The Football Arena - Myanmar
09/08/2025
ဒါဝင်နူးနက်ဇ်ရဲ့ အသင်းအပေါ်ထားတဲ့လေးစားမှုနဲ့ သူ့ရဲ့ mentality ပိုင်းကောင်းမွန်မှုတွေကို အတော်လေးသဘောကျရတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပေမဲ့ ကစားရတဲ့အချိန်တွေမှာ ကြိုးစားကစားခဲ့သလို ဒီရာသီမှာလည်း အသင်းဖက်က သူ့ကိုရောင်းထုတ်ဖို့လုပ်နေချိန်မှာတောင် သူ့ဖက်ကတော့ ရာသီကြိုပွဲစဉ်တွေမှာ ကြိုးကြိုးစားစားရှိခဲ့ပီး အသင်းကိုဆန့်ကျင်တဲ့ပုံစံ နည်းနည်းလေးတောင် မမြင်ခဲ့ရပါဘူး။ ဒါဝင်နူးနက်ဇ်နဲ့ ပတ်သက်ရင် ကျွန်တော်ကသူ့ကိုကာကွယ်ပေးတဲ့ဖက်မှာပဲ အမြဲနေခဲ့တယ်။ ကျွန်တော့်စာတွေ ဖတ်နေကြသူတွေဆို ဒါကိုသိလိမ့်မယ်။ ဒါဝင်နူးနက်ဇ် လီဗာပူးကိုစရောက်တဲ့နှစ်ကတည်းက ပြောင်းရွေ့ကြေးနဲ့တန်းညှိဝေဖန်တာ၊ ဟာလန်းနဲ့နှိုင်းယှဉ်တာတွေက လက်မတွေ့မဆန်ခဲ့တဲ့အရာတွေ။ တကယ်တော့ ဒါဝင်နူးနက်ဇ်ဆိုတာ လူတွေပုံဖျက်သလောက်ဆိုးနေတဲ့ ကစားသမားတော့ဟုတ်မနေဘူး။ သူ့ရဲ့အပိုင်အခွင့်အရေးလွဲချော်မှုတွေကို ကောင်းကောင်းမြင်ကြပေမဲ့ ပွဲအတွင်းက သူ့ရဲ့နည်းဗျူဟာပိုင်းအရ အရေးပါမှုတွေကိုတော့ ဘယ်သူမှမြင်မှာမဟုတ်ဘူး။
ဒါကလည်း trend နောက်လိုက်ကြတဲ့သဘောသဘာဝနဲ့ toxic ဆန်လာမှုတွေပေါ့။ ဒါဝင်နူးနက်ဇ်ဟာ pure striker မဟုတ်ဘူး၊ modern striker တစ်ယောက်။ ကစားပွဲထဲမှာ ဂိုးသွင်းဖို့ဆိုတာထက်ပိုတဲ့ အစိတ်အပိုင်းတွေအများကြီးကိုလုပ်နေတဲ့သူ။ သူ့ရဲ့အခွင့်အရေး လွဲချော်တတ်လေ့ရှိတဲ့အကြောင်း ပြောမယ်ဆိုရင်လည်း ဒီကစားသမားက goal poacher type မဟုတ်ဘူး၊ all rounded attacker တစ်ယောက်ဖြစ်တယ်ဆိုတာကို ထည့်စဉ်းစားပေးဖို့လိုပါတယ်။ နူးနက်ဇ်ရဲ့ရွေ့လျားမှုတွေ၊ half space မှာနေရာယူပုံတွေနဲ့ အားကြိုးမာန်တက်ပြေးလွှားမှုတွေက အသင်းအတွက် တန်ဖိုးရှိလွန်းပါတယ်။ ကျွန်တော်က ဒါဝင်နူးနက်ဇ်အပေါ်ဝေဖန်မှုတွေက မမျှတဘူးလို့ အမြဲတမ်းယူဆခဲ့တဲ့သူ။ ဒါပေမဲ့ ဝေဖန်မှုတွေကြား နူးနက်ဇ်မပျောက်ဆုံးသွားပါစေနဲ့ဆိုတဲ့ ဆန္ဒတော့မပြည့်ခဲ့ဘူးပေါ့။ သေချာတာကတော့ ဒါဝင်နူးနက်ဇ်မပျောက်ဆုံးသွားခဲ့ဘူးဆိုရင်တောင် ရောက်သင့်သလောက်မရောက်ခဲ့ပါဘူး။ အခုတော့ ဆော်ဒီမြေဆီ သူလည်းရွှေ့ပီ။ ငါ့လိုမျိုး မင်းဖက်ကရပ်တည်ခဲ့တဲ့သူတွေ အများကြီးရှိမှာပါ၊ ဆော်ဒီမြေမှာအဆင်ပြေပါစေ ဒါဝင် ….
🔹Page သက်တမ်း 7နှစ်၊ Agent သက်တမ်း 3နှစ်အတွင်း နာမည်ပျက်မရှိပဲ Page Admin ကိုယ်တိုင်ဝန်ဆောင်မှုပေးနေတဲ့ကျွန်တော်တို့ရဲ့ အိုင်ဘတ် ၇၈၉ Service.
🔹ဘောလုံးရာသီသစ်အတွက် အိုင်ဘတ် ၇၈၉ ကစားဖို့ ယုံကြည်စိတ်ချရတဲ့အေးဂျင့်ရှာနေတယ်ဆိုရင် ကျွန်တော်တို့ရှိပါတယ်.
🔹အိုင်ဘတ် ၇၈၉ အတွက် Viber - 09 796 762 418 မှာကျွန်တော်တို့ 24hrs ရှိနေပါတယ်.
04/08/2025
ဘောလုံးရာသီသစ်လည်း ပြန်စတော့မှာဆိုတော့ ထုံးစံအတိုင်း စျေးလေးပြန်ရောင်းခွင့်ပြုပါနော်။ ကြော်ညာလက်ခံထားတာမဟုတ်ပဲ ကျွန်တော်တို့ကိုယ်တိုင် ဝန်ဆောင်မှုပေးနေတဲ့ အိုင်ဘတ်၇၈၉ service နဲ့ပတ်သက်ပီး ပြောပြချင်လို့ပါ။
ကျွန်တော်တို့ page ကိုစဉ်ဆက်မပြတ်အားပေးသူတွေဆို သိပါတယ်။ ကျွန်တော်တို့ဟာ ကြော်ညာလက်ခံခြင်းမရှိပဲ ကျွန်တော်တို့ကိုယ်တိုင် ဝန်ဆောင်မှုပေးတဲ့ အိုင်ဘတ်၇၈၉ ကရတဲ့ကော်မရှင်လေးတွေနဲ့ page ကိုလည်ပတ်နေတာ အေးဂျင့်သက်တမ်း 3နှစ်ဆိုတဲ့ ကာလတစ်ခုကိုရောက်ရှိလာပါပီ။
ဒီ ၃နှစ်အတွင်းမှာလည်း နာမည်ပျက်မရှိ၊ ဝန်ဆောင်မှုမကောင်းလို့ မကစားတော့တဲ့သူဆိုတာလည်း မရှိခဲ့ပါဘူး။ လာရောက်စမ်းသပ်ကစားကြည့်ပါ၊ ဝန်ဆောင်မှုအဆင်မပြေတာတို့၊ ယူနစ်အထုတ်အသွင်းကျန့်ကြာတာတို့တွေ မရှိစေရပါဘူးခင်ဗျာ။
Viber - 09 796 762 418 မှာကျွန်တော်တို့ 24hrs ရှိနေပါတယ် ….
03/07/2025
Shock Breaking News ပါပဲ၊ လီဗာပူးနဲ့ပေါ်တူဂီလက်ရွေးစင်တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာ (28နှစ်) ဟာ ကားအက်စီးဒင့်တစ်ခုကြောင့် အသက်ဆုံးရှုံးသွားပြီလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၅ရက်ကမှ မင်္ဂလာဆောင်ထားတာဖြစ်လို့ သူ့မိသားစုလည်း တအားကိုစိတ်ထိခိုက်ရမှာပါ။
ဂျိုတာနဲ့အတူ ပေါ်တူဂီလိဂ် ၂ ကလပ်၊ Penafiel FC မှာကစားနေတဲ့သူ့ညီ အန်ဒရီဆေးလ်ဗား (25နှစ်) လည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
တစ်ကမ္ဘာလုံးကလီဗာပူးပရိတ်သတ်တိုင်းနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ် ….
စောလွန်းပါတယ် ဂျိုတာရေ၊ အမြဲအမှတ်ရနေမှာပါ ….
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon