Hello Nay Pyi Taw
08/05/2025
မင်္ဂလာပါခင်ဗျ
ကြယ်တံခွန် အိမ်ခြံမြေမှ ကြုိဆိုပါတယ်ခင်ဗျ
နေပြည်တော် ရဲ့ အဓိက မိန်းလမ်းမကြီး
ပျဥ်းမနား -တောင် ညိုလမ်းမေးတင်
မျက်နှာစာ ၆၀ပေ
နောက်ကို ၁၅၀ပေ
ဂရန်အမည်ပေါက်
အရောင်း
စျေးနှုန်း ၂၇၀၀၀သိန်း (ညှိနှိုင်း)
0943020246
09400096563
#နေရာကောင်းမိန်းလမ်း #မြေဝယ်စုချင်သူများ #နေရာကောင်း #
28/10/2024
နေပြည်တော် ၊ဥတ္တရသီရိမြို့နယ်၊ဘဏ်ဇုန်အနီး၊ဇလပ်ဝါပလာဇာအနီး ၊ ၁၀၀ပတ်လည် ၊တစ်ထပ်တိုက်အရောင်း။
မာစတာ ၁ခန်း
ရိုး၂ခန်း
အုတ်တံတိုင်းပတ်လည်ခတ်ပြီး
အသင့်တက်နေရုံ
စျေးနှုန်း ၁၂၀၀၀သိန်း ညှိနှိုင်း
၀၉၄၃၀၂၀၂၄၆
၀၉၄၀၀၀၉၆၅၆၃
#အသင့်နေအိမ်
#ခြံကျယ်ကျယ်
#စျေးဝယ်စင်တာများနှင့်နီး
#ဘဏ်ဇုန်
28/11/2022
သူအရပ်နဲ့ သူဇာတ်
မြေကွက်အရောင်းအ၀ယ်မှာလည်း သူအရပ်နဲ့သူဇာတ်ဆိုသလို လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ အရိုးစွဲအလေ့အထလေးတွေရှိပါတယ်။ ဥပမာ ။ ။ ရန်ကုန်မှာမြေဝယ်မယ်ဆို မြေကွက်အမည်ပေါက်စစ်၊ပထမစရံချ ၊ ကန့်ကွက်သူရှိမရှိသတင်းစာထည့်၊ရောင်းချသူကိုအရောင်းမြေပုံထုတ်ခိုင်းပါတယ်၊ အခွန်ဆောင် ၊ မှတ်ပုံတင်စာချုပ်ချုပ်ရင်ငွေဘယ်လောက်ချေ၊တချို့ အမည်ပေါက်တဲ့အထိ အဆင့်ဆင့်ငွေ ပေးချေကြပါတယ် ။အတော်လည်းကြာကြပါတယ်။ အဲ့လိုအဆင့်ဆင့်မလုပ်လို့ ပိုင်ဆိုင်မှုဆုံးရှုံးခဲ့ ကြတာလည်းသာဓကတွေများတာကို။သို့ပေမဲ့ နေပြည်တော်မှာတော့ လုပ်ဆောင်ပုံကျောရိုးလည်းမပျောက်အောင် စရံချ၊သတင်းစာထည့်၊ကာလ (၁)လဆိုင်းပြီး၊ငွေအကြေချေတဲ့နေ့မှာ ဝယ်သူကို အထူးကိုယ်စားလှယ်လွှဲစာပေးအပ်လိုက်ကြပါတယ်။ဝယ်သူက အထူးကိုယ်စာလှယ်လွှဲစာ ကိုကိုင်ပြီးရောင်သူကိုယ်စား ဝယ်သူအမည်ပေါက်ရအောင် တစ်ရုံးဝင် တစ်ရုံးထွက်လိုက်လံဆောင်ရွက်ကြရပါတယ် ။အဲအတိုင်းခေါက်ရိုးကျိုးနေကြပါတယ်။ရန်ကုန် = နေပြည်တော် ကွာခြားချက်ကတော့ ရန်ကုန်မြေကွက်မြေရာဇဝင်က ရှည်ကြာပြီး ပိုင်ရှင်အဆင့်ဆင့်ပြောင်းလာတာတစ်ကြောင်း၊မြေပုံမြေရာဇဝင်ကိုမှ မထုတ်ကြည့်၊သေချာမစစ်ဆေးရင်လွဲမှားနိုင်ချေများတာကြောင့် အရောင်းအဝယ်လုပ်ရာမှာအဆင့်မကျော်ပဲ တစ်ဆင့်ပြီးတစ်လုပ်ဆောင်ကြပါတယ်၊နေပြည်တော်မြေကွက်များမှာတော့ မြေကွက်ဖော်ဆောင်တာ မကြာသေးသည်ကတစ်ကြောင်း၊ အများအားဖြင့် ပိုင်ရှင် တစ်ဦးနှစ်ဦး သာပြောင်းပြီး မြေကွက်မြေရာဇဝင် မရှုပ်ထွေးသေးတာကြောင့် အရောင်းအဝယ်စာချုပ်ချုပ်ဆို၊အထူးကိုယ်စားလှယ်လွဲစာပေးပြီးတာနဲ့ တခါတည်းငွေချေကြပါတယ်။အခြားကွာဟချက်များ ကိုတော့ နောက်နေ့ဆက်ရေးပေးပါမယ်ခင်ဗျာ ။ကျေးဇူးတင်ပါတယ်။
28/11/2022
မနေ့က မြေယာအကြောင်း ဖတ်မှတ်မိတာ လေးမျှဝေပါရစေ ယခင်ရှေးဘုရင်စနစ်ကတည်းက ဘုရင်တွေမြေယာစီမံခန့်ခွဲတာ အရေးကြီးပုံ အနော်ရထာမင်းကြီးရဲ စိုက်ဧကတိုးချဲ့ တမံအသစ်တွေတည်ဆောက်ပြီး ပုဂံသူပုဂံသားတို့ ကြီးပွားတိုးတက်ပုံတွေ၊ဘုရင်တွေက ၀တ္တကမြ(ဘုရားမြေ)မြေမှလွဲ၍ ကျန်မြေများ အခွန်ဆက်သရပုံတွေဖတ်မှတ်မိပါတယ်။ထူးရှားတာက အဲ့ခေတ်တည်က လူတွေအခွန်ရှောင်ကြပါတယ်။အခွန်ရှောင်ချင်လို့ ၀တ္တကမြေ(ဘုရားမြေ)စာရင်းထဲပေါင်းထည့်ကြပါတယ်။မြေတိုင်းတာရေးအဖွဲ့တွေကလည်း စာရင်းအမှန်ဖြစ်အောင်ထိန်းသိမ်းကြရပါတယ်။လူတွေ အခွန်လျှော့ကောက်တာ ကြိုက်ပုံကတော့ သီပေါမင်းခေတ် အထက်မြန်မာပြည် ၊အောက်မြန်မာပြည် ကွဲသွားတဲ့အချိန် အစက အထက်မြန်မာပြည်မှာ လူဦးရေများပြားပြီး ဘုရင်စနစ်ရဲ့ အခွန်အတုတ်အောက်မှာနေထိုင်ကြပါတယ်။အဲ့အချိန် အောက်မြန်မာပြည်မှာ စိုက် စိုက်ပျိုးသူတွေနည်းပါးလာကြပြီး အဂ်လိပ်အစိုးရက အခွန်အတုတ်ကင်းလွတ်လျော့ပေါ့ပေးမယ့် အစီအစဥ်ကြောင့် အထက်မြန်မာပြည်က စိုက်ပျိုးသူတွေက အောက်မြန်မာပြည်သို့ပြောင်းရွှေ့လုပ်ကိုင်ကြပါတယ်။ဘယ်လောက်တောင် ပြောင်းရွှေ့လည်းဆိုရင် ၃ပုံ ၁ပုံ ပဲ အထက်မြန်မာပြည်မာကျန်ခဲ့ပါတယ်။အခွန်လျော့ပေါ့ပေးတာကို လူတွေအရမ်းနှစ်သက်ကြကြောင်းပြောရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon