Kharismatic Learning Center
01/08/2024
🔥 ကမ္ဘာဦးလူသားတွေ မီးကို စတင်အသုံးချနိုင်ခဲ့ခြင်းဟာ သက်ရှိလောကရဲ့ ထိပ်ဆုံးကို ရောက်သွားတဲ့အကြောင်းရင်းတခုလို့ ပညာရှင်တွေက ဆိုကြပါတယ်။
🛰 မီးကိုတွေ့ပြီးတဲ့နောက် ကျောက်ခေတ်၊သံခေတ်၊ကြေးခေတ်တွေကိုဖြတ်သန်းရင်း၊ အသစ်အသစ်တွေကို စူးစမ်းလေ့လာကြရင်းဒီကနေ့ ကမ္ဘာကြီးဟာစတုတ္ထစက်မှုတော်လှန်ရေးလို့ အမည်ပေးထားတဲ့ Industry 4.0 ခေတ်ကြီးဆီ ရောက်လို့လာပါပြီ။
အခုဆိုရင် VR နည်းပညာလို့ခေါ်တဲ့ ပုံရိပ်ယောင်ဝန်းကျင်တု (Virtual Reality) ကိုဖန်တီးပြီး ပညာရေး၊လူမှုရေး၊စီးပွားရေး ကဏ္ဍအသီးသီးမှာအသုံးပြုဖို့ကြိုးစားနေကြပါပြီ။
နည်းပညာတော်လှန်ရေးတွေနဲ့အတူ အတွေးအခေါ်တော်လှန်ရေးတွေလည်းခေတ်အဆက်ဆက် ပေါ်ထွန်းလာကြပါတယ်။
မျိုးဆက်တွေကွာခြားလာတာနဲ့အမျှ အတွေးအခေါ်တွေဟာလည်း ပြောင်းလဲလာကြပါတယ်။
မပြောင်းလဲတာက လူသားတွေဟာ အမြဲပဲ အသစ်အသစ်တွေကို စူးစမ်းလေ့လာလိုကြတာပါပဲ။
အထူးသဖြင့်တော့မျိုးဆက်သစ် လူငယ်တွေဟာ အတွေ့အကြုံသစ်တွေကိုစူးစမ်းလိုတယ်၊ အတွေးအခေါ်သစ်တွေကိုနှစ်သက်တယ်၊ လွတ်လပ်မှုကိုမြတ်နိုးကြတယ်။
လူငယ်ဆိုတာ အားသစ်အင်သစ်တွေနဲ့ပြည့်ဝနေသူတွေပါ။
ဒီအင်အားတွေထဲမှာ စာနာတတ်တဲ့စိတ်၊ မြော်မြင်တတ်တဲ့ ဉာဏ်ရည် တွေ ကို ဖြည့်လိုက်ရင် နည်းပညာတော်လှန်ရေး၊ အတွေးအခေါ်တော်လှန်ရေးတွေကို သယ်ဆောင်လာတဲ့ လူငယ်တွေရဲ့ စွမ်းဆောင်မှုဟာ လူ့ဘောင်ကိုလင်းလက်စေမှာ အမှန်ပါပဲ။
20/09/2023
🌻 ဆန်းဖလားဝါး၏ ပန်းချီသင်တန်းများကို ပုဂံပန်းချီသင်တန်းအဖြစ် ၁၉၈၀ မှ ၁၉၈၂ အထိ၊ ရန်ကုန် YMCA တွင် ၁၉၈၃ မှ ၂၀၀၀ ခုနှစ် အထိ သင်ကြားခဲ့ပြီး၊ ဆန်းဖလားဝါးအမည်ဖြင့် ၁၉၉၄ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့သည်။ 🌻
👉 ဆန်းဖလားဝါး၏ ပုံမှန် သင်တန်းများ 👈
===========================
1. ကလေးပန်းချီ အလုပ်ရုံ (6 နှစ်မှ 12 နှစ်) 🧒🎨 - ကလေးများ၏ တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း ကောင်းမွန်မှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ စုပေါင်း လုပ်ဆောင်တတ်မှု တို့ကို ဦးစားပေး လုပ်ဆောင်စေသော သင်တန်း ဖြစ်ပါသည်။
📣 လစဉ်သင်တန်းကြေး = 50,000 ကျပ်
📌 သင်ထောက်ကူ ပစ္စည်းကို သင်တန်းသားမှ ယူလာရန် ဖြစ်ပါသည်။
မှတ်ချက် - ပုံဆွဲ စက္ကူ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ရောင်စုံခဲတံ (သို့မဟုတ်) ခရေယွန် (သို့မဟုတ်) ပတ်စတယ်၊ ပိုစတာရေဆေး၊ စုတ်တံ၊ ရောင်စုံစက္ကူ၊ စက္ကူအထူ စသည့် ပစ္စည်းများ လိုအပ်မည် ဖြစ်ပြီး၊ သင်ခန်းစာအလိုက် လိုအပ်သည့် ပစ္စည်းများကို ကြိုတင် အကြောင်းကြားပေးပါမည်။
2. အသက် 12 နှစ် အထက် အခြေခံပန်းချီ 🧑🎨 (ကြာမြင့်ချိန်- 3 လ)
📣 လစဉ် သင်တန်းကြေး = 30,000 ကျပ်
📌 သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသားမှယူလာရန် ဖြစ်ပါသည်။
မှတ်ချက် - ပုံဆွဲ စက္ကူ/စာအုပ်၊ ခဲတံ၊ ခဲဖျက် တို့လိုအပ်မည် ဖြစ်ပါသည်။
3. အသက် 12 နှစ် အထက် အခြေခံပန်းချီ+တီထွင်ဖန်တီးမှု (သို့မဟုတ်) လုပ်ငန်းပန်းချီ 🎨🖌️ (ကြာမြင့်ချိန်- 6 လ)
📣 လစဉ်သင်တန်းကြေး = 50,000 ကျပ်
📌 သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသားမှ ယူလာရန် ဖြစ်ပါသည်။
မှတ်ချက် - ပုံဆွဲ စက္ကူ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ရောင်စုံခဲတံ(သို့မဟုတ်) ခရေယွန် (သို့မဟုတ်) ပတ်စတယ်၊ ပိုစတာရေဆေး၊ စုတ်တံ၊ ရောင်စုံစက္ကူ၊ စက္ကူအထူ စသည့် ပစ္စည်းများ လိုအပ်မည် ဖြစ်ပြီး သင်ခန်းစာအလိုက် လိုအပ်သည့် ပစ္စည်းများကို ကြိုတင်အကြောင်းကြားပေးပါမည်။
👉 သင်တန်းချိန်
⏰ သင်ချိန် 1 နာရီခွဲ ကြာမြင့်ပြီး၊ အချိန်အသေးစိတ်ကို မေးမြန်းနိုင်ပါသည်။
👉 သင်တန်းနေရာ
🏡 ရှမ်းကုန်းလမ်း - (စနေ - တနင်္ဂနွေ)
🏡 ကြို့ကုန်း - (တနင်္လာ၊ အင်္ဂါ)
လစဉ် မည်သည့်ရက်မှ မဆို စတင်တက်ရောက်နိုင်ပြီး၊ သတ်မှတ်ထားသည့် သင်ရိုးအတိုင်း၊ သင်ကြားချိန် ၈ ကြိမ်အပြည့် သင်ကြားပေးပါမည်။ (မှတ်ချက် - သင်တန်းသားဖက်မှ ပျက်ကွက်ပါက သင်ကြားချိန် ၂ ကြိမ်ထိ ဆရာမှ ပြန်လည် အစားထိုး သင်ကြားပေးမည် ဖြစ်ပါသည်။ ဆရာဘက်မှ ပျက်ကွက်ခဲ့ပါက အချိန်ပြည့် ပြန်လည် အစားထိုးသင်ကြားပေးမည် ဖြစ်ပါသည်။)
☎️ ဆက်သွယ်ရန် - 09788827180 နှင့် Sunflower Art Gallery & Art Classes Facebook စာမျက်နှာမှ တဆင့် ဆက်သွယ်နိုင်ပါသည်။
📣 (အသက် ၄ နှစ်မှ ၆ နှစ်အတွင်း ကလေးများအတွက် သိပ္ပံ ဘာသာရပ် အခြေခံကို နားလည်စေမည့် သင်ခန်းစာများကို၊ ရှေးဦးကလေးငယ်စောင့်ရှောက်ခြင်းနှင့် ဖွံဖြိုးမှု နည်းစနစ်များ (ECCD)၊ တီထွင်ဖန်တီးမှု ပန်းချီ (Creative Art) သင်ခန်းစာများဖြင့် တပတ်တွင် (၃) ရက် အောက်တိုဘာလဆန်းမှ စတင်ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။
သင်တန်းအသေးစိတ်ကို ထပ်မံကြေညာပါမည်။
စိတ်ဝင်စားသူ မိဘများ ကြိုတင် စုံစမ်းနိုင်ပါသည် ဖုန်း- ၀၉၄၂၀၀၀၃၈၅၇)
24/03/2023
"ခေတ်ကို ဘယ်လိုတိုးဝင်ကြမလဲ"
နည်းပညာတိုးတက်မှုတွေ အဟုန်ပြင်းလှတဲ့ ဒီနေ့ခေတ်ကြီးမှာ တကယ့်အစစ်အမှန်တွေက အတုအယောင်တွေအောက်မှာ မထင်မရှားဖြစ်နေတတ်ပါတယ်။
ဆက်သွယ်မှုမီဒီယာတွေကလဲကိုယ့်နံဘေးပတ်ဝန်းကျင်မှာပေါများလွန်းတဲ့အတွက် သတင်းတွေဟာ မြန်ဆန်စွာ ပြန့်နှံ့နေပါတယ်။
ဖောင်းပွတဲ့သတင်းတွေကြား အစစ်အမှန်ကို ရွေးတတ်ဖို့ အတွက် စာကို ဘယ်လိုဖတ်ကြမလဲ ဆိုတာလေးကို လူငယ်တွေထံ လက်ဆင့်ကမ်းရင်း . .
'သုတ' သာမက 'ရသ' ကိုလည်း ခံစားတတ်စေဖို့ တိုက်တွန်းခဲ့ပါတယ်။
လူငယ်တွေ တိုင်းပြည်ကို ဆင်ခြင်ဥာဏ်များနဲ့ တည်ဆောက်နိုင်ကြပါစေကြောင်း Kharismatic Learning Center ကဆုမွန်တောင်းရင်း ဒီကနေ့ ကြိုးစားသင်ပြခဲ့ပါတယ်။
23/01/2023
Kharismatic မှာ ဖွင့်လှစ်မည့် ပန်းချီသင်တန်းလေးပါ 🎨
11/12/2022
Kharismatic Learning Center က “စေတနာ . . ဝါသနာ . . နည်းနာ ၊ သင်ကြားမှုအနုပညာ” လို့ အမည်ပေးထားတဲ့ တစ်ပတ်တာ Online သင်တန်းလေး ရပ်နားထားချိန်မှာ ဒီသင်တန်းလေးကို အွန်လိုင်းကမဟုတ်ပဲ ပြင်ပမှာ လာရောက်သင်ကြားပေးဖို့ စေတနာရှင်တစ်စု က Kharismatic ကို ဖိတ်ခေါ်ခဲ့ပါတယ်။
အနီးအပါးရွာက ကလေးတွေအားကိုးအားထားပြုကြတဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းလေး မှာ ဒီစေတနာရှင်များက လိုအပ်တဲ့ အဆောက်အဦများ၊ စာအုပ်စာတမ်း၊ ငွေကြေးများလှူနေခဲ့ကြတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ ဒီတခါတော့ သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမလေးတွေအတွက် အထောက်အကူပြုမယ့် သင်တန်းလေးတစ်ခု လုပ်ပေးပြီးလှူချင်တယ်လို့ ဆိုပါတယ်။
Kharismatic Learning Center အနေနဲ့ ဒီဖိတ်ခေါ်ချက်ကို ရရှိချိန်မှာ အင်မတန် ဝမ်းသာမိပါတယ်။ တပတ်တာလုပ်ခဲ့တဲ့ Online Course လေးကိုလည်း သူတို့လိုက်လံပို့ဆောင် အချိန်ပေးနိုင်တဲ့ တစ်ရက်တာနဲ့ ကိုက်ညီအောင် ပြုပြင်ပြီး သင်ကြားရေးဆရာတွေအတွက် အရေးပါလှတဲ့ ဘလွန်းသီအိုရီကို ကျောင်းသင်ရိုးစာအုပ်များနဲ့ချိတ်ဆက်သင်ကြားပေးခဲ့ပါတယ်။
ပဲခူးမြို့အနီး အလိုင်နီဆည်နံဘေးက သာယာလှတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ သဘာဝလေကိုအားပါးတရ ရှူရှိုက်ရင်း တစ်ရက်တာ သင်ကြားမှုကို ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ခဲ့နိုင်ပါတယ်။
အောင်သိဒ္ဓိဘုန်းတော်ကြီးသင်အလယ်တန်းကျောင်းမှ ဆရာတော်၊ သင်တန်းဖြစ်မြောက်စေဖို့ ကမကထပြုလုပ်ခဲ့သူအလှူရှင်များနဲ့ သင်တန်းမှာ စိတ်ပါလက်ပါ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ သင်တန်းသားများကို ကျေးဇူးတင်ရှိပါကြောင်း Kharismatic က လေးစားစွာ မှတ်တမ်းတင်အပ်ပါတယ်။
06/09/2022
၅ ကြိမ်မြောက် Better Learning Online Class လေး ပြီးဆုံးခဲ့ပြန်ပါပြီ။ 🎉🥳
ကျောင်းစာတွေ၊ လိုင်းအခက်အခဲတွေကြားကပဲ ကြိုးစားတက်ရောက်ပေးခဲ့ကြတဲ့ ကလေးတွေကို ကျေးဇူးတင်မိပါတယ်။ ❤️
ဒီသင်တန်းလေးဟာ ကလေးတို့ရဲ့ ထင်မြင်ချက်တွေ၊ ဆွေးနွေးမှုတွေကို အလေးပေးပြုလုပ်စေခဲ့တဲ့ သင်တန်းလေးဖြစ်တာမို့ သူတို့လေးတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ သင်တန်းကို ပိုပြီး သက်ဝင်လှုပ်ရှားစေပါတယ်။
ဆယ်ကျော်သက်တို့ရဲ့ အတွေးလေးတွေက ပွင့်လင်းလွတ်လပ်ပြီး ချစ်စရာကောင်းနေပါတယ်။ သူတို့လေးတွေဖန်တီးထားတဲ့ ကဗျာလေးတွေကို ဖတ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
ထပ်မံဖွင့်လှစ်နိုင်ဖို့လည်း ကြိုးစားသွားပါမယ်ရှင်။ 🌻
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |
| Sunday | 08:00 - 17:00 |