Myanmar Journalists Association
#ဝမ်းနည်းကြေကွဲရပါကြောင်း
မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဗဟိုကော်မတီဝင် ဦးမောင်မောင်ဦး(ဟိန်းလတ်)၏ ဇနီး ဒေါ်သီရိခင် (B.Ed 71) သည် ဧပြီ ၁၃ ရက်နံနက်ပိုင်းက ကွယ်လွန်ကြောင်း ကြားသိရပါသဖြင့် ဆရာ ဟိန်းလတ် မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။
#မြန်မာနိုင်ငံသတင်းစာဆရာအသင်း
07/04/2026
#ပြည်ထောင်စုဝန်ကြီး_၃၀_ဦး_အမည်စာရင်း_လွှတ်တော်သို့တင်ပြ
ရန်ကုန်၊ ဧပြီ ၇
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၇ ရက်က ကျင်းပပြုလုပ် ရာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသည့်_ ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြလိုက်သည်။
ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ မျိုးသိန်း ကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုး ဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနဲ့ ဦးမောင်မြင့်တို့ကို အမည်စာရင်း ပေးပို့ထားခြင်း ဖြစ်သည်။
ဖွဲ့စည်းရန် အတည်ပြုထားသည့် ဝန်ကြီးဌာနများမှာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ထားသော ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သော ပုဂ္ဂိုလ်များ အမည်စာရင်းနှင့်စပ်လျဉ်းပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ် စားလှယ် ရှိပါက ဧပြီ ၈ ရက် မွန်းတည့် ၁၂ နာရီနောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ၃ ဦးနှင့် ဒါရိုက်တာ အဖွဲ့ဝင် ၅ ဦးတို့၏ အမည်စာရင်းကိုလည်း လွှတ်တော်သို့ တင်ပြခဲ့သည်။ ထို့အပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံ ရသူက အဆိုပြုတင်ပြတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးစိုးသိန်း အပါအဝင် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်းကိုလည်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ယခုအစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး အပါအဝင် အဖွဲ့ဝင်၁၅ ဦးတို့အား ခန့်အပ်တာဝန်ပေးသင့်သည့်ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်သူမရှိသည့် အတွက် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။
သတင်းထုတ်ပြန်ရေးကော်မတီ
04/04/2026
#အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်းက မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ဂါရဝပြုအပ်ပါသည်။
#မြန်မာနိုင်ငံသတင်းစာဆရာအသင်း
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
No. 173/175, Room (603), Pasoetan Road
Yangon
951
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |