Sophi Collections
28/01/2022
နှစ်တွေကြာညောင်းလေ ပိုတန်ဖိုးတက်လာလေဖြစ်တဲ့ Gucci Jackie Bag
ဘယ်လို designer It bag တွေ ဘယ်လိုပဲပေါ်လာလာ အချိန်တစ်ခုရောက်ရင်တော့ နာမည်ကြီးလိုက် ပျောက်သွားလိုက်နဲ့ တကျော့ပြန်လည်နေတာ ပုံမှန်ပါပဲ…ဒါပေမဲ့ စပေါ်တဲ့အချိန်ကစပြီး အခုချိန်ထိ အချိန်ကြာလာလေ ပိုပြီး တန်ဖိုးတက်လာသလို နာမည်မကျသွားတာကတော့ Gucci Jackie Bag ပါပဲ
Gucci Jackie Bag ကို ၁၉၅၀ ကာလမှာ ဒီဇိုင်းထွင်ခဲ့တာဖြစ်ပြီး Gucci Jackie Bag ရဲ့ မူရင်းနာမည်ကတော့ Fifties Constance ပါ…သမ္မတကတော် Jackie Kennedy က ၁၉၇၀ ကာလမှာ paparazzi တွေရန်ကနေကာဖို့ ဒီအိတ်ထဲက အိတ်တစ်ခုနဲ့ ကိုယ့်ကိုယ်ကိုကာခဲ့ရာကနေ နာမည်ကြီးလာခဲ့ပါတယ်…အဲ့နောက်ပိုင်းမှာ Jackie bag ဆိုပြီး လူအများခေါ်လာရာကနေ Gucci Jackie Bag ဆိုပြီး အမည်တွင်လာခဲ့ပါတယ်
Gucci Jackie Bag ကို classic color, pastel color နဲ့ printed design တွေထိ နှစ်တွေပြောင်းလဲလာတာနဲ့အညီ design အမျိုးမျိုးနဲ့ထွက်ရှိထားသလို size ဆိုရင်လည်း medium ကနေ mini ထိ ထွက်ရှိထားပြီးပါပြီ
Gucci Jackie Bag ဟာ fashionista တို့အတွက် မရှိမဖြစ်ရှိထားသင့်တဲ့အိတ်လို့ပြောရင် မှားမယ်မထင်ပါဘူး…Iconic ဖြစ်တဲ့ Gucci Jackie Bag အကြောင်း share လုပ်ရင်း ထွက်ရှိဖူးထားသမျှ Gucci Jackie Bag တွေထဲကတချို့ရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
24/01/2022
Louis Vuitton White Mini Speedy Murakami Multicolor Top Handle Bag
ဒီအိတ်လေးက Louis Vuitton နဲ့ ဂျပန်ဒီဇိုင်နာ Takashi Murakami နဲ့ ပေါင်းပြီး 2003 Spring/Summer Collection မှာ ထုတ်ခဲ့တဲ့ Monogram Multicolor collection ထဲကပါ...ဒီ collection မှာ နောက်ခံ အဖြူ နဲ့ အမည်းပေါ်မှာမှ LV monogram ကို အရောင်စုံစုံလင်လင်နဲ့ သုံးခဲ့ပြီး ပုံမှန်သုံးနေကျ အညိုရောင် LV monogram တွေနဲ့ ကွဲထွက်စေခဲ့ပါတယ်
ဒီ collection စစထွက်ပြီးတဲ့နောက်မှာ အတော်ကိုလူကြိုက်များရေပန်းစားခဲ့ပါတယ်...ဒါပေမဲ့ ၂၀၀၉ ကနေ ၂၀၁၅ လောက်မှာတော့ ဖက်ရှင်ရေစီးကြောင်းတွေပြောင်းလာပြီး minimalist တွေခေတ်စားလာတော့ logo မပါဘဲ ရိုးရိုးရှင်းရှင်း ဖြစ်တဲ့ ဒီဇိုင်းတွေက ပိုပြီး လူကြိုက်များလာခဲ့ပါတယ်...အဲ့ဒါနဲ့ပဲ ၂၀၁၅ မှာ ဒီ Monogram Multicolor line ကို LV က ဆက်မထုတ်တော့ပဲ ရပ်ခဲ့ပါတယ်
ဒါပေမဲ့ ဒီနှစ်ပိုင်းအတွင်းမှာ Monogram Multicolor ဒီဇိုင်းတွေက တခေတ်ပြန်ပြီးခေတ်စားလာပြီး ပြန်လည်ရောင်းချမှုတွေ တိုးလာပါတယ်...ဒီလို ပြန်ခေတ်စားလာတဲ့အကြောင်းအရင်းထဲမှာ Kim Kardashian နဲ့ Kylie Jenner တို့က အဓိကပါဝင်နေပါတယ်
အထူးသဖြင့် အခု Louis Vuitton Mini Speedy Murakami Top Handle Bag တွေက အရမ်းကို ရေပန်းစားခဲ့တာပါ... Kim က ၂၀၁၈ ခုနှစ်လောက်တုန်းက သူ့ညီမတွေနဲ့ တူမတွေကို Speedy HL — the mini top-handle style အနက်ရောင်ကို လက်ဆောင်ပေးခဲ့ပြီးတော့ Kylie Jenner ကလည်း ၂၀၂၀ တုန်းက အခု အဖြူရောင် Louis Vuitton White Mini Speedy Murakami Multicolor Top Handle Bag လေးကို သူ့သမီးလေး Stormi ကို လက်ဆောင်ပေးခဲ့ပါတယ်
အဲ့ဒီနောက်မှာ ပြန်ရောင်းချတဲ့ဈေးကွက်ထဲ ဒီအိတ်လေးက အရမ်းကို အောင်မြင်လာပြီး 2017 တုန်းက $370 ပဲ ရှိခဲ့ရာကနေ $2000 ထိကို 400% လောက်ကို တိုးသွားတာပါ
Sophie Boutique မှာ အခု Louis Vuitton White Mini Speedy Murakami Multicolor Top Handle Bag လေးကို $1,150 နဲ့ ဝယ်ယူနိုင်မှာပါ
အရေအတွက်က limited ဖြစ်လို့ ဝယ်မယ်ဆို အမြန်လေး chat box မှာ hello လုပ်လိုက်တော့နော်
For the Sophisticated Women 💯
18/01/2022
2022 Pantone Color Very Peri အရောင်နဲ့အိတ်တွေကို ဝယ်ပြီးကြပြီလား???
Hello…ဒီနှစ်ရဲ့ Pantone color ဖြစ်တဲ့ Very Peri အရောင်လေးက တအားလှတယ်နော်…ဒီ Very Peri color လေးက အရင်နှစ်တွေကလို ရှိပြီးသားအရောင်ထဲက ရွေးထားတာမဟုတ်ပဲ Pantone ရဲ့ထူးထူးခြားခြား အရောင်သစ်ကိုရွေးခဲ့တာလည်းဖြစ်ပါတယ်
Fashion trend ကိုလိုက်ချင်တဲ့ချစ်လေးတို့အနေနဲ့ Very Peri အရောင်နဲ့ဆင်တဲ့အိတ်လေးတွေရော ဝယ်စုနေပြီလား? ဝယ်ဖို့စိတ်ကူးရှိတယ် ဘာဝယ်ရမှန်းမသိသေးဘူးဆိုတဲ့သဲလေးတို့အတွက် မင်မင်က သဲလေးတို့အကြိုက်နဲ့ကွက်တိဖြစ်နေမယ့် အိတ်လေးတွေကို ရှာပေးထားတယ်နော်…ကဲ မင်မင်နဲ့တူတူ ဘယ် brand ကအိတ်လေးတွေလည်းဆိုတာ ပုံလေးတွေတချက်ကြည့်လိုက်ကြရအောင်
13/01/2022
တစ်နေ့က Chanel အကြောင်းတင်လိုက်တော့ Sophi Boutique မှာဝယ်လို့ရမယ့် Chanel အိတ်လေးတွေလည်း တင်ပေးချင်ပါသေးတယ်
ဒီတစ်ခါမိတ်ဆက်ပေးမယ့်အိတ်လေးကတော့ Chanel 19 ပါ…Chanel 19 ဆိုတာက “Chanel 19 for 2019” ကို ရည်ညွှန်းပြီးတော့ ၂၀၁၉ ခုနှစ် Fall-Winter Collection မှာ မိတ်ဆက်ခဲ့ပါတယ်…Karl Lagerfeld နဲ့ Virginie Viard တို့က create လုပ်ခဲ့တာပါ
ဒီအိတ်လေးက 1955 Feb မှာ ထုတ်ခဲ့တဲ့ Chanel 2.55 အိတ်ကို tribute လုပ်တဲ့အနေနဲ့ထုတ်ခဲ့တာပါ
Chanel 19 မှာ အိတ်ရဲ့ top flap အပေါ်မှာ Chain ကြိုးလေးထည့်ပေးထားတော့ လက်ကိုင်အိတ်လိုလည်း ကိုင်ရတာအဆင်ပြေတော့ style အမျိုးမျိုးနဲ့ ကိုင်လို့ရတာပေါ့
နောက်ပြီး Chanel 19 ကို oversized clutch အနေနဲ့လည်း style လုပ်လို့ရသလို casual wear အနေနဲ့ ကြိုးအရှည်ကို ဘေးတစောင်းလွယ်မယ်ဆိုလည်း ကြည့်ကောင်းနေပြန်ရော
ဒီ Chanel 19 အိတ်လေးကို အခု Sophi Boutique မှာ pre-order မှာပြီး ဝယ်လို့ရနေပြီနော် သဲလေးတို့
Pre-Order Now.
Waiting time 2-3 weeks.
အသေးစိတ်ကို Messenger မှာမေးလို့ရပါတယ်နော် 💗
For the Sophisticated Women 💯
11/01/2022
တစ်နှစ်ကို တစ်အိတ်နှုန်းပဲဝယ်လို့ရတော့မယ့် Chanel အိတ်များ
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေစပြီးတော့ Chanel က policy တစ်ခုသတ်မှတ်လိုက်ပါတယ်…အဲ့ဒါကတော့ Chanel အိတ်တွေထဲက နာမည်ကြီးပြီးလူကြိုက်များတဲ့အိတ်တွေဖြစ်တဲ့ “Classic Flap Bag” နဲ့ “Coco Handle” အိတ်တွေကို တစ်နှစ်မှာ customer တစ်ယောက်ကို တစ်အိတ်နှုန်းနဲ့ပဲ ရောင်းချပေးသွားတော့မယ့် အကြောင်းပါပဲ
နောက်ပြီး Chanel က သူ့ရဲ့ small leather goods တွေနဲ့ပတ်သက်ပြီးတော့လည်း policy တွေသတ်မှတ်ခဲ့ပါသေးတယ်…အဲ့ဒါကတော့ customer တွေအနေနဲ့ တစ်နှစ်ကို style တူတာထဲက ၂ ခုထက်ပိုပြီး ဝယ်လို့ရတော့မှာမဟုတ်ပါဘူး
ဒီလို policy တွေပြောင်းလဲလိုက်တာက Chanel ကို ပိုပြီး exclusive ဖြစ်သွားစေတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
East Race Course Road
Yangon