Doctor On Call
18/05/2023
"မိန်းမကိုယ်ယားယံခြင်းနှင့်ပတ်သက်ပြီး သိကောင်းစရာများ 🌺🌺
မိန်းမတယောက်အတွက် တကိုယ်ရည်သန့်ရှင်းလှပနေဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ တကိုယ်လုံးလှနေအောင် ဝတ်၊ ကျော့နေအောင် ဆင်ပြီးမှ အပြင်ထွက်ပါပြီတဲ့ . . . မိန်းမကိုယ်ယားယံလာပြီ အတော်ကသိကအောက် ဖြစ်စရာပါ။
လူကြားထဲရောက်တဲ့အချိန် အတော်အခက်တွေ့ကြပါတယ်။ ဖွင့်ဟတိုင်ပင်ဖို့ မဝန်ရဲတဲ့ မိန်းကလေးတွေအတွက် ဒီလိုအကြောင်းအရာတွေ သိထားဖို့လိုပါတယ်။
အဲ့တာကြောင့် အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ မိန်းမကိုယ်ယားယံခြင်းနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။
မိန်းမကိုယ်ယားယံတာကို ဖြစ်စေတာဘာတွေလဲ ?
1)ဓာတုပစ္စည်းတွေ☄️☄️
ယားယံလာပြီဆို ပထမဆုံးတွေးသင့်
တာက ကိုယ်ဘာပစ္စည်းတွေသုံးလဲဆို
တာပါပဲ။ တချို့အနံ့မွှေးစေတဲ့
ဓာတုပစ္စည်းတွေက မိန်းမကိုယ်ကို
allergic ဖြစ်စေပြီး ယားယံစေပါတယ်။
ဆပ်ပြာနဲ့ အလွန်အကျွံဆေးတာ၊ တ
ကိုယ်ရည်သန့်စင်ဆေးတွေ အသုံးများ
တာ၊ လိမ်းဆေးတွေ၊ အနံ့ပါတဲ့ တစ်ရှူး
စက္ကူနဲ့သုတ်တာ၊ ပိုးသားအတွင်းခံဝတ်
တာ စတဲ့ အရာတွေက နူးညံ့တဲ့
မိန်းမကိုယ်သားတွေကို ထိခိုက်စေပါ
တယ်။
2)မိန်းမကိုယ်မှာ မှိုစွဲတာ၊ ဘက်တီးရီးယား
ပိုးဝင်တာ🦠🦠
Yeast လို့ခေါ်တဲ့ မှိုစွဲပြီး ယားယံတာက
မိန်းမ 4ယောက်မှာ 3ယောက်ဖြစ်ကြပါ
တယ်။ Bacterial Vaginosis ဆိုတဲ့
ဘက်တီးရီးယားပိုးကြောင့်လဲ ဖြစ်တတ်
ပါတယ်။ဘာကြောင့်ဖြစ်ရလဲဆိုတော့
အရမ်းပြင်းတဲ့ ပိုးသတ်ဆေးတွေ ရက်
ရှည်သောက်လိုက်တဲ့အခါ မိန်းမကိုယ်
တွင်းရှိတဲ့ ကောင်းတဲ့ ပိုးလေးတွေ သေ
သွားပြီ မှိုတွေ၊ ဘက်တီးရီးယားတွေကို
ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတာပါ။
ဘက်တီးရီးယားကြောင့်ဆို အနံ့ဆိုး
ေတွရမယ်၊ယားယံတာအပြင်၊ အဖြူ
ဆင်းတာ(မီးခိုးရောင်ညစ်ညစ်တွေလို
ဆင်းတာ)၊ လောင်သလိုခံစားရတာတွေ
ရှိပါလိမ့်မယ်။
3)လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ
ကြောင့် ယားယံခြင်း💏💏
လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတချို့
ကြောင့် မိန်းမကိုယ်ယားယံနိုင်ပါတယ်။
ဆီးပူညောင်းကျရောဂါ၊ မိန်းမကိုယ်မှာ
ရေယုန်ဖြစ်တာ၊ ge***al warts လို့ခေါ်
တဲ့ ကြွက်နို့ဖြစ်တာ စတာတွေကြောင့်
ယားယံနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆို
မိန်းမကိုယ်ကနေ အဝါအစိမ်းရောင်
အရည်တွေဆင်းတာ၊ အဖုတွေစမ်းမိ
တာ၊ ဆီးသွားရင် ပူပြီးနာတာတွေ ခံစား
ရပါမယ်။ ဒီလိုဖြစ်ပြီးဆို ဆရာဝန်နဲ့ အ
မြန်ဆုံးတိုင်ပင်သင့်ပါတယ်။
4)သွေးဆုံးခြင်း👵👵
အမျိုးသမီးတယောက်ဟာ သွေးဆုံး
သွားတဲ့ အခါ အမျိုးသမီးဟော်မုန်း
(estrogen)တွေ လျော့ပါးသွားပါတယ်။
အဲ့တာကြောင့် မိန်းမကိုယ်မှာ ပုံမှန်
စိုစွတ်အောင်ထိန်းထားပေးတာတွေ
ပျောက်ကွယ်သွားတယ်။ မိန်းမကိုယ်ရှုံ့
သွားတာ အပြင်မိန်းမကိုယ်ကခြောက်
သွေ့လာတော့ ယားယံလာတယ်။
5)စိတ်ဖိစီးခြင်း🙍🙍
စိတ်ဖိစီးတာက မိန်းမကိုယ်ကို ယားယံ
စေမယ်ဆိုတာ ထူးဆန်းပါတယ်။ စိတ်
ဖိစီးချိန်မှာ ခန္ဓကိုယ်ရဲ့ ခုခံစွမ်းအားကျ
ပြီး မိန်းမကိုယ်မှာ ပိုးဝင်နိုင်ပြီး ယားယံ
တာကို ဖြစ်စေပါတယ်။ ဒီအချက်
ကတော့ အရမ်းရှားပါးပါတယ်။
6)မိန်းမကိုယ်ကင်ဆာဖြစ်ခြင်း💢
မိန်းမကိုယ်ကင်ဆာဖြစ်ရင် တချို့
အမျိုးသမီးတွေမှာ မိန်းမကိုယ်အပြင်
သားတွေမှာ ယားယံတာ၊ မှုမမှန်သွေး
ဆင်းတာ၊ မိန်းမကိုယ်တဝိုက်နာနေတာ
စတဲ့ လက္ခဏာတွေပြတတ်ပါတယ်။
🌺ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ ?
မိန်းမကိုယ်က ကိုယ်မခံနိုင်အောင် ယားယံနေတာမျိုး၊ ကိုယ့်နေစဉ်လုပ်ငန်းဆောင်
တာတွေကို ထိခိုက်လာတာမျိုးဆို ပြသင့်ပါပြီ။ ဥပမာ - မိန်းမကိုယ်မှာ အဖုတွေ ၊ အနာတွေဖြစ်လာတာမျိုး၊ ရောင်ရဲပြီး နီနေတာမျိုး၊ ဆီးသွားရခက်နေတာမျိုး၊ လိင်ဆက်ဆံမှုကိုပါ ထိခိုက်လာတာမျိုးတွေမှာ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။
ဘယ်လိုသက်သာအောင် လုပ်မလဲ ?
1)မိန်းမကိုယ်ကို အလွန်အကျွံသန့်စင်
အောင်လုပ်တာရှောင်ပါ။ 🙅🙅
ဆပ်ပြာတွေ၊သန့်စင်ဆေးတွေနဲ့ အရမ်း
ဆေးလိုက်ရင် မိန်းမကိုယ်ရဲ့ ကောင်းတဲ့
ပိုးတွေသေကုန်လို့ပါ။ နောက်တစ်ခုက
ရေနဲ့ဆေးရင် လက်ကို အရှေ့မှအနောက်
သို့ ဆွဲယူပြီးဆေးတာမျိုးလုပ်ပေးပါ။
2)အတွင်းခံအမျိုးအစားကိုရွေးချယ်တတ်
ပါစေ။👙👙
လှချင်လို့ ပိုးတွေ၊ ဇာတွေ၊ နိုင်လွန်နဲ့
ချုပ်ထားတဲ့ အတွင်းခံတွေက တချို့
အမျိုးသမီးတွေနဲ့ မတည့်တဲ့အတွက်
ယားယံစေတာပါ။ ချည်သားပါးပါးလေး
တွေဝတ်ဆင်ခြင်းက အကောင်းဆုံးပါပဲ။
အတွင်းခံစိုနေရင်လဲ မဝတ်ပါနဲ့။
တင်းကျပ်နေတဲ့ အတွင်းခံလဲ မဝတ်ပါနဲ့။
လေဝင်လေထွက်မကောင်းရင် အနံ့ဆိုး
တွေဖြစ် စေပြီး ယားယံတာလဲ ပိုဆိုးစေ
ပါတယ်။
3)ဒိန်ချဉ်သောက်ပါ။ 🥛🥛
ဒိန်ချဉ်မှာ လူတွေကို အကျိုးပြုတဲ့
ကောင်းတဲ့ ဘက်တီးရီးယားတွေပါပါ
တယ်။ အဲ့တာကြောင့် ဒိန်ချဉ်ကို ပုံမှန်
သောက်ရင် မိန်းမကိုယ်မှာ မှိုစွဲတာ၊ ပိုး
ဝင်တာတွေကို ကာကွယ်ပြီးသားဖြစ်မှာ
ပါ။
4)ရေခဲကပ်ပေးတာ ယားယံတာကို
သက်သာစေပါတယ်❄️❄️
ရေခဲကို အဝတ်တစ်ခုခုနဲ့ပတ်ပြီး
မိန်းမကိုယ်အပြင်သားကို မိနစ်
အနည်းငယ်လောက်ကပ်ပေးတာ
ယားယံတာကို သက်သာစေပါတယ်။
ရေခဲအတုံးလိုက်နဲ့တော့ မကပ်ပါနဲ့။
မိန်းမသားအားလုံး ကျန်းမားပျော်ရွှင်
ပြီး အလှတိုးနိုင်ပါစေ။🧡🧡🧡
With love,
Dr. Erica (UM1)"
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No-148, Pyay Road, Corner Of A1 Street, Mayangone Township
Yangon
11061