Ascent Vision
26/02/2020
နေပြည်တော်က ကွန်ဖရင့်ဟောတခုမှာ မကြာခင် တပ်ဆင်မယ့် ဗီဒီယိုစနစ်တခုရဲ့ အစိတ်အပိုင်းတချို့။
ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆစ်ဂနယ်အငြိမ်ဆုံး ဈေးလည်းအကြီးဆုံး video matrix switcher တွေထဲက တခုဖြစ်တဲ့ ယူအက်စ်ဘရန်း Extron matrix switcher ကိုသုံးထားတဲ့ စနစ်။
Switcher အပါအဝင် ကျန်တဲ့ projector, audio DSP, conference system တွေအားလုံးကို ထိန်းမယ့် controller နဲ့ touch screen control panel တွေကိုလည်း Extron ကိုပဲ သုံးထားတဲ့ Audio, Video and Control System.
04/10/2019
HDBaseT ဆိုတာ ဘာလဲ။
HDBaseT ဆိုတာ resolution မြင့်တဲ့ ဗီဒီယိုဆစ်နယ်တွေကို အကွာအဝေး အဝေးတနေရာကို ပို့တဲ့အခါမှာသုံးတဲ့
Interface တခုလို့ပဲ အလွယ်ပြောရပါလိမ့်မယ်။ ပုံမှန်သုံးနေကြ HDMI ကြိုးတွေက မီတာ ၁၅ - ၂၀ ထက်ကျော်ရင် ဆစ်ဂနယ်က သိပ်ပြီးမငြိမ်ချင်တော့ဘူး။ ဒါကြောင့်မို့ အဲဒီလို high definition video signal တွေကို ကုန်ကျစရိတ်သိပ်မများပဲ ရှုပ်ထွေးတဲ့ စက်တွေမလိုအပ်ပဲ အဝေးကို ဘယ်လိုပို့မလဲလို့ တီထွင်ကြံဆရာကနေ HDBaseT ဆိုတဲ့ ယနေ့ဆိုရင် တကမ္ဘာလုံး အသုံးပြုနေကြတဲ့ standard တခုကို သုံးစွဲလာကြတာ အခုချိန်ဆိုရင် ဆယ်စုနှစ်တခုနီးပါးရှိလာပါပြီ။
HDBaseT အလုပ်လုပ်ပုံက ဗီဒီယို ဆစ်ဂနယ်တခုခု (HDMI, VGA, DVI စသဖြင့်) ကို HDBaseT interface ကိုပြောင်းပြီး Cat 5/Cat 6 ဆိုတဲ့ ethernet cable နဲ့ လိုတဲ့နေရာကိုပို့လိုက်တာပဲ။ လိုတဲ့နေရာရောက်မှ အဲဒါကို ဗီဒီယိုဆစ်ဂနယ်အဖြစ် ပြန်ပြောင်းလိုက်တာပဲ။ များသောအားဖြင့်တော့ ပုံထဲမှာလို Transmitter နဲ့ HDBaseT ကိုပြောင်းပြီး လိုတဲ့နေရာရောက်မှ Receiver နဲ့ ဗီဒီယိုဆစ်ဂနယ်ကို ပြန်ပြောင်းတာ များပါတယ်။ တချို့စက်တွေကျတော့ HDBaseT ကိုတန်းပြီးလက်ခံနိုင်တော့ Receiver နဲ့ပြန်ပြောင်းစရာ မလိုတော့ပဲ HDBaseT signal ကိုပဲ စက်ထဲတန်းထည့်လိုက်ရုံပဲ။
အဲဒီလို Cat 5/Cat 6 cable နဲ့ ပို့တဲ့အခါမှာလည်း မီတာ ၁၀၀ အထိပဲ အများဆုံးပို့နိုင်ပါတယ်။ မီတာအနည်းအများကတော့ သုံးတဲ့ ကြိုးအရည်အသွေး၊ ပို့မယ့် video resolution၊ သုံးတဲ့ Transmitter, Receiver အရည်အသွေးတွေပေါ် မူတည်ပြီး ကွာပါအုံးမယ်။ လက်ရှိအချိန်မှာတော့ Cat 6 ကြိုးနဲ့ဆိုရင် အများဆုံး မီတာ ၁၀၀ အထိပဲ အာမခံထားပြီး 4k resolution အထိတော့ ရနေပါပြီ။
ဒါဆိုရင် မီတာ ၁၀၀ ထက်ပိုဝေးတဲ့ နေရာတွေဆီ ပို့ချင်ရင် ဘယ်လိုပို့မလဲ။ Cat 5/Cat 6 cable အစား Fiber cable နဲ့သုံးရင် မိုင်နဲ့ချီဝေးတဲ့ နေရာတွေအထိ ပို့လို့ရပါတယ်။ တကယ့်တကယ်တော့ HDBaseT interface နဲ့ ဗီဒီယိုဆစ်ဂနယ် တခုတည်းကို Cat cable/Fiber cable ကသယ်နိုင်တာ မဟုတ်ပါဘူး။ သယ်နိုင်တဲ့ ဆစ်ဂနယ် တွေကတော့ အတိုကောက် 5Play လို့ခေါ်ပါတယ်။ 5Play ဆိုတာ audio & video, USB, Ethernet, control (serial command, IR) နဲ့ power တို့ပါ။ အဲဒီ ဆစ်ဒနယ်တွေ အားလုံးကို Cat 5/Cat 6/fiber ကြိုးတချောင်းထဲကနေ သယ်သွားနိုင်တဲ့အတွက် ကြီးမားပြီး ရှုပ်ထွေးတဲ့ စနစ်တွေမှာတော့ ကြိုးအများအပြား သွယ်တန်းရတဲ့ ဒုက္ခက အနည်းငယ် သက်သာသွားစေနိုင်ပါတယ်။
HDBaseT က Cat 5/Cat 6 network ကြိုးတွေကနေ သွားတာဆိုတော့ IP packet တွေနဲ့ အလုပ်လုပ်တာလား မေးရင်တော့ နိုးပါ။ သူ့မှာ သူ့ကိုယ်ပိုင် T-packets လို့ခေါ်တဲ့ packetization protocol တမျိုးနဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ သူက Cat 5/Cat 6 ကြိုးတွေကနေ power ကိုလည်း ပို့နိုင်တာဆိုတော့ သူ့အလုပ်လုပ်ပုံက PoE (Power over Ethernet) နဲ့ အလားသဏ္ဌန်တူပါတယ်။ PoH (Power of HDBaseT) ဆိုပြီးခေါ်ပါတယ်။
HDMI ကနေ HDBaseT ပြောင်းတဲ့စက်ကို HDMI Extender လို့ ခေါ်နိုင်ပြီး VGA ကနေ HDBaseT ပြောင်းတဲ့စက်ကိုတော့ VGA Extender လို့ ခေါ်လို့ရပါတယ်။ အောက်မှာ HDMI extender နမူနာပုံလေး တင်ထားပေးပါတယ်။ Extender တွေအပြင် တခြား HDBaseT device တွေရောရှိလားဆိုရင် အများကြီးပါပဲ။ HDBaseT matrix switchers, projectors, TV displays, AV receivers စသဖြင့် အများကြီးပါပဲ။ မြန်မာပြည်မှာတော့ တော်တော်တွေ့ရနည်းပါသေးတယ်။ နိုင်ငံတိုးတက်လာတဲ့ တနေ့မှာတော့ အသုံးများလာနိုင်ပါရဲ့။ ဒါမှမဟုတ် ဒီထက်ပိုကောင်းတဲ့ transmission technology ထပ်ပေါ်လာမလား စောင့်ကြည့်ရမှာပါပဲ။
Photo Ref: HDBaseT and Kramer
ပရိုဂျက်တာ နည်းပညာ အမျိုးမျိုး အကြောင်းကို နောက်ပို့စ်တွေမှာ ထပ်တင်ပေးသွားပါအုံးမယ်။
23/09/2019
Cheers! Guys.
The project’s handed over!
------------------------------------------
Your Trusted AV system Integrator,
Ascent Vision Co., Ltd.
☎️ 09 799181995, 09 796812919, 09 798246901
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 127/2, Sayarsan N/W Ward, U Chit Maung Road, Bahan
Yangon
11201