United Logistics

United Logistics

Share

10/06/2025

အချိန်မရလို့ မြန်မြန်သယ်ပြီး မြန်မြန်ရချင်တဲ့
လူကြီးမင်းတို့အတွက် United Logistics မှာ လေကြောင်းပို့ဆောင်ရေး ရနေပြီနော် ✈️✈️

တရုတ်-မြန်မာ ပို့မလား သယ်မလား
📌ပစ္စည်းရောက်ဖို့ ကြာလွန်းလို့ စိတ်မရှည်တော့ဘူးလား ?
📌အရေးကြီးတဲ့ ပစ္စည်းတွေမို့မြန်လေကောင်းလေပဲလား ?

United ရဲ့ အားသာချက်တွေကတော့ -

✅ပစ္စည်းရောက်ရှိချိန် တိကျမှု
✅ဈေးနှုန်းမှန်ကန်သင့်တင့်တဲ့ Cargo Service
✅အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်တဲ့ အကောင်းဆုံးဝန်ဆောင်မှု
✅အထိအခိုက်အပျက်အစီးမရှိ၊ အာမခံမှုရှိတဲ့ ပို့ဆောင်သယ်ယူမှု

⏰ကြာချိန် 5-7ရက် အတွင်း

အမြန်လေလမ်းမှ ပို့ဆောင်ချင်သူတွေအတွက်
🏷️Logistics နှုန်းထားတွေကတော့-

1-5kg အထိ: ကွမ်ကျိုး- ရန်ကုန် -350 ယွမ်
+ ထပ်တိုး 1kg 50ယွမ်📦📦

▪️ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက-
☎️ : 09 792 992 150 (viber)

16/09/2024

သင်က Online Shop လုပ်ငန်းရှင်ဆိုရင်
Logistics Service တွေကနေ ကိုယ့်လက်ထဲ ပစ္စည်းရောက်လာဖို့ ဘယ်လိုတွေ ဖြတ်လာရလဲဆိုတာ သိထားသင့်တယ်မလား❓

Online Shopping လုပ်နေချိန် ကုန်ပစ္စည်းတွေ ဘယ်လိုသယ်ရမလဲမသိ ဖြစ်နေပြီး Logistics Process တွေလည်း ဘာမှမသိဘူးဆိုရင် ဒီအချက်တွေက သင့်အတွက် တစ်နည်းတစ်ဖုံအသုံးဝင်မှာမို့ သတိထားလို့ရအောင် အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်ပါ 👇🏻

✅ အရင်ဆုံး ကိုယ်လိုချင်တဲ့ပစ္စည်းတွေသယ်ဖို့ အကောင်းဆုံးလမ်းကြောင်းတွေနဲ့ ရောက်မယ့် schedule time ကို ဆုံးဖြတ်ရပါတယ်။

✅ ပြီးရင်တော့ လိုအပ်တဲ့ပစ္စည်းတွေသယ်ယူပို့ဆောင်ဖို့ transportation service တွေနဲ့ ပစ္စည်းတွေသိုလှောင်ဖို့ storage facilities တွေပြည့်ဝတဲ့ဂိုဒေါင်ကို ရှာဖွေရပါတယ်။

✅ အဲ့ဒါပြီးနောက်မှာတော့ ကိုယ့်ကုန်ပစ္စည်းကို အထိအခိုက်အပျက်အစီးမရှိအောင် ဘယ်လိုပုံစံနဲ့သယ်ယူမှာလဲဆိုတဲ့ Inventory Management ကို သေချာကြည့်ရပါတယ်။

✅ Inventory Management ပိုင်းစိတ်ချရပြီဆိုရင်တော့ customer orders တွေအတွက် ပစ္စည်းတွေ စတင်ပို့ဆောင်ဖို့ ပြင်ဆင်ရပါတော့တယ်။

✅ ဒီလိုပြင်ဆင်ပြီးရင်တော့ ပစ္စည်းတွေအထိအခိုက်အပျက်အစီးမရှိဘဲ customer လက်ဝယ်အရောက် ရောက်ရှိဖို့ သက်ဆိုင်ရာ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းကြောင်းတွေနဲ့ စတင်ပို့ဆောင်ရပါတယ်။

✅ အဲ့ဒီ့အဆင့်ပြီးရင်တော့ customers တွေရဲ့အမှာစာအတိုင်း သူတို့ရဲ့ transit point ကို အချိန်မီရောက်မရောက် tracking check ရပါတယ်။

✅ နောက်ဆုံးအဆင့်မှာတော့ customer တွေရဲ့နေရပ်လိပ်စာအတိုင်း ကုန်ပစ္စည်းတွေ အထိအခိုက်မရှိဘဲ ရောက်ရှိစေအောင် delivery နဲ့ ပို့ဆောင်ပေးလိုက်ပါတယ်။

ဘာနဲ့ပဲပို့ဆောင်ပို့ဆောင် customers တွေဆီ ပစ္စည်းအထိအခိုက်မရှိဘဲ အချိန်မီပို့ဆောင်နိုင်ဖို့က ဒီအဆင့်တွေအားလုံးပြီးပြည့်စုံနေဖို့လိုပါတယ်။ 💯

ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသူတိုင်းပဲ ဒီအချက်တွေကို သိထားသင့်ပြီး Online Shopping သမားတွေအနေနဲ့လည်း ကားနဲ့သယ်တာတစ်ခုတည်းမဟုတ်ဘဲ ဘယ်လိုအချက်လေးတွေကို သတိထားရမလဲဆိုတာကို သိသွားလောက်ပြီ ထင်ပါတယ်။

ဘယ်လိုကုန်စည်အမျိုးအစားပဲဖြစ်ဖြစ် ပို့ဆောင်လိုတဲ့ပစ္စည်းတွေကို ပို့ချင်တဲ့နေရာဆီ အထိအခိုက်အပျက်အစီးမရှိဘဲ အရောက်ပို့ဆောင်ပေးဖို့ဆိုရင်တော့ United Logistics နဲ့ ချိတ်ဆက်နိုင်ပါတယ် 🤝

For more details: 📲 09792992150
United Logistics: 🏢 Address: Thiri yadana zay No.I6 North Okkalapa

01/08/2024

သင်က တရုတ်ကနေ မြန်မာကို ကုန်စည်သယ်ယူပို့ဆောင်နေသူတစ်ယောက်လား❓

ဒါဆိုရင်တော့ တရုတ်-မြန်မာ ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ ရွေးချယ်စရာလမ်းကြောင်းတွေနဲ့ ကုန်စည်အမျိုးအစားပေါ်မူတည်ပြီး ဘယ်နည်းလမ်းက အမြန်ဆန်ဆုံးနဲ့ ကိုယ့်လုပ်ငန်းအတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို United Logistics က ဖော်ပြလိုက်ပါတယ်။

တရုတ်-မြန်မာကုန်စည်ပို့ဆောင်မယ်ဆို ရွေးချယ်စရာလမ်းကြောင်းအနေနဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းဆိုပြီး ရွေးချယ်စရာလမ်းကြောင်း ၃ မျိုးနဲ့ အဓိကပို့ဆောင်နိုင်ပါတယ်။

✈️ ပို့ဆောင်ရေးလမ်းကြောင်းတွေအားလုံးထဲမှာ အမြန်ဆုံးပို့ဆောင်နိုင်တဲ့လမ်းကြောင်းက လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပါ။ Air-con လို profit margin ပိုများတဲ့ products တွေ သယ်ယူပို့ဆောင်မယ်ဆို အကောင်းဆုံးရွေးချယ်မှုက အမြန်ဆန်ဆုံးပို့ဆောင်နိုင်တဲ့ လေကြောင်းပို့ဆောင်ရေးပါပဲ။ ဒါပေမဲ့ budget ကို ချိန်ဆတွက်ချက်ပြီးပို့ဆောင်မယ်ဆိုရင်တော့ ကုန်းလမ်းကနေလည်း ဒုတိယ option အနေနဲ့ သယ်ယူပို့ဆောင်နိုင်ပါတယ်။

ကုန်စည်အမျိုးအစားနဲ့ cost ပေါ်မူတည်ပြီး ပို့ဆောင်နိုင်ဖို့ဆို လေကြောင်းပို့ဆောင်မှုသာမက ကျန်တဲ့ ကုန်စည်လမ်းကြောင်းရွေးချယ်မှုတွေကလည်း အဓိကကျပါတယ်။

🚛 ကုန်းလမ်းပို့ဆောင်မှုကတော့ ကုန်စည်ပို့ဆောင်မှု ၃ ခုထဲမှာ ကြာမြင့်ချိန်သိပ်မကြာဘဲ cost အရပါ သက်သာမှုအရှိဆုံးမို့ အဝတ်အစား၊ စားသောက်ကုန်နဲ့ အလှကုန်ပစ္စည်းတွေအတွက်ဆို အချိန်ကုန်သက်သာ၊ budget ချွေတာနိုင်တဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို ရွေးချယ်သင့်ပါတယ်။ Online Shopping သမားတွေအတွက်သာမက furniture တွေ သယ်ယူပို့ဆောင်မယ်ဆိုရင်လည်း cost သက်သာပြီး safety ပိုင်းပါ စိတ်ချရလို့ ကုန်းလမ်းကြောင်းက အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။

🛳️ ရေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းက cost အရ ကုန်ကျစရိတ်နည်းပြီး ကြာမြင့်ချိန်ပိုများပါတယ်။ ကုန်ပစ္စည်းအများကြီးပို့ဆောင်လိုသူတွေအတွက် လေကြောင်းထက် cost အရ အကုန်အကျပိုသက်သာချင်ရင်တော့ ရေကြောင်းပို့ဆောင်ရေးကို ရွေးချယ်သင့်ပါတယ်။ ကြာရှည်ခံပေါ့ပါးပြီး အလွယ်တကူမပျက်စီးလွယ်တဲ့ အဝတ်အထည်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ၊ ကုန်ခြောက်နဲ့ စည်သွတ်ဘူးလိုအစားအသောက်တွေသယ်ယူပို့ဆောင်မယ်ဆို ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းကို အဓိကရွေးချယ်သင့်ပါတယ်။

ဒီလိုကုန်စည်တွေကို ကုန်ပစ္စည်းသေးသေးလေးက စပြီး ကြီးမားတဲ့ကုန်စည်တွေအထိ တရုတ်ကနေ မြန်မာကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းနဲ့ တာဝန်ယူပို့ဆောင်ပေးဖို့ လိုအပ်လာရင်တော့ United Logistics ရှိနေပါပြီ 💁🏻‍♂️

United Logistics က ဘယ်လိုကုန်စည်အမျိုးအစားပဲဖြစ်ဖြစ် ပို့ဆောင်လိုတဲ့ပစ္စည်းတွေကို ပို့ချင်တဲ့နေရာဆီ အထိအခိုက်အပျက်အစီးမရှိ လိုရာအရောက်ပို့ဆောင်ပေးနိုင်တာမို့ ကုန်စည်နဲ့ပတ်သက်လို့ စိတ်ချမ်းသာမှုအပြည့်အဝလိုချင်ရင်တော့ United Logistics ကိုသာ ရွေးချယ်လိုက်ပါ 👇🏻

For more details: 📲 09792992150
United Logistics:
🏢 Address: Thiri yadana zay No.I6 North Okkalapa

26/06/2024

🚚 United Logistics ရဲ့ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသတ်မှတ်ချက်များ 🚚

United Logistics ရဲ့ကုန်းလမ်းကြောင်းနဲ့သယ်ယူပို့ဆောင်မယ်ဆိုရင် ဘယ်လိုသတ်မှတ်ချက်တွေရှိလဲ❓

United Logistics မှာ (အမြန်ချောပို့) ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနဲ့ ပို့ဆောင်ရင်
🔹 ကြာချိန် - (၁) လအတွင်း ရန်ကုန်မြို့အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ (သတ်မှတ်ထားတဲ့အချိန်ထက် ကြန့်ကြာပါက ကုန်စည်ပို့ဆောင်ခရဲ့ 80% သာ ကောက်ခံမှာဖြစ်ပါတယ်။)

စျေးနှုန်းသတ်မှတ်ချက်တွေကတော့
🏷️ မန္တလေး 6.5 ယွမ်/ကီလို၊
🏷️ ရန်ကုန် 7 ယွမ်/ကီလို ဖြစ်ပါတယ်။

❗️ကုန်စည်သတ်မှတ်ချက်အနေနဲ့ ကုန်စည်တစ်ခုလျှင် 150 ကီလိုဂရမ်ထက် မပိုရပါ။❗️

🔹 ပေါ့ပါးပြီးထုထည်ကြီးမားတဲ့ကုန်စည်တွေအတွက် သတ်မှတ်နှုန်းထားကတော့ -(အရှည်✖️အမြင့်✖️အနံ)➗3000 နဲ့တွက်ချက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

❗️ပို့ဆောင်ရေးညွှန်ကြားချက်အရ တားမြစ်ပစ္စည်းတွေဖြစ်တဲ့ Walkie-Talkie, မောင်းသူမဲ့လေယာဉ်နဲ့ မိုဘိုင်းလ်ဖုန်းများကိုတော့ လက်မခံပါဘူးရှင်။

အထူးကုန်စည်များသယ်ပို့လိုရင်တော့ ကြိုတင်ဆက်သွယ်မေးမြန်းပေးဖို့ အသိပေးအပ်ပါတယ်။👇🏻

အသေးစိတ်သိလိုပါက-
For more details:
Customer Service –
09792992150
🏢 Address: Thiri yadana zay No.I6 North Okkalapa

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon