Eleven Sports
12/05/2026
■ ချယ်လ်ဆီးအသင်းနည်းပြသစ် ဖြစ်လာနိုင်သူ ခြောက်ဦးခန့်ရှိနေ
ချယ်လ်ဆီးအသင်းရဲ့ အမြဲတမ်းနည်းပြသစ်ဖြစ်လာနိုင်သူ ခြောက်ဦးဝန်းကျင်လောက် ရှိနေတယ်လို့ သိရပါတယ်။
ဒီစာရင်းမှာ လက်ရှိအသင်းလက်မဲ့ ရှာဘီအလွန်ဆို၊ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာ၊ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗား၊
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စနာ၊ အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်၊ ဖလာမင်ဂို
အသင်းနည်းပြဟောင်း ဖိလစ်ပီလူးဝစ်တို့ ပါဝင်နေပါတယ်။
ချယ်လ်ဆီးအနေနဲ့ လာမယ့်ဇူလိုင်လ ပထမပတ်မှာ စတင်လောက်တဲ့ ရာသီကြိုစခန်းသွင်းလေ့ကျင့်မှု မတိုင်ခင် အမြဲတမ်းနည်းပြတစ်ဦး
ခန့်အပ်ရမှာဖြစ်တယ်။
ချယ်လ်ဆီးအသင်းဟာ ၂၀၂၃-၂၄ ရာသီအစကတည်းက စတုတ္ထမြောက် အမြဲတမ်းနည်းပြကို ရှာဖွေနေတာပါ။
နည်းပြဖြစ်လာနိုင်သူတွေထဲမှာ အီရာအိုလာ၊ ဂလက်စနာနဲ့ မာကိုဆေးလ်ဗားတို့ကတော့ လက်ရှိကလပ်တွေနဲ့ အခုရာသီကုန်မှာ စာချုပ်
သက်တမ်း ကုန်တော့မှာဖြစ်တယ်။
အီရာအိုလာနဲ့ ဂလက်စနာကတော့ လက်ရှိအသင်းတွေကနေ ထွက်ခွာတော့မယ့်လို့ ကြေညာထားပြီးသား ဖြစ်တယ်။
မာကိုဆေးလ်ဗားကိုတော့ ဖူလ်ဟမ်အသင်းက သုံးနှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပေမဲ့ ဆော်ဒီကလပ်တွေနဲ့လည်း သတင်းထွက်နေပါတယ်။
Photos: Leagues' Facebook
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (65)/Corner Of Myamarlar Street And Myanma Gon Yi Street, Thaketa Industrial Zone, Thaketa Township
Yangon
11231