Myanmar Network
12/02/2026
🇲🇲 ပြည်ထောင်စုနေ့ ဒို့မမေ့ 🇲🇲
Union day of Myanmar
ယနေ့မှာကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို နိုင်ငံသူနိုင်ငံသားအားလုံးနှင့်အတူတကွ Myanmar Network မိသားစုမှလည်း ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင်..........
#ပြည်ထောင်စုနေ့
31/12/2025
🎊🎉✨✨✨ Happy New Year 2026 ✨✨✨🎉🎊
🙏🙏🙏 နှစ်သစ်မင်္ဂလာအခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း၊ ချစ်ခင်လေးစားရသည့် မိတ်ဆွေသင်္ဂဟများအားလုံးနှင့် ကျွန်မတို့ Myanmar Network ကို အစဉ်တစိုက်အားပေးခဲ့ကြသော မိတ်ဟောင်းမိတ်သစ် Customer များအားလုံး နှစ်သစ်ကူးချိန်ခါမှသည် တစ်နှစ်ပတ်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလားတိုးပွားကာ ဆန္ဒနှင့်ဘဝထပ်တူကျပါစေလို့ Myanmar Network မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🙏🙏
18/12/2025
ဒီနေ့မှာတော့ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Smartphone တွေမှာအသုံးပြုထားတဲ့ Battery တွေထဲက Lithium-ion Battery လေးအကြောင်းနဲ့ Battery နှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။
Smartphone တွေမှာအသုံးပြုတဲ့ Lithium-ion Battery မှာဆိုရင် လီသီယမ်-ကိုဘော့အောက်ဆိုဒ် (LiCoO₂ - LCO) ကို ကက်သရုတ်အဖြစ်အသုံးပြုပါတယ်။ သူ့ကိုအသုံးပြုရခြင်းက စွမ်းအားသိပ်သည်းမှု (Energy Density) မြင့်မားခြင်း ရဲ့အားသာချက်အပြင် သေးငယ်တဲ့ဘက်ထရီထဲမှာ အားပြည့်အောင်ထည့်နိုင်လို့ပါ။ Lithium-ion Battery တစ်ခုဟာ ပျမ်းမျှအားဖြင့် ၁၅၀၀ - ၅၀၀၀ mAh (milliampere-hour) အထိ ရှိပါတယ်။
ပုံမှန်အားဖြင့် Lithium-ion Battery တွေဟာ အပြည့်အားသွင်းအကြိမ်ရေ ၃၀၀ - ၅၀၀ ထိသွင်းပြီးပြီဆိုရင် မူလစွမ်းရည်ရဲ့ ၈၀%သို့ ကျဆင်းသွားတက်ပါတယ်။ နောက်ပြီး Lithium-ion Battery တွေက ထုတ်လုပ်ပြီး ၂ - ၃ နှစ်အတွင်း (အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) စွမ်းရည်ကျဆင်းပါတယ်။ ဒါအပြင် Lithium-ion Battery တွေဟာ လတိုင်း ၁-၂% ခန့် စွမ်းဆောင်ရည်ကျဆင်းပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းတွေမှာ အားမခံတာတွေ Battery လဲရတာတွေ လုပ်နေရတာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lithium-ion Battery တွေပိုမိုကြာရှည်ခံအောင် ဖုန်းတွေမှာ BMS (Battery Management System) နည်းပညာနဲ့ ကာကွယ်ထားပါတယ်။ BMS (Battery Management System) ဟာဆိုရင် အားသွင်းတဲ့အခါမှာ Overcharge မဖြစ်အောင် ကာကွယ်ပေးခြင်း၊ ဘက်ထရီအားအလွန်အမင်းကုန်ခမ်းသွားခြင်း (Deep Discharge) မှ ကာကွယ်ပေးခြင်း၊ ဘက်ထရီပူလွန်းလာရင် စနစ်ကို နှေးကွေးစေခြင်း (Throttling) သို့မဟုတ် ဖုန်းကို ပိတ်ချခြင်းဖြင့် ကာကွယ်ပေးခြင်း၊ ဘက်ထရီထဲက ဆဲလ်တွေတစ်ခုနဲ့တစ်ခု အားတူညီနေအောင် ထိန်းညှိပေးခြင်း၊ ဘက်ထရီ ၅၀-၇၀% အထိကို မိနစ် ၃၀-၆၀ အတွင်း အားပြန်သွင်းနိုင်သည့် Fast Charging ဖြင့် အာသွင်းနိုင်အောင်လုပ်ဆောင်ပေးခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီအရာတွေက Battery ကိုပိုမိုအသုံးခံစေပြီး သက်တမ်းလည်းပိုကြာစေပါတယ်။
ကျွန်တော်တို့တွေအနေနဲ့လည်း Battery ကို ဒီထပ်မက ကြာရှည်ခံအောင် လုပ်ဆောက်မယ်ဆိုရင် လုပ်ဆောင်လို့ရပါတယ်။ Battery တွေရဲ့အဓိကရန်သူက အပူပါ။ သင့်ဖုန်းကို နေရောင်တိုက်ရိုက်ထိတွေ့တဲ့နေရာမျိုးတွေမှာအသုံးပြုတာတွေ ၊ ထားတာတွေကို ရှောင်ကျင်ပါ။ ဖုန်းကိုအလွန့်အကျွံပူစေမည့် ကိစ္စရပ်များပြုလုပ်တာတွေရှောင်ကျင်ပါ။ Battery ကို ၂၀% အောက်ထိကျအောင်အသုံးပြုတာတွေ၊ ဖုန်းအားသွင်းတဲ့အခါတွင်လည်း ၁၀၀% အထိရောက်အောင်အားသွင်းတာမျိုး မဟုတ်ဘဲ ၈၀-၉၀% အတွင်းထိသာ အားသွင်းတာမျိုးတွေလုပ်ဆောင်ပါ။ အားသွင်းနေရင်း ဖုန်းအသုံးပြုတာတွေ ညအချိန် တစ်ညလုံး ဖုန်းအားသွင်းထားတာတွေကိုလညရှောင်ကျင်ပါ။ ဖုန်းအသုံးပြုပြီးအချိန် ဖုန်းပူနေပါက ဖုန်းကိုအေးအောင်ထားပြီးမှ အာသွင်းပါ။
ဒီအချက်တွေကိုသာ သင်လိုက်နာဆောင်ရွက်မယ်ဆိုရင် သင့်ဖုန်းရဲ့ Battery ဟာ ပုံမှန်ထပ် ပိုမိုကြာရှည်ခံမှာပဲဖြစ်ပါတယ်။
နောက်ထပ်လည်း ဗဟုသုတ ရစရာလေးတွေ ပြောပြပေးသွားအုံးမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Page လေးကို Like and Follow လေးလုပ်ပေးထားပါအုံးခင်ဗျာ။
🔹🔷🔹မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။🔹🔷🔹
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 289, (B/Kha)8 Lane, (Ka/Kha)Ward, Myo Thit Market, Insein Township
Yangon
11011
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |