BCT Training

BCT Training

Share

13/03/2023

Backstage View

Excel File ရဲ့ ဘယ်ဘက်အပေါ်ရှိ File ကို Click လုပ်တဲ့အခါ Backstage View ကို တွေ့မြင်နိုင်ပါတယ်။ Backstage မျက်နှာပြင်တွင် မိမိလုပ်ဆောင်ခဲ့သည့်ဖိုင် (Recent file) များနှင့်အတူ ဖိုင်အသစ်ဖွင့်ခြင်း၊ ဖိုင်သိမ်းဆည်းခြင်း တို့ပါဝင်ပါတယ်။ Backstage View မှာပါတဲ့ Commands တွေရဲ့ လုပ်ဆောင်ချက်တွေကတော့

Info - File protect ပြုလုပ်ခြင်း၊ file ၏ အချက်အလက်များပါဝင်သည်။
New - Worksheet အသစ်များ၊ template အသစ်များပြုလုပ်နိုင်သည်။
Open - File များကိုဖွင့်ပေးသည်။
Save - File များကို သိမ်းဆည်းပေးသည်။
Save As - File အား အခြားနေရာ (သို့) အခြားအမည်ဖြင့် သိမ်းဆည်းနိုင်သည်။
Print - File အား print ထုတ်ခြင်းနှင့် ကြိုတင်ကြည့်ရှုခြင်းများ လုပ်နိုင်သည်။
Share - File အား online ပေါ်သို့မျှဝေခြင်း နှင့် email ပေးပို့ခြင်းများ ပြုလုပ် နိုင်သည်။
Export - File ကို pdf ပြောင်းလဲပေးခြင်း နှင့် အခြားသော file extension type များကို ပြောင်းလဲပေးခြင်းများ ပြုလုပ်နိုင်သည်။
Close - အသုံးပြုနေသည့် worksheet အားပိတ်ခြင်းဖြစ်သည်။
Account - Office Account ၏အချက်အလက်များနှင့် Software ၏ အချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။
Options - Excel program တစ်ခုလုံး၏ လုပ်ဆောင်ချက်များကို အသုံးပြုသူ စိတ်ကြိုက် အသေးစိတ် Details လုပ်ဆောင်နိုင်သည်။

23/02/2023

Website တစ်ခုရှိဖို့လိုလား

လူမှုကွန်ရက် Social Media တွေ မပေါ်ခင်က Website , Blog တွေဆိုတာ မရှိမဖြစ်ပါ။ ခုအချိန်မှာတော့ Facebook ရဲ့ သတင်းအချက်အလက်စီးဆင်းမှု မြန်ဆန်တဲ့ အားသာချက်ကို အသုံးချပြီး လူတွေက စီးပွားရေးလုပ်ကြတော့ Website တွေက မှေးမှိန်သွားတယ်။ ဒီအပေါ်မှာပဲ Facebook Marketing လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ထပ်တိုးလာတော့ အစိုးရရုံးဌာန၊ Banking၊ University တွေကလွဲလို့ Website တွေကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး။ နောက်တစ်ချက်က Social Media ပေါ်မှာက Account, Page, Group အတုတွေဖန်တီးလို့ရတဲ့အတွက် ဘယ်အရာကိုမှ အပြည့်အဝ ယုံကြည်စိတ်ချလို့ မရပါဘူးဆိုတာ ငြင်းလို့မရပါဘူး။

တကယ်တော့ ကိုယ့်ရဲ့ကုမ္ပဏီ၊ လုပ်ငန်းတွေ၊ Product တွေနဲ့ပတ်သက်လို့ Website တစ်ခုရှိထားခြင်းက Professional ဖြစ်တည်မှုကို သက်သေပြနိုင်သလို Customer ယုံကြည်စိတ်ချရမှုကို 100% ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အချက်အလက်တွေကို တစ်နေရာတည်းမှာပဲ စုစည်းဖော်ပြပေးနိုင်ခြင်း၊ Google ရှာဖွေမှုတွေကတစ်ဆင့် Customer တွေတိုးလာနိုင်ခြင်း၊ Web Visitors တွေပေါ်မူတည်ပြီး Google Ads ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ခြင်း၊ ကမ္ဘာတစ်ဝှမ်း ဘယ်နေရာကပဲဖြစ်ဖြစ် 24/7 ကြည့်ရှု အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

Web Design အပြင်အဆင်များကို စိတ်ကြိုက်ဖန်တီးနိုင်ခွင့်ရှိခြင်း၊ ဓာတ်ပုံ/ဗွီဒီယို/ အချက်အလက်များကို ကန့်သတ်ချက်မရှိ လွတ်လပ်စွာမျှဝေနိုင်ခြင်းနှင့် အချိန်မရွေး လွယ်ကူစွာ ပြင်ဆင်ပြောင်းလဲနိုင်ခြင်းက Website ရဲ့ အားသာချက်တွေပါပဲ။ ဒီလောက်ဆိုရင် မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုရဲ့ အနာဂတ်အတွက် Website တစ်ခုရှိခြင်းက လိုအပ်လား/ မလိုအပ်ဘူးလား စဉ်းစားကြည့်ပေါ့ဗျာ။

Okkar

17/02/2023

Facebook Boost/ Ads Services

Facebook ပေါ်မှာ တပိုင်တနိုင် စီးပွားရေးလုပ်ဖို့ Page တွေဖွင့်ပြီး Product တွေကို ရောင်းကြတယ်။ ဒီလိုရောင်းချတဲ့အခါ ကိုယ့်ရဲ့ Page or Product ကို လူသိများအောင် လုပ်ဖို့က အရေးကြီးပါတယ်။ Public Group တွေထဲမှာလိုက်ပြီး Link ချပေးတာမျိုး၊ တခြား Page တွေ အောက်မှာ Comment ပေးတာမျိုး၊ Page Invite လုပ်တာမျိုး အခြေအမြစ်မရှိတာတွေ လုပ်မနေပါနဲ့တော့။ စနစ်တကျနဲ့ ထိရောက်တဲ့ Marketing ဖြစ်ဖို့ Facebook Boost/Ads Services တွေကို မဖြစ်မနေ အသုံးပြုဖို့လိုပါတယ်။

Post မှာပါတဲ့ Boost Button ကိုနှိပ်ပြီး Dollar ($) ထည့်သုံးလိုက်ရုံနဲ့လဲ မှန်ကန်တဲ့ Target Audience ဆီကို မထိရောက်နိုင်ပါဘူး။ Dollar ($) တွေသာ သုံးလိုက်ပြီး ရောင်းမထွက်တာ Follower မတက်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ဒီတော့ Boost/Ads လုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ Content Post ကို စိတ်ဝင်စားမှု ရှိအောင်ရေးခြင်း၊ အရည်အသွေးကောင်းတဲ့ Image များကိုအသုံးပြုခြင်း၊ Ads Management အတွေ့အကြုံရှိခြင်းတို့ကို ပေါင်းစပ်ပြီးလုပ်မှသာ ထိရောက်တဲ့ Facebook Advertising တစ်ခုဖြစ်လာမှာသေချာပါတယ်။

17/02/2023

ယူနီကုဒ် (Unicode)

ယူနီကုဒ်သည် တစ်ကမ္ဘာလုံးရှိ ဘာသာစကားများ အားလုံးအသုံးပြုနိုင်ရန် သတ်မှတ်ပေးထားသည့် တစ်ခုတည်းသော နိုင်ငံတကာစံ သတ်မှတ်ချက် (ISO 10646)၊ နိုင်ငံတိုင်းတွင် အသုံးပြုလျက်ရှိသော အက္ခရာစာလုံးများအတွက် သီးခြားသတ်မှတ်ပေးထားသော နံပါတ်များဖြစ်သည်-
- Any Platform
- Any Program
- Any Language
ဘာသာစကားများကို Font တစ်ခုအဖြစ် ဖန်တီးပြီး မည်သည့်ကွန်ပျူတာစနစ်တွင်မဆို အသုံးပြုနိုင်ရမည်ဖြစ်သည်။

မြန်မာယူနီကုဒ် (Myanmar Unicode)

မြန်မာစာရေးထုံးကို မှန်ကန်စွာအခြေခံပြီး နိုင်ငံတကာစံသတ်မှတ်ချက်နှင့် အပြည့်အဝကိုက်ညီသော မြန်မာစာကွန်ပျူတာစနစ်ဖြစ်သည်။
***ရှင်းလင်းချက်၊ (ကွန်ပျူတာက " စံသတ်မှတ်ချက်" တစ်ခုကို သိလာမှသာ တစ်ကမ္ဘာလုံး မည်သည့်ကွန်ပျူတာကမဆို မြန်မာစာကို နားလည်လာပါမည်။ ကွန်ပျူတာက လက်ခံနိုင်သည့် " စံသတ်မှတ်ချက် " ဆိုသည်မှာ ကကြီးကို U+1000 နှင့် ခခွေးကို U + 1001 အဖြစ် ကုဒ်အနေဖြင့် ပုံသေ သတ်မှတ်ပေးရပါလိမ့်မည်။ သတ်မှတ်ရုံသာမက တစ်ကမ္ဘာလုံးရှိ Software Developer များ သိစေရန်နှင့် တစ်ပြေးညီအသုံးပြုနိုင်စေရန် သတ်မှတ်ပြီး ကြေညာထားကြ ရပါလိမ့်မည်။ ထိုသို့ သတ်မှတ်ကြေညာမှုကို ISO က စံထားပြီးသတ်မှတ်ပေးသည်။)

မြန်မာယူနီကုဒ်၏ စံသတ်မှတ်ချက်များကို လိုက်နာထားသော Font များစွာရှိပါသည်။
Pyidaungsu.ttf
Myanmar3.ttf
Tharlon.ttf
Padauk-book.ttf
Myanmar Cencus.ttf
Win Uni Innwa.ttf
Myanmar Text.ttf
မြန်မာယူနီကုဒ်စနစ်အတိုင်း ရိုက်နိုင်သောကီးဘုတ်များမှာ Keymagic, Keyman, Myanmar-custom, TT Keyboard တို့ဖြစ်သည်။

မြန်မာယူနီကုဒ်စနစ်ကို အသုံးပြုနိုင်သည့် Windows, Linux, Android, iOS, Mac Operating Systems များတွင် အသုံးပြုနိုင်ပါသည်။‌

-------
အမျိုးသားစံချိန်စံညွှန်းကောင်စီသည် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)ပါ လုပ်ငန်းတာဝန်များအရ MMS ISO/IEC 10646:2017 သတင်းအချက်အလက် နည်းပညာ၊ နိုင်ငံတကာသုံးယူနီကုဒ်စံစနစ်အား မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ကြောင်း ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (ဝ၂၂/၂၀၁၉)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
၁၀။ ၂၀၁၉ ခုနှစ် ဧပြီလ (၁)ရက်တွင် အစိုးရဌာနများသည် ISO 10646 နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ်နှင့် ကိုက်ညီသော မြန်မာယူနီကုဒ်သို့ အောင်မြင်စွာ ကူးပြောင်းခဲ့ပြီးဖြစ်သည်။ ကျန်ရှိနေသော နည်းပညာအခက်အခဲအချို့ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အောက်မှ Natural Language Processing Lab (NLP Lab) နှင့် ပြင်ပ ပညာရှင်များ ပူးပေါင်းဖြေရှင်းပေးလျက်ရှိသည်။

.org

13/01/2022

စာလုံးပေါင်းသတ်ပုံနှင့် သဒ္ဒါစစ်ဆေးခြင်း (Spelling & Grammer)

Word Document မှာ စာသားအကြောင်းအရာတွေကို ရေးသားတဲ့နေရာမှာ မှားယွင်းတဲ့ စာလုံးပေါင်းသတ်ပုံနဲ့ သဒ္ဒါအမှားများကို စစ်ဆေးပေးနိုင်တဲ့ Options ပါဝင်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ စာလုံး (Word) ၏ သတ်ပုံမှားယွင်းနေရင် စာလုံးရဲ့အောက်မှာ အနီရောင်မျဉ်းတွန့် ဖြင့်ဖော်ပြပါလိမ့်မယ်။ အကယ်၍ သင်ရေးလိုက်တဲ့ စာကြောင်းရဲ့ သဒ္ဒါမှားယွင်းမှု ဖြစ်နေရင်တော့ အပြာရောင်မျဉ်းတွန့်နဲ့ ဖော်ပြပေးပါလိမ့်မယ်။

မှားယွင်းမှုများကို ပြင်ဆင်ဖို့အတွက်တော့ Review Tab ထဲက Spelling & Grammer Options ကို သွားပါ။ မှားနေတဲ့ စာလုံးတွေအတွက် မှန်ကန်တဲ့ စာလုံးကိုဖော်ပြပေးထားပါတယ်။ ပြီးရင်တော့ မှားယွင်းမှုတွေကို ပြင်ဆင်နိုင်မယ့် ခန့်မှန်းချက် Suggestions ကို ရွေးချယ်နိုင်ပါတယ်။




&_Grammer

Telegram Channel
https://t.me/bcttraining247

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
11062