Platinum Coffee

Platinum Coffee

Share

Photos from Platinum Coffee's post 15/06/2026

🙏 နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 🙏

Platinum မိသားစု၏ မွန်မြတ်လှသော ကျောင်းဆောင်လှူဒါန်းပွဲနှင့် ဆွမ်းကပ်ပွဲ အခမ်းအနား

ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒကုမာရမဟာထေရ်မြတ်ကြီး သီတင်းသုံးတော်မူရန်အတွက် ကမ္ဘာအေးကုန်မြေ ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်( ရန်ကုန်) ဝန်းတွင် Sunday မိသားစုမှ ဥဿာဟစိုက်ထုတ်၍ ဆောက်လုပ်ပူဇော်ခဲ့သော အဂ္ဂါဘိဓဇပါမောက္ခချုပ် ကျောင်းတော်သစ်ကြီး၏ ရေစက်ချအမျှပေးဝေပွဲနှင့် သံဃာတော်အရှင် သူမြတ်များအား ဆွမ်း ၊ ခဲဖွယ် ၊ ဘောဇဉ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို (၁၃.၆.၂၆) နေ့တွင် ဝမ်းမြောက်ကြည်နူးဖွယ်ရာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ခေတ္တခဏမျှ ရရှိခဲလှသော လူ့ဘဝခရီးတွင် သာသနာ့အာဇာနည် မဟာထေရ်မြတ်ကြီး သီတင်းသုံးမည့် ကျောင်းဒါယကာ ၊ ကျောင်းဒါယိကာမ ကောင်းမှုကုသိုလ်ရှင်အဖြစ် ဆောက်လုပ်လှူဒါန်းခွင့်ရရှိခြင်းသည် Platinum မိသားစုအတွက် ဘဝမှတ်တိုင်တစ်ခုကဲ့သို့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။

ဤကျောင်းတော်ကြီးကို အကြောင်းပြု၍ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးများအဆက်ဆက် သီတင်းသုံးနေထိုင်ရင်း သာသနာပြုလုပ်ငန်းများကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း၊ ဓမ္မမိတ်ဆွေအပေါင်း ထပ်တူထပ်မျှ ကုသိုလ်ရစေရန် ရေစက်သွန်းချ မျှဝေအပ်ပါသည်။

အားလုံးပဲ သာဓု... သာဓု... သာဓု ခေါ်ဆိုနိုင်ကြပါစေသော်.... 🙏🙏🙏

&teamix
#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်( ရန်ကုန်)
#အလှူတော်မင်္ဂလာ

14/06/2026

လန်းဆန်းဖို့လိုအပ်တဲ့ အခိုက်အတန့်တိုင်းမှာ Platinum Strong က အကောင်းဆုံး အဖော်မွန်ပဲလေ...☕💯


#လန်းဆန်းဖို့လိုအပ်တဲ့အခိုက်အတန့် #အကောင်းဆုံးအဖော်မွန်

25/05/2026

စိတ်ဖိစီးမှုတွေ များနေတဲ့နေ့မှာ သင့်ကို ကုစားပေးမယ့် အရာတစ်ခုရှိပါတယ်။
​ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ ခဏတာ အနားယူဖို့ Platinum Teamix တစ်ခွက်ကို ဖျော်လိုက်ပါ။ သူ့ရဲ့ နို့လက်ဖက်ရည်ရနံ့သင်းသင်းလေးနဲ့ သူ့ရဲ့စွဲမက်ဖွယ်အရသာလေးက သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ကုစားပေးပြီး စိတ်ကျေနပ်မှုအပြည့်နဲ့ ပြုံးပျော်စေမှာပါ။
​ ဖိစီးမှုတွေရဲ့အလွန်မှာ ပျော်ရွှင်ခြင်းကို ရှာတွေ့ဖို့ platinum Teamix က တာဝန်ယူပါရစေ။





#စိတ်အပန်းဖြေ

19/05/2026

Platinum White Coffee ရဲ့ နူးညံ့တဲ့အရသာကို ငြိမ့်ငြိမ့်လေးခံစားကြည့်ပါ။ 🤍☕




#နူးညံ့တဲ့အရသာ

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 89 Mat Kha Yar Min Thar Gyi Maung Pyoe Street Industrial Zone(2)
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00