Techno For You

Techno For You

Share

08/05/2026

Online Shop page တွေမှာ စျေးဝယ်တဲ့ အခါ page အတုလားအစစ်လားစစ်တဲ့နည်းလေး ဖြစ်ပါတယ် ခင်ဗျာ

အားလုံးပဲ အကျိုးရှိမယ်လို့ ထင်ပါတယ် နည်းလမ်းလေးက ထိရောက်တယ်လို့ယူဆရင် အသိမိတ်ဆွတွေပါ သိရအောင် share or mention လုပ်သွားပေးပါခင်ဗျ

30/04/2026

Kpay ချေးချင်ရင်ရပါပြီ 😁😂😁😂

Crd photo

11/09/2025

■ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

■ ဖုန်းနံပါတ်များ၊ SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်ဖြစ်ပြီး ဖုန်းနံပါတ်များ၊ SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း အူရီဒူးမြန်မာက ထုတ်ပြန်သည်။

စက်တင်ဘာ ၂၀ ရက်မှစ၍ U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမည်ဖြစ်ပြီး လက်ရှိဖုန်းနံပါတ်များနှင့် SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း၊ အသုံးပြုနေသော အစီအစဉ်များ၊ လက်ကျန်ငွေများနှင့် ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်များ ယခင်အတိုင်း ဆက်လက်အလုပ်လုပ်နေမည်ဖြစ်ကြောင်း၊ သုံးစွဲသူများအနေဖြင့် လက်ရှိဝန်ဆောင်မှုများ ဆက်လက်ရရှိရန်အတွက် မည်သည့် ဆောင်ရွက်မှုမျိုးမျှ ပြုလုပ်ရန်မလိုကြောင်း၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များနှင့် ဆိုင်လိပ်စာများ အားလုံးလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ အမည် ပြောင်းလဲသွားပေမဲ့ သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ရရှိနေမှာဖြစ်သလို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကိုလည်း မကြာခင်မှာ ရရှိလာမှာဖြစ်ပါတယ်” ဟု U9 ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်းယဉ်ယဉ်ဌေးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၂၀ ရက်မှစ၍ သုံးစွဲသူများသည် U9 အက်ပလီကေးရှင်းအသစ်အား Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေနှင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည်အသုံးပြုကာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ U9 မိတ်ဆက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစ၍ သုံးစွဲသူများမှ 9999 အား “Hello U9” ဟု စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည့် အခွင့်အရေးကိုပါ စီစဉ်ပေးထားကြောင်း သိရသည်။

အူရီဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး မူလက ကာတာနိုင်ငံ အခြေစိုက် အူရီဒူးကုမ္ပဏီက ပိုင်ဆိုင်ခဲ့သည်။

လက်ရှိတွင် အူရီဒူးမြန်မာအမည်မှ U9 အမည်သို့ ပြောင်းလဲရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မည်သူကပိုင်ဆိုင်သည်ဆိုသည်ကို ကုမ္ပဏီဘက်က ထုတ်ပြန်လာခြင်းမရှိသေးပေ။

Card to Eleven Media

13/07/2025

ခုရက်ပိုင်းမှာ Wifi တွေပြီးရင် လတ်တလော Data ဈေးနှုန်းအတန်ဆုံး Sim Card လေး ဖြစ်ပါတယ်
1Gb ကို 227ks ပဲ ကျသင်တဲ့ Card လေး အကြောင်း မနက်ဖြန် Video လေး တင်ပေးပါမယ်

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon