Gadei Han Car Rental Services

Gadei Han Car Rental Services

Share

15/12/2023

သာသနာတွင် တံတွေးကို စားနေကြသူများ
~~~~~~~~~~~~~~~~~~~~~~~~

"တံတွေးစား" ဆိုတဲ့ အသုံးအနှုန်းကို ရုတ်တရက် ကြားမိလျှင် ရိုင်းလှချည်လား လို့ တွေးနေမိကြမှာပါ။

ဒီအသုံးအနှုန်းကို သုံးခဲ့တာက ဘုရားရှင်ကိုယ်တော်တိုင် သုံးနှုန်းပြောဆိုခဲ့တာပါ၊

အပြောခံရသူကတော့ နာမည်ကျော် အရှင်ဒေဝဒတ်ပါပဲ၊

ရဟန်းရှင်လူပရိတ်သတ်အလယ်တွင် အရှင်ဒေဝဒတ်က

" မြတ်စွာဘုရား သက်တော်ကြီးပါပြီ၊ အနားယူပါ၊ တပည့်တော် ဘုရားကိုယ်စား သံဃပရိသတ်ကို စောင့်ရှောက် တာဝန်ယူပါမယ်" လို့ လျှောက်ထားတဲ့အခါ

" ဒေဝဒတ် ! သာရိပုတြာနဲ့ မောဂ္ဂလ္လာန်လို ပုဂ္ဂိုလ်မျိုးတောင် ငါက တာဝန်မပေးဘူး၊ သင့်လို တံတွေးစားနေတဲ့သူကို ငါဘုရားက ပေးစရာလား" လို့ ပြန်လည် မိန့်ကြားခဲ့ပါတယ်။

တံတွေးဆိုတာ ရွံရှာ စက်ဆုပ်ဖွယ်ရာ ဖြစ်ပါတယ်၊

ဒီလိုပါပဲ သာသနာမှာ ရဟန်းဖြစ်ပါလျက်
ဆေးကုပေးခြင်း၊
နက္ခတ်ဗေဒင်ဟောခြင်း၊
ယတြာချေခြင်း၊
ချဲဂဏန်းပေးခြင်း၊
လူမှုကိစ္စဆောင်ရွက်ပေးခြင်း အစရှိတဲ့ မိစ္ဆာဇီဝကိစ္စမျိုးနဲ့ ရလာတဲ့ ပစ္စည်းများဟာ အရိယာသူတော်ကောင်းကြီးများအတွက် ရွံရှာစက်ဆုပ်ဖွယ်ရာသာ ဖြစ်၍ ထိုပစ္စည်းတို့ကို မသုံးဆောင်ဘဲ တံတွေးကို စွန့်ပစ်သလို စွန့်ပစ်ကြပါတယ်၊

အရှင်ဒေဝဒတ်ကတော့ အပ်စပ်ခြင်း မအပ်စပ်ခြင်းကို ခွဲခြားမနေတော့ဘဲ လူသိထင်ပေါ် ပစ္စည်းပေါများရေးအတွက် မိစ္ဆာဇီဝနည်းလမ်းများဖြင့် ပစ္စည်းရှာနေသူဖြစ်သည့်အတွက် တံတွေးစားသူလို့ မြတ်စွာဘုရားက ခပ်ရိုင်းရိုင်းလေး ပြောဆိုဆုံးမခဲ့တာပါ။

ဒါ့ကြောင့် သာသနာမှာ ရဟန်းဖြစ်လျက် မိစ္ဆာဇီဝကိစ္စမျိုးဖြင့် လာဘ်လာဘရှာဖွေနေသူများဟာ တံတွေးစားသူများပင် ဖြစ်ပါတယ်။

ကျမ်းညွှန်း။
၁။ စူဠဝါပါဠိတော်၊ ၃၄၇
၂။ စူဠဝဂ္ဂါဒိအဋ္ဌကထာ၊ ၁၁၁
🙏🙏🙏
✍️Ven Abhaya Lankara ✍️

📚📚📚ဦးသိန်း

Photos from M.E.T's post 01/11/2017
Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Hledan
Yangon
111111

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00
18:00 - 19:00
Sunday 09:00 - 17:00
18:00 - 19:00