖြန့်ချီပါသည်။

13/04/2019
Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


G 14, Chan Thar Shwe Pyi Housing, East Dagon
Yangon
11451