Nov
25/01/2026
She slayed !!!
Designed with love 🤍
My Handmade white skirt & blouse set looking flawless on the beach 😎
13/01/2026
2025 မှာ ဘာတွေလုပ်ဖြစ်ခဲ့လဲ ??
Nov မနှစ်က ၅ လပိုင်းအကုန်မှာ full time အလုပ်လုပ်ရာကနေ ခဏနားပြီး fashion design ကို အခုသိထားတာထက်ပိုလေ့လာချင်ခဲ့လို့ short course လေးတက်ရင်ကောင်းမလားဆိုပြီး စိတ်ကူးရခဲ့တယ်ပေါ့နော် ….
ကိုယ်သိထားတတ်ထားသမျှက pattern making , sewing ဘက်ကိုပဲ ပိုအားသာနေခဲ့လို့ international college, Uni တွေမှာဆိုရင်ရော ဘာတွေသင်မလဲ… ဘယ်လိုနည်းလမ်းတွေသုံးကြမလဲ … ဘာတွေအသစ်ထပ်ရနိုင်မလဲဆိုပြီး သိချင်ခဲ့တာကြောင့် ၆လ Diploma တက်ဖြစ်ခဲ့ပါတယ် ….
Nov ရွေးချယ်ခဲ့တဲ့ကျောင်းကတော့ ဘန်ကောက်က Raffles International College ပါ …
Raffles က Design နဲ့ပါတ်သက်ရင်နာမည်ကြီးတဲ့ထဲပါလို့ သင်ရမယ့် curriculum တွေလိုက်ဖတ်ကြည့်ရင်း ရွေးဖြစ်ခဲ့တာပါ ….
ဒီလိုနဲ့ ၁၂ လပိုင်းကုန်မှာ ၆လ diploma course လေး ပြီးခဲ့ပါပြီရှင် 😎..
Raffles မှာ ဘာတွေသင်သလဲ? ဘယ်လိုလူတွေအတွက် သင့်တော်လဲ? ဘယ်လိုလူတွေမတက်သင့်လဲ? ဆိုတာကို Nov သင်ခဲ့ရတဲ့ အတွေအကြုံနဲ့ ယှဉ်ပြီးမျှဝေပေးပါအုံးမယ်ရှင် …
ကျောင်းပီးလို့ ဘာတွေရလိုက်လဲဆိုရင် အခုပုံထဲက အချစ်ကလေးတွေရလိုက်ပါတယ် 💜💜
၆လအတွင်း အတူသွား အတူစား ဘာလုပ်လုပ် အတူရှိနေပေးကြတဲ့ စိတ်တူကိုယ်တူ ကလေးတွေနဲ့ပေါင်းပြီး ကိုယ်ပါပြန်ငယ်သွားသလိုခံစားရလို့ သည်းလေးတို့ကို ကျေးဇူးအများကြီးတင်တယ်နော် ….
PS; Nov ဝတ်ထားတာလေးက ချုပ်ထားတာနည်းနည်းတော့ကြာနေပါပီ .. အကျီလေးက Valentinoပိုးကို ကော်ပိတ်ကပ်ထားတာပါ … ချိတ်လုံခြည်ကတော့ ပတ်ထမီချုပ်ထားတာပါ …
၂၀၂၆ မှာတော့ အမြဲupdate လုပ်နိုင်အောင်ကြိုးစားမှာမို့ စောင့်ကြည့်ပေးကြပါအုံးနော် … 💜💜💜
Click here to claim your Sponsored Listing.
Category
Website
Address
Yangon