The Netscript
22/01/2023
SSD အကြောင်း မသိသေးသောသူများသို့...
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။
SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။
သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?
ဒါဆို အဖြေက ရှင်းပါတယ်။
ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။
ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။
Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။
Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။
မူရင်းရေးသားသူများကို လေးစားလျှက် Credit ပေးပါသည်။
09/05/2022
ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ITPEC Exam အကြောင်း တစေ့တစောင်း
ITPEC စာမေးပွဲဆိုတာ IT ဘွဲ့ရမဟုတ်ဘဲ ဂျပန်နိုင်ငံရဲ့ IT နယ်ပယ်ထဲမှာ ခိုင်မာတဲ့ ရာထူးတစ်ခုနဲ့ ရပ်တည်နိုင်စေမယ့် စာမေးပွဲတစ်ခုပါ။ ဂျပန်နိုင်ငံနဲ့ အာရှနိုင်ငံအချို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Information Technology Professional Examination Council လို့ခေါ်တဲ့ ITPEC ဟာ IP, FE, AP ဆိုတဲ့ စာမေးပွဲသုံးခုကို တစ်နှစ်ကိုနှစ်ကြိမ် (April နဲ့ October) အဖွဲ့ဝင်နိုင်ငံအားလုံးမှာ တစ်ချိန်တည်း တစ်ရက်တည်း စစ်ဆေးလေ့ရှိပါတယ်။
IP Exam မှာ နည်းပညာနယ်ပယ်ထဲက Management, Strategy နဲ့ Technology သုံးပိုင်းနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတလောက်ပဲ မေးလေ့ရှိပြီး နည်းပညာနဲ့ မရင်းနှီးသူဆိုရင်တောင် လေးလကနေ ခြောက်လအတွင်း လေ့လာရုံနဲ့ IP Exam ကို ဖြေဆိုနိုင်ပါတယ်။
တကယ်လို့ ကိုယ်က IT ကျောင်းဆင်းတစ်ယောက် ဒါမှမဟုတ် IT နဲ့ပတ်သက်တဲ့ လုပ်ငန်းအတွေ့အကြုံ ထိုက်သင့်သလောက်ရှိတယ်ဆိုရင်တော့ IP Exam ဖြေစရာမလိုဘဲ FE ကို တိုက်ရိုက်ဖြေဆိုလို့ရပါတယ်။ FE ဖြေဆိုတဲ့အခါ အချိန်နှစ်ချိန်ခွဲကာဖြေဆိုရပါမယ်။
ပထမမနက်ပိုင်း ဖြေဆိုတဲ့အခါမှာတော့ IP လိုပဲ Management, Strategy, Technology နဲ့ပတ်သက်တာတွေဖြေဆိုရမှာဖြစ်ပြီး ဒုတိယညနေပိုင်း ဖြေဆိုတဲ့အခါ IT နဲ့ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာများကို ဖြေဆိုကြရမှာပါ။ Programming Language နှစ်ခုဖြစ်တဲ့ C # နဲ့ Java ထဲမှ ရွေးချယ်ဖြေဆိုရမှာဖြစ်ပြီး Networking, Programming အကြောင်းများပါဝင်မှာဖြစ်ပါတယ်။ Self-study လုပ်တာပဲဖြစ်ဖြစ်၊ သင်တန်းတက်တာပဲဖြစ်ဖြစ် FE ဖြေဆိုဖို့အတွက် အချိန် (၁၀) လ ပေးကာသင်ယူနိုင်ပါတယ်။
IP, FE နဲ့ AP တို့ဟာ သီးသန့်စာမေးပွဲတစ်ခုစီဆိုပေမယ့် IP ဖြေဆိုပြီးရုံနဲ့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်လို့မရနိုင်ပါဘူး။ FE အောင်မြင်ပြီးမှသာ ဂျပန်နိုင်ငံမှာ Work Visa (၅) နှစ်အထိရရှိမှာဖြစ်ပြီး ဂျပန်ကုမ္ပဏီအများစုကလည်း FE Exam အောင်မြင်ပြီးသူတွေကို ပိုမိုလက်ခံစဉ်းစားပေးကြတာဖြစ်လို့ ကျောင်းသား/သူများအနေနဲ့ FE ကိုဖြေဆိုဖို့ ကြိုးစားသင့်ပါတယ်။
အခုပြောပြပေးခဲ့တာတွေကတော့ ဂျပန်နိုင်ငံရဲ့ IT နယ်ပယ်မှာ ရပ်တည်ဖို့ ဂျပန်နိုင်ငံသားတွေရော အာရှနိုင်ငံသားတွေပါ ဖြေဆိုကြရတဲ့ ITPEC ရဲ့ IP နဲ့ FE Exam အကြောင်းပဲဖြစ်ပါတယ်။ IT ကျောင်းဆင်းမဟုတ်ဘဲ ဂျပန်နိုင်ငံရဲ့ IT နယ်ပယ်မှာ အောင်မြင်ချင်တဲ့ ကျောင်းသား/သူတွေအတွက်လည်း အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။
Credit..
မူရင်း page သို့သွားရောက်လေ့လာကြပါရန်
https://www.facebook.com/147545189060001/posts/1335215763626265/

Admin အလုပ်များနေသောကြောင့် page ကို ပစ်ထားမိတာ တောင်းပန်ပါတယ်။ 👏👏နည်းပညာ video တွေ YouTube မှာ တင်ဖို့ လုပ်နေလိုပါ။
Like and sharing လေးလည်းလုပ်ပေးကျပါအုံးခင်ဗျ။☺️☺️
09/12/2021
Facebook အစား ဒီWebsite ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ
လူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။
ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။
ဘာသာစကားအသစ်တွေ လေ့လာမိသလား? တခြားအရည်အသွေးတွေ မြင့်တက်လာသလား?
အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။
ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …
1.Unplug The TV
www.unplugthetv.com
ဒီ Website ထဲကို တစ်ကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တစ်ခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။
2.Skillshare
www.skillshare.com
နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။
3.University of the People
www.uopeople.edu
အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။
4.High Brow
www.highbrow.com
ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။
5.Investopedia
www.investopedia.com
Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။
6.Brain Pump
www.brainpump.net
ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။
7.Spreeder
www.spreeder.com
ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။
8.Coursera
www.coursera.org
Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။
9.Hemingway Editor
www.hemingwayapp.com
လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။
10.edX
www.edx.org
ဒီ Website ထဲမှာ ကမ္ဘာတစ်လွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။
Credit………အခရာ
edX | Free Online Courses by Harvard, MIT, & more Access 2000 free online courses from 140 leading institutions worldwide. Gain new skills and earn a certificate of completion. Join today.
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No 74/5 , K**a Street, 24 Block, Thuwunna, Thingangyum Tsp
Yangon
11211
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |