HTOO HTOO Delivery

HTOO HTOO Delivery

Share

Photos from HTOO HTOO Delivery's post 13/06/2020

#ယိုးဒယားခေါက်ဆွဲထောင်း ..

#ပါဝင်ပစ္စည်းများ👇👇👇

- ယမ်ယမ်ခေါက်ဆွဲ/ ပုစွန် ကင်းမွန်လဲရပါတယ်။

- ကြက်သွန်ဖြူ/ နီ /စပါးလင်/ ထန်းလျှက်

- ခရမ်းချဉ်သီး/ ပဲသီး/ သံပုရာသီး/ ငြုပ်သီးစိမ်း

- ယိုးဒယားငံပြာရည် ..

#ပြုလုပ်နည်း👇👇👇

- ပုစွန်ကို စပါးလင်နဲ့ပြုတ်ထားပါ။

- ကြက်သွန်ဖြူ ထန်းလျှက် ငြုတ်သီးကို ထောင်းပါ။

- ပြီးရင် ပဲသီး ခရမ်းချဉ်သီးကိုပါထောင်းပါ။

- ခေါက်ဆွဲကိုပြုတ်ပါ။ ရေစစ်ပါ။ ပြီးရင် ပါတဲ့အနှစ်ထုပ်ကို ညှစ်ထည့်ပါ။ ပုစွန်ပြုတ်ရည်ကိုပါ ထည့်ပါ။

- ခေါက်ဆွဲကို ခုနထောင်းထားတဲ့ အဆာပလာတွေနဲ့ ရောသမမွှေပါ။

- သံပုရာသီးကို အရည်ညှစ် ယိုးဒယားငံပြာရည်လေးထည့် ကြက်သွန်နီးပါးပါးလှီးပီးထည့်ပါ။ မွှေပါ။

- အကုန်ပီးသွားရင် ပန်းကန်ထဲထည့်ပါ။ အပေါ်မှာ ပုစွန်လေးတင်ပီး အလှဆင်လိုက်ရင် ရပါပီရှင်။

#အားလုံးကျေးဇူးပါ..😘😘😘

Credit : May Phoo Ngon

Photos from HTOO HTOO Delivery's post 13/06/2020

မင်းကတော်ငပိရည်
*******************

#ပါဝင်ပစ္စည်းများ

ငပိရည်ကျို
ပုဇွန်ထုတ်အသေး
တညင်းသီး
ကုလားအော်သီး
ကိုင်းခရမ်းချဉ်သီး
ခရမ်းကဇော့
ကြက်သွန်ဖြူ+နီ
ငရုတ်သီးစိမ်း
ပုဇွန်ခြောက်
ငရုတ်သီးအကျက်မှူန့် တို့
ဖြစ်ပါတယ်

ပြုလုပ်နည်း

၁။ကြက်သွန်ဖြူ ငြုပ်သီး ကုလားအော်ငြုပ်သီး ကိုလှော်ပါ။ထောင်းထားပါ။

၂။ပုစွန်ခြောက်ကို ရေစိမ်ပါ။ပီးလျှင်ထောင်းထားပါ။

၃။ပုဇွန်ထုပ်အသေးကိုလှော်ပါ အခွံချွတ်ပါ။

၄။ငပိရည်ကိုနနွင်းအနည်းငယ်ထည့်၍ကျိုပါ။ပီးလျှင်စစ်ထားပါ။

၅။ငပိရည်ထဲသို့လှော်ထားသည့် ပုဇွန်နှင့်ထောင်းထားသည့်ပုဇွန်ခြောက်ကြက်သွန်ဖြူ ငြုပ်သီး များထည့်ကာကျိုပါ။

၆။ပြုတ်ထားသည့်တညင်းသီးကို အစိတ်လိုက်ဖြစ်စေ အခြမ်းလိုက်ဖြစ်စေထည့်၍ကျိုပါ။

၇။ငပိရည်အပြစ်အကြဲအဆင်‌ေပြပြီဆိုလျှင် ပန်းကန်ထဲထည့်၍ငြုပ်သီးမှုန့်ထည့်၍သုံးဆောင်နိုင်ပါပြီရှင်။

ကြက်သွန်နီ ကဇော့သီးနှင့် ကိုင်းခရမ်းချဉ်သီးကြိုက်နှစ်သက်လျှင်တညင်းသီးနှင့်ထည့်၍ရောကျိုနိုင်ပါသည်။

Crd ခင်ခင်ကြီး

မြန်မာ Food Villa

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11441