Saw Yu Moe

Saw Yu Moe

Share

07/01/2026

စက္ကူပန်းကို ကြည့်လိုက်ရင် ပန်းပေါ့...
ဒါပေမဲ့အနီးကပ်ကြည့်တဲ့အခါ
သူ့ဝတ်ဆံကိုက ပန်းလေးတွေအတိုင်းပဲ။

တချို့အရာတွေ ရုတ်တရက်ကြည့်ရင် လှပနေတယ်
သေချာကြည့်တော့ အနာအဆာတွေနဲ့။
တချို့အရာတွေ အဝေးကလှနေပေမဲ့
အနီးကပ်ကြည့်တော့မှ ထင်သလို/သလောက် မလှနေဘူး

တချို့ရဲ့ လှပတဲ့ကောင်းကွက်ကလည်း
ခဏတာကြုံချိန်မှာမသိရဘူး
အနီးကပ်ပေါင်းကြည့်တော့မှ သိလာတာရှိတယ်။

ဒါကြောင့် သင်ဘာကိုအာရုံစိုက်မလဲ
ကောင်းကွက်လား ဆိုးကွက်လား
ခဏတာအပေါ်ယံပတ်သက်မှုလား
တစ်သက်တာအတွင်းကျကျရင်းနှီးမှုလား

သေချာတာတော့ အလှအပဟာ
ကြည့်ရှုသူရဲ့အမြင်အပေါ် မူတည်သလို
ပတ်သက်မှုတိုင်းမှာလည်း အဆိုးအကောင်းရှိတာပဲ။
*စောယုမိုး (၇.၁.၂၆)

When you focus on the good, the good gets better. So, stop focusing on how stressed you are and remember how bless you are.

06/01/2026

အားလုံးပေါင်းထုတ်တဲ့ကဗျာစာအုပ်ကလွဲရင် စာရွက်ပေါ် ပုံနှိပ်ခွင့်ရတဲ့ တတိယစာမူပေါ့။ ကဗျာအနေနဲ့ဆို ဒုတိယမြောက်ပါ။ လိုအပ်ချက်တွေရှိသေးသလို အချိန်ပေးမပြုစုဖြစ်တဲ့ဝါသနာမို့ လစဉ်ထုတ်တွေဆီလုံးဝမပို့ဖြစ်သေးဘူး။ ပို့ဖြစ်သလောက်က ပါလာတာတော့ ကျေးဇူးတော်ပေါ့😇

05/01/2026

လုပ်ဆောင်မှုတိုင်းမှာ စေတနာပါရင် အရာရာက လှပနေလိမ့်မယ်။ စေတနာပါတဲ့အရာကို လူတွေခံစားလို့ရတယ်။ အပြုံးမှာတောင် (စိတ်ရင်း)စေတနာပါဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် တဖက်သားက သင်ဟန်ဆောင်နေတယ်ဆိုတာကို ရိပ်မိတတ်တယ်။
*(Rev.) David Kim, "Hillsong ရောက်မြန်မာတစ်ယောက်" မှ ကောက်နုတ်ချက်

02/01/2026

01/01/2026

Happy New Year to you all!
2025 ကနာကျင်မှုတွေကိုချန်ခဲ့နိုင်ရင်တောင် သင်ခန်းစာတွေကိုတော့ 2026 ဆီခေါ်သွားကြရအောင်။

31/12/2025

ဒီနှစ်ရဲ့ နောက်ဆုံးပိုစ့်ကို Movie Review ဖြစ်ဖို့ဆုံးဖြတ်လိုက်တာက Nobody ဆိုတဲ့ခေါင်းစဉ်လေးကြောင့်ရော၊ ဒီကားက ပေးတဲ့ရသ၊ အတွေး၊ ခံစားချက်နဲ့ ဇာတ်အိမ်တစ်ခုလုံးကအတော်ကောင်းနေလို့ပဲ။ ဒီနှစ်ရဲ့ ရုံဝင်ငွေအများဆုံးရော လူကြိုက်အများဆုံးရောဖြစ်သလို SS တွေအတော်လုပ်ကြတဲ့ကားပဲ။ ပေါက်ဆိုလူတော်တော်များများနဲ့ ကိုက်ညီတာကိုး။ ဘဝမှာအဆင်မပြေတာရှိတောင် မိဘစိတ်ချမ်းသာအောင်ပြောလိုက်တဲ့အခန်းလေးဆို အိမ်နဲ့အဝေးမှာကြိုးစား‌နေရတဲ့အရွယ်ရောက်သူတော်တော်များများနားလည်နိုင်မဲ့အခန်းလေးပဲ။ သူငယ်ချင်းဆက်ဆံရေးဆိုလည်း ဇာတ်ဝင်ခန်းအများစုက ကြုံဖူးကြတဲ့ ဒိုင်ယာလော့ခ်တွေပဲ။ ကြိုက်တဲ့ဒိုင်ယာလော့ခ် တွေများလွန်းလို့ တစ်ခုမှကိုတွဲမတင်တော့ပါဘူး 😁။

ဒီကားကို ဘာလို့ရွေးလဲဆို‌တော့ ဒီတစ်နှစ်လုံးမှာရင်ကိုအထိဆုံးကားဖြစ်သလို အကြိုက်ဆုံးကတော့ Nobody ဆို‌တဲ့ ဘာမှမဟုတ်သူ တနည်း သာမာန်လူ အနေနဲ့ လောကကြီးထဲ အများနည်းတူ ကြီးမြတ်သူဖြစ်ဖို့၊ အသိအမှတ်ပြုဂုဏ်ပြုခံရဖို့ဆန္ဒတွေရှိနေပေမဲ့လည်း အဲ့ဒါတွေထက်ကို ကိုယ့်အတွင်းစိတ်ကပြောတဲ့၊ မှန်တယ်ထင်တဲ့အရာအတွက် ကိုယ့်မှာအနစ်နာခံစတေးရမယ်ဆိုရင်တောင် ရွေးချယ်လုပ်ရဲခြင်းကမှ ရှင်သန်ခြင်းအစစ်လို့ နားလည်လိုက်ရလို့ပဲ။

သူငယ်ချင်းတို့လည်း ဒီတစ်နှစ်လုံးမှာကြီးမားတဲ့ပန်းတိုင်တွေထားခဲ့ပြီး မအောင်မြင်ခဲ့တဲ့သာမာန်လူပဲဖြစ်နေပါစေ။ နောင်တမရမှာ သေချာတဲ့ဆုံးဖြတ်ချက်တွေအတွက် အကောင်းဆုံးကြိုးစားခဲ့တယ်မလား ဒါဆိုရပါပြီ။ လူအများကြီးက အသိအမှတ်ပြုဖို့ထက် သင့်အနီးစပ်ဆုံးပတ်ဝန်းကျင်ကလူတွေအတွက် နောက်ဆုံးသင့်ကိုယ်တိုင်အတွက် ကြိုးစားပြီး နေ့တိုင်း ရှင်သန်နေတာနဲ့တင် လုံလောက်ပါပြီ။☺️

နောက်ဆုံးပြောချင်တာကတော့ "၂၀၂၅ တစ်နှစ်လုံးမှာ ပင်ပန်းခဲ့ပြီနော်။ ဒါမဲ့ မင်းလုပ်နိုင်ခဲ့ပြီ။ Good job, dear!"

Photo Crd Trafalgar

31/12/2025

Good morning, Dear!
The last sunrise of 2025🌇🌄

ရန်ကုန်မြို့ပြတိုက်ခန်းပေါ်က ၂၀၂၅ ရဲ့
နောက်ဆုံးနေထွက်ချိန်လေးကို ရှုစားခြင်းပေါ့

တကယ်တော့ခါတိုင်းလိုသာမာန်ရက်လေးတစ်ရက်ပါပဲ
နောက်ဆုံးဆိုတဲ့အတွေးက အမြင်ကိုပြောင်းလဲဆန်းသစ်
သွားစေနိုင်ရုံပါ

‼️ Copyright Disclaimer
No copyright infringement intended. I do not own this music. All rights reserved goes to its rightful owner. Use only for the entertainment purpose only under the principal of Fair Use.

30/12/2025

ပန်းနားမှာ လိပ်ပြာဝဲပျံသလို
မင်းအပါးမှာ ချမ်းသာစွဲကျန်‌စေလို
ကျန်းမာဖို့နဲ့ ကြည်သာငြိမ်းအေးဖို့ တို့အတူကြိုးစားစို့
*စောယုမိုး

29/12/2025

ဒီနေ့တစ်ရက်တာလုံးကို ရေလိုကြည်လင်အေးမြတဲ့စိတ်လေးနဲ့ဖြတ်သန်းနိုင်ပါစေနော် ✌🏻🙏🏻❤️

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon