Sakura Hospital
21/05/2026
မကြာသေးမီက အာဖရိကဒေသရှိ ကွန်ဂိုနိုင်ငံ (Democratic Republic of the Congo) နှင့် ယူဂန်ဒါနိုင်ငံ (Uganda) နိုင်ငံတွေမှာ အီဘိုလာရောဂါ ပြန်လည်ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ အီဘိုလာရောဂါကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ အီဘိုလာရောဂါဟာ ကူးစက်ခံရပါက ရောဂါပြင်းထန်ပြီး သေဆုံးနှုန်းမြင့်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်ကနေတစ်ယောက်ကူးစက်နိုင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းတွင် အထူးစောင့်ကြည့်လေ့ရှိတဲ့ ကူးစက်ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ် 🦠 ⚠️
အီဘိုလာရောဂါကို ပထမဆုံး ၁၉၇၆ ခုနှစ်တုန်းက အာဖရိကတိုက်မှာ တွေ့ရှိခဲ့ပြီး အချိန်ကာလတစ်ခုကြာတိုင်း အစုလိုက်အပြုံလိုက်ကူးစက်မှု ဖြစ်ပွားလေ့ရှိပါတယ်။ အချို့ဖြစ်ပွားမှုတွေမှာ ရောဂါကူးစက်ခံရရင် သေဆုံးနိုင်ခြေ ၅၀% ကျော်အထိ မြင့်မားတာကိုတွေ့ရှိရပါတယ် ‼️
အီဘိုလာရောဂါပိုးဘယ်လိုကူးစက်သလဲ❓
အီဘိုလာဗိုင်းရပ်စ်ဟာ ရောဂါရှိသူရဲ့
⚠️ သွေး
⚠️ အန်ခြင်း၊ ဝမ်းလျှောခြင်းမှထွက်သော ခန္ဓာကိုယ်အရည်များ
⚠️ ချွေး၊ တံတွေး
⚠️ အသုံးပြုသော အဝတ်အစား၊ အိပ်ယာ၊ ဆေးပစ္စည်းများ စတဲ့တကိုယ်ရည်ပစ္စည်းများကို တိုက်ရိုက်ထိတွေ့ကိုယ်တွယ်မိရာကနေတဆင့် ကူးစက်နိုင်ပါတယ်။
ဒါ့အပြင် ရောဂါပိုးရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ (ဥပမာ - လင်းနို့၊ မျောက်) နဲ့ ထိတွေ့မိရင်လည်း ကူးစက်နိုင်ပါတယ် 🦇 🐒
သတိထားသင့်သော လက္ခဏာများ ‼️
ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေဟာ အခြားဗိုင်းရပ်စ်ရောဂါတွေနဲ့ ဆင်တူနေတတ်ပြီး များသောအားဖြင့် ပြသလေ့ရှိတဲ့ လက္ခဏာတွေကတော့ 👉🏼
❗️ဖျားခြင်း
❗️ခေါင်းကိုက်ခြင်း
❗️လည်ချောင်းနာခြင်း
❗️ကြွက်သားနာကျင်ခြင်း
❗️အားနည်းနွမ်းနယ်ခြင်းတို့ဖြစ်ပါတယ်။
ရောဂါဆိုးရွားလာရင်တော့ 👉🏼
⛔️ အန်ခြင်း
⛔️ဝမ်းလျှောခြင်း
⛔️ ဗိုက်နာခြင်း
⛔️ အရေပြားအဖုများ
⛔️ အတွင်း/အပြင် သွေးယိုခြင်း စတဲ့လက္ခဏာတွေခံစားရမှာဖြစ်ပါတယ်။
Ebola ကို ဘယ်လိုကာကွယ်နိုင်မလဲ❓
အီဘိုလာရောဂါဟာ ဗိုင်းရပ်စ်ဖြစ်ပေမဲ့ ကိုဗစ်လို လေထဲကတဆင့်ကူးစက်တာ မဟုတ်ပဲ လူလူချင်းထိတွေ့ မှကူးစက်နိုင်ခြင်း၊ ရောဂါလက္ခဏာမပြတဲ့အစောပိုင်းအဆင့်မှာ ကူးစက်ခံရနိုင်ခြေနည်းပါးခြင်း စတဲ့အချက် တွေကြောင့် ယေဘူယျအားဖြင့် ရောဂါကိုကာကွယ်ဖို့လွယ်ကူပါတယ်။ ရောဂါကူးစက်မှုကနေ ကာကွယ်ဖို့လုပ်ရမှာတွေကတော့ 👉🏼
✅ လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးကြောပါ
✅ ဖျားနာနေသူရဲ့ သွေးနှင့် ခန္ဓာကိုယ်အရည်တွေကို တိုက်ရိုက်မထိတွေ့ပါနှင့်
✅ မသန့်ရှင်းသော medical equipment များ အသုံးမပြုပါနှင့်
✅ တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့မှု လျှော့ချပါ
✅ ရောဂါကူးစက်မှုဖြစ်ပွားနေသော ဒေသများသို့ သွားလာပါက ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာပါ
အီဘိုလာရောဂါဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါဖြစ်ပေမဲ့ ကျန်းမာရေးအသိပညာရှိခြင်း၊ ကူးစက်နည်းများကို သိရှိထားခြင်းနှင့် ရောဂါကာကွယ်ရေးအချက်တွေကို လိုက်နာခြင်းဖြင့် ရောဂါပျံ့နှံ့မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ် 💜💜
=======================================================
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️ Phone: 01 7512668/69 (Hotline), 09424405952/53, 09 965121864/65
✉️ Mail: [email protected]
🖥️ Website: sakurahospital.com.mm
17/05/2026
❤️ ကမ္ဘာ့သွေးတိုးရောဂါကာကွယ်ရေးနေ့ ❤️
❤️ World Hypertension Day ❤️
သွေးတိုးရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များဆုံး နာတာရှည်ရောဂါများထဲမှ တစ်ခုဖြစ်ပြီး လူအများစုအတွက် အစောပိုင်းအဆင့်မှာ ထင်ရှားတဲ့လက္ခဏာများ ပြသလေ့မရှိတာကြောင့် “တိတ်တဆိတ်အန္တရာယ်ပေးသော ရောဂါ” လို့တောင် ခေါ်ကြပါတယ်။ အချို့လူတွေဟာ သွေးပေါင်ချိန်တက်နေပေမဲ့ မသိရှိဘဲ နှစ်နဲ့ချီနေထိုင်နေတတ်ကြပြီး ရောဂါလက္ခဏာ ဆိုးရွားလာချိန်မှသာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း (ဒါမှမဟုတ်) အခြားနောက်ဆက်တွဲရောဂါတွေ ခံစားရမှ ရောဂါဖြစ်နေမှန်း သိရှိရတတ်တာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် သွေးတိုးရောဂါဟာ အလွန်အန္တရာယ်များတဲ့ရောဂါတစ်ခုဖြစ်ပြီး အချိန်မီမထိန်းချုပ်နိုင်ရင် နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နှင့် သွေးကြောစတဲ့အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
သွေးတိုးရောဂါဖြစ်နိုင်ခြေ မြင့်စေသော အကြောင်းအရင်းများ
⚠️ ဆားနှင့် အငန်ဓာတ်များသော အစားအစာများ စားသုံးခြင်း
⚠️ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
⚠️ ကိုယ်အလေးချိန်များခြင်း
⚠️ ဆေးလိပ်သောက်ခြင်း
⚠️ အရက်အလွန်အကျွံသောက်သုံးခြင်း
⚠️ စိတ်ဖိစီးမှုများခြင်း
⚠️ မိသားစုမျိုးရိုးရှိခြင်း
⚠️ အသက်အရွယ်မြင့်လာခြင်း
သတိထားသင့်သော လက္ခဏာများ
သွေးတိုးရောဂါမှာ အများအားဖြင့် လက္ခဏာမပြတတ်ပေမယ့် အချို့လူတွေမှာအောက်ပါ လက္ခဏာတွေခံစားရတတ်ပါတယ် 👉
❗ခေါင်းကိုက်ခြင်း
❗မူးဝေခြင်း
❗နှလုံးခုန်မြန်ခြင်း
❗မောပန်းလွယ်ခြင်း
❗အသက်ရှူမဝခြင်း
❗မျက်စိမှုန်ဝါးခြင်း
❗နှာခေါင်းသွေးယိုခြင်း
တို့ကို တွေ့ရနိုင်ပါတယ်။
သို့သော် လက္ခဏာမရှိဘဲလည်း သွေးတိုးနေနိုင်တာကြောင့် ပုံမှန်သွေးပေါင်ချိန်စစ်ဆေးခြင်း က အရေးကြီးဆုံးဖြစ်ပါတယ် ✅✅
သွေးတိုးရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ❓
သွေးတိုးရောဂါကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန်အတွက် 👉
💜 ဆားလျှော့စားပါ
💜 ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပိုမိုစားသုံးပါ
💜 ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
💜 ကိုယ်အလေးချိန် ထိန်းညှိပါ
💜 ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ
💜 စိတ်ဖိစီးမှု လျှော့ချပါ
💜 သွေးပေါင်ချိန် ပုံမှန်တိုင်းတာစစ်ဆေးပါ
ဘယ်သူတွေ ပိုဂရုစိုက်သင့်သလဲ 🩺
အောက်ပါအခြေအနေရှိသူများသည် သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများနိုင်သောကြောင့် ပုံမှန်စစ်ဆေးသင့်ပါတယ် 👉
🔺အသက် ၄၀ နှစ်အထက်သူများ
🔺အဝလွန်သူများ
🔺ဆီးချိုရောဂါရှိသူများ
🔺နှလုံးရောဂါရှိသူများ
🔺မိသားစုတွင် သွေးတိုးရောဂါရှိသူများ
သွေးတိုးရောဂါသည် လက္ခဏာမသိသာသော်လည်း ရေရှည်တွင် ကျန်းမာရေးအပေါ် ထိခိုက်မှုများစွာ ဖြစ်စေနိုင်သောကြောင့် မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်ပါသည် 🔔
ဒါ့ကြောင့် သွေးတိုးရောဂါကိုကာကွယ်ဖို့အတွက် မိမိရဲ့သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အမူအကျင့်များပျိုးထောင်ခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေကို စတင်လုုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ် 💪💪
💮 Controlling Hypertension Together 💮
💮သွေးတိုးရောဂါကို အတူတကွ ထိန်းချုပ်ကြပါစို့💮
=======================================================
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
📍Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 09 455201025 (Endoscopy Department), 01 7512668 (Hotline)
📧Mail: [email protected]
🖥️Website: sakurahospital.com.mm
14/05/2026
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ ကလေး ကျန်းမာရေးကို စောင့်ကြည့်နိုင်ဖို့ ပုံမှန်ကိုယ်ဝန်စစ်ဆေးမှုတွေက အရေးကြီးပါတယ်။ အဲဒီထဲမှာ Ultrasound (အသံလှိုင်းတီဗွီဓာတ်မှန်) ရိုက်ကူးစစ်ဆေးခြင်းဟာ ကိုယ်ဝန်ဆောင်စဉ် မိခင်နဲ့ သန္ဓေသားအခြေအနေကို သိရှိနိုင်ဖို့ အလွန်အသုံးဝင်တဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပါတယ် 💜💜
Ultrasound ဆိုတာ အသံလှိုင်းကို အသုံးပြုပြီး ကိုယ်ဝန်အတွင်းရှိ သန္ဓေသားရဲ့ အခြေအနေကို ပုံရိပ်အဖြစ် ကြည့်ရှုစစ်ဆေးတဲ့ နည်းလမ်းဖြစ်ပြီး ဓာတ်ရောင်ခြည်မပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ယေဘုယျအားဖြင့် လုံခြုံစိတ်ချရပါတဲ့စစ်ဆေးနည်းတစ်မျိုးဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ “Ultrasound ကို ဘယ်အချိန်မှာ လုပ်သင့်လဲ” ဆိုတာ သိထားဖို့လည်း အရေးကြီးပါတယ် 🎗️🎗️
________________________________________
📅 ကိုယ်ဝန်ဆောင်စဉ် Ultrasound လုပ်သင့်သော အချိန်များ
🤰 ကိုယ်ဝန်အစောပိုင်း (၆ ပတ်မှ ၉ ပတ်ခန့်)
ကိုယ်ဝန်ရှိကြောင်း စတင်သိရှိချိန်မှာ ပထမဆုံး ultrasound စစ်ဆေးမှုကို ပြုလုပ်လေ့ရှိပါတယ်။
ဒီအချိန်မှာ—
✅ကိုယ်ဝန်အမှန်တကယ်ရှိ/မရှိ အတည်ပြုနိုင်ခြင်း
✅ သန္ဓေသားနှလုံးခုန်သံ စစ်ဆေးနိုင်ခြင်း
✅ ကိုယ်ဝန်သက်တမ်း ခန့်မှန်းနိုင်ခြင်း
✅ သားအိမ်ပြင်ပကိုယ်ဝန် (ectopic pregnancy) ရှိ/မရှိ စစ်ဆေးနိုင်ခြင်း
စတဲ့ အချက်တွေကို သိရှိနိုင်ပါတယ်။
🤰ကိုယ်ဝန်ပထမ ၃ လအတွင်း (၁၁ ပတ်မှ ၁၃ ပတ် + ၆ ရက်)
ဒီအချိန်မှာ fetal development ကို ပိုမိုသေချာစွာ စစ်ဆေးနိုင်ပါတယ်။
စစ်ဆေးနိုင်တဲ့အချက်များ—
✅ သန္ဓေသားဖွံ့ဖြိုးမှု
✅ ကလေးမွေးဖွားမည့်ရက်ကို ပိုမိုတိကျစွာတွက်ချက်ခြင်း
✅ အချို့ chromosome abnormalities အန္တရာယ်များကိုအကဲဖြတ်နိုင်ခြင်း
🤰ကိုယ်ဝန်အလယ်ပိုင်း (၁၈ ပတ်မှ ၂၂ ပတ်)
ဒီအချိန် ultrasound ကို anomaly scan လို့လည်း ခေါ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အရေးကြီးဆုံး ultrasound များထဲမှ တစ်ခုဖြစ်ပါတယ်။
ဒီအချိန်မှာ—
✅ သန္ဓေသားရဲ့ ကိုယ်အင်္ဂါဖွဲ့စည်းပုံများ
✅ ဦးနှောက်၊ နှလုံး၊ ကျောရိုး၊ လက်၊ ခြေ
✅ placenta တည်နေရာ
✅ amniotic fluid ပမာဏ
တို့ကို အသေးစိတ် စစ်ဆေးနိုင်ပါတယ်။
🤰ကိုယ်ဝန်နောက်ပိုင်း (၂၈ ပတ်နောက်ပိုင်း)
ကိုယ်ဝန်အခြေအနေအပေါ်မူတည်ပြီး follow-up ultrasound များ လိုအပ်နိုင်ပါတယ်။
ဒီအချိန်မှာ—
✅ ကလေးကြီးထွားနှုန်း
✅ ကလေးအနေအထား
✅ ရေမွှာရည်ပမာဏ
✅ အချင်းအနေအထား
တို့ကို ပြန်လည်စစ်ဆေးနိုင်ပါတယ်။
အထူးသဖြင့် သွေးတိုး၊ ဆီးချိုရောဂါရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ၊ အမွှာကိုယ်ဝန်ဆောင်ထားသူတွေနဲ့ သန္ဓေသားကြီးထွားနှုန်းကပုံမှန်ထက်နှေးနေတဲ့အခြေအနေတွေမှာ ပိုပြီး စောင့်ကြည့်စစ်ဆေးဖို့လိုအပ်နိုင်ပါတယ်။
⚠️ ပုံမှန်ချိန်မဟုတ်ဘဲ Ultrasound လုပ်သင့်နိုင်သော အခြေအနေများ
အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်အကြံပြုချက်အရ အချိန်မရွေး ultrasound လုပ်ရန် လိုအပ်နိုင်ပါတယ်—
🩺ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
🩺 သွေးဆင်းခြင်း
🩺 သန္ဓေသားလှုပ်ရှားမှု လျော့နည်းခြင်း
🩺 အထူးစောင့်ကြည့်ရန်လိုအပ်သော ကိုယ်ဝန်ဆောင်မှုများ
Ultrasound စစ်ဆေးမှုဟာ ကလေးငယ်က သားလေးလား၊ သမီးလေးလားသိဖို့တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ မိခင်နဲ့ သန္ဓေသား ကျန်းမာရေးကို စောင့်ကြည့်ဖို့ အရေးကြီးတဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါကြောင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကိုယ်ဝန်စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ခြင်းက မိခင်နဲ့ ကလေးအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ ကိုယ်ဝန်ဆောင်ကာလကို ရရှိစေမှာဖြစ်ပါတယ် 💜💜
=======================================================
🌸သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ🌸
🏥 Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🗺️ Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
Phone: 01 7512668/69 (Hotline), 09 965121864/65, 09 424405952/53
✉️ Mail: [email protected]
🖥️ Website: sakurahospital.com.mm
12/05/2026
💜 International Nurses Day 💜
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၏ ရှေ့တန်းမှနေ၍ လူနာများအား အမြဲအနီးကပ် ဂရုစိုက်စောင့်ရှောက်ပေးနေကြသော သူနာပြုများအားလုံးကို ယနေ့ International Nurses Day တွင် ဆာကူရာဆေးရုံမိသားစုမှ လေးစားစွာဂုဏ်ပြုအပ်ပါသည် 🌸🌸
လူနာများ၏ ကုသမှုခံယူချိန်တွင်သာမက ကုသမှုခံယူပြီးပြန်လည်သက်သာလာချိန်အထိ စိတ်ရှည်မှု၊ စေတနာနှင့် တာဝန်ယူမှုအပြည့်ဖြင့် ပါဝင်လုပ်ကိုင်ပေးနေကြသော သူနာပြုများအားလုံး၏ ကြိုးစားအားထုတ်မှုများအတွက် အထူးကျေးဇူးတင်ရှိပါသည် 🎗️🎗️
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Address
21/23 Shin Saw Pu Road , Sanchaung Twp
Yangon
11111