LoRi Gaming Store
26/04/2026
ဒါနောက်စရာမဟုတ်ဘူးကွ 🤨
26/04/2026
LoRi Exchange မှာ Customer တွေနဲ့ စကားပြောရတာ ဝါသနာပါပြီး ငွေကြေးစာရင်းဇယားပိုင်းကို သေချာတိတိကျကျ လုပ်နိုင်မယ့် Customer Service လေးတွေအလိုရှိပါတယ်ရှင် 💕
📌 အလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းလေးတွေကတော့...
•ငွေလဲနှုန်းတွက်ချက်မှု: နေ့စဉ် ဘတ်-ကျပ် ပေါက်ဈေးတွေကို မျက်ခြေမပြတ်ကြည့်ပြီး မြန်မြန်ဆန်ဆန် တွက်ချက်ပေးနိုင်ရမယ်။
•Instant Reply: Customer တွေရဲ့ Message တွေကို မစောင့်ခိုင်းဘဲ မြန်မြန်နဲ့ သွက်သွက်လက်လက် Reply ပြန်ပေးနိုင်ရပါမယ်။
•Online Active: အလုပ်ချိန်အတွင်းမှာ အမြဲ Online ရှိနေရမယ်နော် (စာပြန်ရင်း ပျောက်သွားတာမျိုး မဖြစ်ရပါဘူး)။
•Backup Plan: မီးပျက်တာ၊ လိုင်းကျတာမျိုးတွေအတွက် Power Bank နဲ့ Mobile Data ကို အမြဲ အဆင်သင့် ဆောင်ထားနိုင်ရပါမယ်။
•Banking Skills: ဘဏ်အကောင့်တွေနဲ့ ငွေအဝင်အထွက် စစ်ဆေးတာ၊ ငွေလွှဲတာတွေကို ကျွမ်းကျင်ရမယ်။
•KPay/Wave/CB: Digital Banking တွေ အသုံးပြုပုံနဲ့ ငွေလွှဲ Limit လေးတွေကို သေချာနားလည်ထားရပါမယ်။
•Accuracy: ငွေကြေးအပေးအယူနဲ့ စာရင်းဇယားမှတ်တဲ့အခါ အမှားအယွင်းမရှိအောင် တိကျသေချာဖို့ အထူးလိုအပ်ပါတယ်။
•Patience: Customer တွေ ဘယ်လောက်ပဲ မေးမေး စိတ်ရှည်လက်ရှည်နဲ့ သဘောကောင်းကောင်း ရှင်းပြပေးနိုင်ရပါမယ်။
•Trustworthy: ငွေကြေးကိစ္စဖြစ်လို့ ရိုးသားဖြောင့်မတ်ပြီး ယုံကြည်စိတ်ချရသူ (လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်သူ) ဖြစ်ရပါမယ်။
•Problem Solving: App လိုင်းကျတာ၊ ငွေဝင်နောက်ကျတာမျိုး အခက်အခဲလေးတွေ ရှိလာရင် ပြာယာမခတ်ဘဲ အေးအေးဆေးဆေးနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ရမယ်။
📩 ဘယ်လိုလျှောက်ရမလဲ?
ဒီအချက်လေးတွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ကိုယ်ရေးရာဇဝင်အကျဉ်း (CV / Personal Bio) လေးကို အောက်ကလင့်ခ်တွေကနေတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်ပါတယ်နော်။
📞 ဆက်သွယ်ရန် -
Email: [email protected]
Telegram:
25/04/2026
Urgent Hiring!!!!!
LoRi Gaming Store ရဲ့ Gaming Account (Buy & Sell ) အတွက် တာဝန်ထမ်းဆောင်ရန် အရောင်းဝန်ထမ်း ( ကျား/မ ) 2 ဦး အလိုရှိပါတယ်.....💕
📌 လျှောက်ထားဖို့အတွက် လိုအပ်ချက်များ
•Game Account အရောင်းဝယ်အကြောင်း ကောင်းမွန်စွာ နားလည်ရမည်။ ✅
•Game Account နဲ့ ပတ်သက်တဲ့ Gmail အပြောင်းအလဲ၊Security ပိုင်းများကို ကျွမ်းကျင်ရမည်။ ✅
•Game နဲ့ပတ်သက်တဲ့ RC ( Insurance / Warranty ) အာမခံကိစ္စများကို ကောင်းစွာနားလည် တတ်ကျွမ်းရမည်။ ✅
•Game နဲ့ပတ်သက်တဲ့ Hero,Skin တွေနဲ့ Item တွေရဲ့ ခန့်မှန်းချေတန်ဖိုးကို တွက်ချက်နိုင်စွမ်းရှိရပါမည်။ ✅
•Social Media ပေါ်တွင် အရောင်း Post များကို စနစ်တကျ ရေးသားတင်ပေးနိုင်ရပါမည်။ ✅
📌 Job Description
•နေ့စဥ် ရောင်းထွက်သွားတဲ့ Account များနဲ့ အသစ်ဝင်လာတဲ့ Account စားရင်းများကို စနစ်တကျ မှတ်တမ်းတင်ရမည်။ ✅
•Customer များရဲ့ မေးမြန်းမှုများကို အချိန်နဲ့တပြေးညီ ပြန်လည်ဖြေကြားပေးရမည်။ ✅
•ရောင်းချမည့် Account များရဲ့ အချက်လက်များကို စနစ်တကျစစ်ဆေးပြီး စိတ်ချရတဲ့ Mail Change နည်းလမ်းများနဲ့ ဝယ်သူကို လွှဲပြောင်းပေးရမည်။ ✅
•Customer များ နားမလည်သည့် RC အာမခံကိစ္စများကို သေချာရှင်းပြပြီး ယုံကြည်မှုတည်ဆောက်ရမည်။ ✅
•Account ပြန်လည် ဝယ်ယူသည့်အခါ Account ရဲ့ တန်ဖိုး ၊ Level နဲ့ Skin အစရှိတာတွေကို စနစ်တကျစစ်ဆေးရပါမည်။ ✅
•ရောင်းချပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နည်းပညာအခက်ခဲများကို ကူညီဖြေရှင်းပေးရပါမည်။ ✅
ဖော်ပြပါအချက်လက်တွေနဲ့ ပြည့်စုံလို့ အလုပ်လျှောက်ထားလိုတယ်ဆိုရင် ကိုယ်ရေးရာဇဝင်အကျဉ်း (CV / Personal Bio) လေးကို အောက်ကလင့်ခ်တွေကနေတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်ပါတယ်နော်။
📞 ဆက်သွယ်ရန် -
Email: [email protected]
Telegram:
25/04/2026
🎮 LoRi Gaming Store အတွက် TikTok Talent ( Female )အလိုရှိပါတယ်ရှင့် 🩷
ဂိမ်းဆော့ရတာ ဝါသနာပါပြီး ကင်မရာရှေ့မှာ စကားပြောရတာ ကြိုက်တဲ့ ညီမလေးတွေအတွက် LoRi Gaming Store ကနေ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 👀
✅LoRi ရဲ့ Main Talent အနေနဲ့ ဗီဒီယိုတွေမှာ ပါဝင်ရမှာမလို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူတွေအတွက် အခွင့်အရေးကောင်းပါပဲရှင်။ 🎬
🎯 ဘာတွေလိုအပ်မလဲ?
•Game Lover: ဂိမ်းတွေကို စိတ်ဝင်စားပြီး Review ကောင်းကောင်းပေးနိုင်ရမယ်။ ✅
•Active Presence: ကင်မရာရှေ့မှာ သွက်သွက်လက်လက်နဲ့ ဆွဲဆောင်မှုရှိရှိ စကားပြောနိုင်ရမယ်။ ✅
•Idea & Trend: TikTok Trend တွေကို အမြဲလေ့လာပြီး Content Idea အသစ်တွေ တွေးနိုင်ရမယ်။ ✅
•Camera Face: ရုပ်ရည်သန့်ပြန့်ပြီး ပရိသတ်ကို ဆွဲဆောင်နိုင်သူဖြစ်ရမယ်။ ✅
💼 ဘာတွေလုပ်ပေးရမလဲ?
•LoRi Gaming Store ရဲ့ Review ဗီဒီယိုတွေမှာ Talent အဖြစ် ပါဝင်ရိုက်ကူးပေးရပါမယ်။
•Game Event တွေအကြောင်း ရှင်းပြတဲ့ ဗီဒီယိုလေးတွေ ရိုက်ရပါမယ်။
•Giveaway နဲ့ Promotion အစီအစဉ်တွေအတွက် Live လွှင့်ပေးရပါမယ်။
(Script နဲ့ Video Editing ပိုင်းအတွက် ပူစရာမလိုပါဘူး၊ LoRi Team က အကုန်ကူညီပေးမှာပါရှင်)
💰 လစာနဲ့ အလုပ်ချိန်
Salary: အရည်အချင်းနဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး 7 Lakhs အထိရရှိနိုင်ပါတယ် ❤️
📩 ဘယ်လိုလျှောက်ရမလဲ?
ဒီအလုပ်လေးကို စိတ်ဝင်စားတဲ့ညီမလေးတွေအနေနဲ့ အောက်ကအချက်လေးတွေကို ဆက်သွယ်ရမယ့် လိပ်စာလေးကို ပို့ပေးပါနော်…
•၁။ ကိုယ်ရေးရာဇဝင်အကျဉ်း (CV Form)
•၂။ ကိုယ်တိုင်ရိုက်ပြီး Edit လုပ်ထားတဲ့ Video Sample (၁) ပုဒ် (စာတန်းထိုးတာ၊ Music နဲ့ ဖြတ်ဆက် Editing လေးတွေ သေချာလုပ်ပြထားဖို့ လိုပါတယ်နော်)
📞 ဆက်သွယ်ရန် -
Email:[email protected]
Telegram:
25/04/2026
MLBB 10th Year Anniversary အတွက် ရောက်ရှိလာမယ့် Layla, Chou နဲ့ Nana's တို့ရဲ့ Skin အသစ်တွေ...💕
24/04/2026
ရှော....🥲
24/04/2026
Lesley ရဲ့ Legend Skin Revamp Event ဟာဆိုရင် April လ 24 ရက်နေ့ကို ရွှေ့သွားပြီးတော့ May 1 ရက်နဲ့ 8 ရက်နေ့တွေမှာ Free Ticket Event တွေလာဖို့ရှိတယ်လို့ သိရပါတယ်...💕
23/04/2026
ဂိမ်းထဲက ဆရာဝန် ဆေးကလည်း ထ-ိုးသေးတယ် 🥲
23/04/2026
ဆျာချောင်ရဲ့ အသစ်ထွက်လာမယ့် Skin တွေလို့ သိရပါတယ် 👀
22/04/2026
နောက်မှနောင်တမရနဲ့ 🤨
22/04/2026
ဒီနေ့ နေ့လည် 2:30 အချိန်မှာ Revamp ထားတဲ့ Lesley Legend Skin Event ပြန်လည်ရောက်လာဖို့ရှိနေပါတယ် 👀
Event အသေးစိတ်ကိုတော့ Event လာရင် ထပ်တင်ပေးသွားပါမယ်ရှင်...💕
21/04/2026
Draft pick ဆိုတာ တစ်တော့ကြည့်ဖို့ကွ :3
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mingalardon
Yangon
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |