TeleMobile

TeleMobile

Share

18/05/2026

ဆိုင်ဖွင့်တာနဲ့ ဆိုင်က ဝန်ထမ်းတွေ အရင်ဆုံး ဘာလုပ်ရလဲသိလား။

ဆိုင်ရှေ့မှာ ရှိတဲ့ ခွေးချေးကို အရင် သန့်ရှင်းရေးလုပ်ရပါတယ်။

ခွေးချေးက ပလက်ဖောင်းပေါ်ကပ်နေရင် ​ရေလောင်းကာ တံမြတ်စီးအကြမ်းနဲ့ ​ လှည်းချရတယ်။ ဆပ်ပြာမှုန့် ဖြူးပြီး ထပ်ပြီး ပြောင်အောင် လှည်းချရတယ်။

မသိတဲ့ သူက ပိုတယ်လို့ ထင်မှာပဲ။ လမ်းပေါ်ပါထားတဲ့ ခွေးချေးကို ဒီလို အားအားယားယား လုပ်ဖို့ လို့သလားလို့ မေးငေါ့ကြမှာပဲ။

ဆိုင်ရှေ့ခွေးချေး တည်သွားတာ ပြဿနာ မဟုတ်ပါဘူး။ အဲ့ဒီခွေးချေးကို လူတယောက်က မမြင်ဘဲ နင်းလာပြီး ဆိုင်ထဲဝင်လာရင် ဇာတ်လမ်းက စပါပြီ။

တခါက အဲ့လိုပဲ ခွေးချေးနင်းလာပြီး တဆိုင်လုံး ပတ်သွားထားတာများ။ ခွေးချေး အဝါကွက်တွေများ နေရာစုံ။ လူစားတဲ့ အစာတွေပဲ စားကြတဲ့ ရန်ကုန် ခွေးချေးနံကတော့ သိတဲ့ အတိိုင်းပါပဲ။

တဆိုင်လုံးကို ဆပ်ပြာမှုန့်း နင်းကြမ်းပတ်ပြီး ဆေးပေရော့...။

ခွေးတွေက တော့ ဆိုင်ရှေ့လာ မပါ တက်ပါဘူး။ ခွေးမွေးသူက ဆိုင်ရှေ့လာလာ တည်ကြတော့ TeleMobile က ဝန်ထမ်းတွေဆိုတာ အလုပ်ကို ရလို့..ဆို

ခွေးချေးဆေးရပါ များလာရင် ခွေးချေးဆိုတဲ့ အသံကို မကြားချင်တော့ဘူးရယ်...။

ဆိုင်မဖွင့်ခင် ဆိုင် ရှေ့ ခွေးချေးလာတည်တဲ့ သူက မသိသလို လုပ်ပြီး တည်ထားခဲ့ပေမယ့် ဆိုင်ဖွင့်ပြီးဆိုတာနဲ့ ဆိုင်က လူတွေက ရေပုံးကိုင်သူကိုင် တံမြတ်စီးကိုင်သူကိုင်ကာနဲ့ အလုပ် ရကြလေသတည်း...။
Photo Credit

25/04/2026

Borofone ရဲ့ 30,000 mAh ကိုမှ ကိုးသောင်းငါးထောင်ပဲ ရှိတဲ့ Power Bank လေး

DBT46 က 30,000 mAh ပါတဲ့အပြင် 22.5Watt, QC3.0 . PD 20Watt တွေပါလို့ ဖုန်းအားသွင်းမြန်ချင်တဲ့ သူတွေနဲ့ Capacity အကြီးကြီး လိုအပ်နေတဲ့ သူတွေ အတွက် ဈေးနှုန်းသက်သာတဲ့အပြင် ပစ္စည်းကောင်းလေးမို့ ပြောပြပေးလိုက်ပါတယ်။

23/04/2026

ငါ့ကို သတိတရ စာပို့တာဆိုလို့ ကျား ဖြန့်တွေပဲ ရှိတယ်။

စီးပွားရေးလုပ်ခြင်းရဲ့ နောက်ကွယ်မှာ ဖုန်းနံပါတ်ကို လူတိုင်းသိတော့ ဟိုလူက ပို့ကြ၊ ဒီလူက ပို့ကြနဲ့ရယ်...

သူတို့ကလည်း သူတို့ Target ပြည့်အောင် ပို့ကြတယ် ထင်ပါတယ်။

ပျံနေတဲ့ ငှက်အုပ်ထဲ ခဲတလုံး ပြစ်ထည့်လိုက်သလို မှန်ချင်ရာမှန်...

ငါတို့တွေမှာလည်း အရည်မရ အဖက်မရကို ထိုင်မဖတ်နိုင်တာကြောင့် Block ရလေသတည်း....

😇😇😇

တသက်နဲ့ တကိုယ် ကိုယ်မသိတဲ့ ဖုန်းနံပါတ်ကို ခဏတိုင်း Block ရမယ်လို့ အရင်က မသိခဲ့ဘူးရယ်..။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 19, U Chit Maung Road ( West Horse Race RD), Bahan Township
Yangon
11181

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 21:00
Thursday 08:30 - 22:00
Friday 08:30 - 22:00
Saturday 08:30 - 22:00
Sunday 08:30 - 22:30