Toemyit Books /Publishing

Toemyit Books /Publishing

Share

04/01/2024

လေပမာလျှင်၊ အာကာခွင်၌
ငါလျှင်လွတ်လပ် လှည့်လည်ပတ်အံ့။

မင်းသုဝဏ်၏
'လွတ်လပ်ရေးတေးသံ’ကဗျာမှ-
၁၉၃၅ တွင် ရေးဖွဲ့သည်။

၄ ဇန်နဝါရီ ၂၀၂၄

31/12/2023

တိုးမြစ်ရဲ့ စာဖတ်မိတ်ဆွေများ အားလုံး—
နှစ်သစ်မှာ ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့်
စိတ်သစ် ဉာဏ်သစ်ဖြင့် 'လွတ်လပ်နှစ်သစ်’
ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါ၏။

—တိုးမြစ်စာအုပ်တိုက် ဝိုင်းတော်သားများ
၁ ဇန်နဝါရီ ၂၀၂၄ ခုနှစ်။

21/11/2023

ရန်ကုန်နဲ့ နယ်မြို့တွေက စာအုပ်ဆိုင်များဆီ
‘မင်းဒုက္ခနဲ့မင်း’ စာအုပ်ကို ဒီနေ့ စတင် ဖြန့်ချိပါပြီ။

အိမ်အရောက်ပို့စနစ်နဲ့ မှာထားတဲ့မိတ်ဆွေများထံလည်း
မနေ့က စလို့ ပို့ထားပြီမို့ ဒီနေ့/မနက်ဖြန် ရောက်မှာပါ ။
တိုက်မှာ လာယူမယ့်သူများလည်း လာယူလို့ရပါပြီ ။

“မူလအင်္ဂလိပ်စာဆိုဟာ မြန်မာ့ဓလေ့ကို အများကြီးသိတယ်။
ပြောနိုင်တယ်။ ဒါပေမဲ့ မြန်မာဘာသာပြန်ကြည့်တဲ့အခါ
မလွယ်ဘူး။ စောစောကပြောသလို အကူအညီ ရလိုရငြား
ပညာရှင်တဦးဆီ သွားခဲ့တယ်။ မင်းဒုက္ခနဲ့မင်း လို့ပြောပြီး
ဆက်လက် စကားပြောလက်မခံပါ။ ဒါကြောင့် ကျနော်
ဘာသာပြန်တာကို မှန်ကန်ပြည့်စုံတယ် မထင်ပါနဲ့”
— ဒေါက်တာသန်းထွန်း

admin

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon