The Crest

The Crest

Share

23/08/2023

သိသင့်သော အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန Room Status code များ
(အပိုင်း-၄)

Single Lock - SL
ပုံမှန်ရှင်းနေကျအခန်းပါပဲ တံခါးပိတ်ထားတယ်။ ဝန်ထမ်းရဲ့သော့နဲ့ဖွင့်လို့ရတယ်
Double Lock - DL
ဒီအခန်းမျိုးကျတော့ ဝန်ထမ်းမှာရှိတဲ့ section key or floor key နဲ့ဖွင့်လို့မရတော့ပဲ Master or Grand Master key နဲ့ဖွင့်မှရတော့တဲ့အခန်းပါ။
ဧည့်သည်အခန်းက DL ဆို ဝန်ထမ်းက DND လိုပဲ အခန်းဘေးမှာ DL နဲ့ အချိန်ကိုမှတ် ပြန်ခါနီး ၂နာရီအထိ DLဆို အထက်အရာရှိကိုပြော အထက်အရာရှိက အခန်းထဲကိုဖုန်းခေါ် ဧည့်သည်ရှိရင် DL ဖြစ်နေလို့ပါ အခန်းရှင်းပေးရမလားဘာညာနဲ့ ပြော အဆင်ပြေရင် ရှင်းလို့ရပြီ။ refuse ဆိုလည်း refuse ပေါ့။
ဖုန်းဆက်မရဘူး ဧည့်သည်ရှိမရှိမသေချာဘူးဆို အထက်အရာရှိက FO ကို ဒီအခန်း DLဆိုတာ အကြောင်းကြား လိုအပ်ရင် တာဝန်ကျ ဂျူတီမန်နေဂျာက ဆက်ပြီးလုပ်လိမ့်မယ်။ ဝန်ထမ်းအလုပ်က အထက်အရာရှိကိုအကြောင်းကြားဖို့ပဲ။ ကိုယ်က ကြီးကြပ်ရေးမှူး ဒါမှမဟုတ် တာဝန်ယူရသူတယောက်ယောက်ဆို အပေါ်ကပြောတာတွေက လုပ်ကိုလုပ်ရမှာအပြင် daily report ထဲပါထည့်ရေးပြီးမှတ်တမ်းယူထားရပါမယ်။
တဆက်ထဲမှတ်ရမှာက DL မဟုတ်တဲ့
Chain Lock or Security Latches - CL
chain lock က ချိန်းကြိုးလေးနဲ့ သူ့ဘုသီးလေးကို လိုင်းထဲထည့်တဲ့ဟာပါ။ security latches ကတော့ အချောင်းလိုက်ကွင်းနဲ့ ပတ္တာလိုဟာမျိုးလေးပါ။
တံခါးနဲ့ ကျည်းပေါင် ကို ချိတ်ထားလို့ရတဲ့ဟာလေးတွေပါ။
ဧည့်သည်တွေက များသောအားဖြင့်အခန်းထဲမှာရှိနေရင် Single lock ပဲချပြီး chainlock ကို တပ်ထားတပ်ကြပါတယ်။ ဒီတော့ အခန်းကို SOP အတိုင်းတံခါးခေါက်ပြီးလို့ တံခါးဖွင့်ရင် ညင်ညင်သာသာလေးနဲ့ ဖွင့်ဖို့အကြံပေးပါတယ်။ chain lock တပ်ထားတဲ့အချိန် တံခါးကို ပုံမှန်အရှိန်နဲ့ဖွင့်ရင်တောင် ဆောင့်ပိတ်လိုက်သလိုအသံအကျယ်ကြီးထွက်တတ်တာမို့ ဧည့်သည်အိပ်နေတယ်ဆိုရင် အလန့်တကြားနဲ့နိုးပြီး စိတ်မကြည်မလင်နဲ့ အခန့်မသင့်ရင် ကိုယ့်ကို ပြဿနာရှာတတ်လို့ပါ။

Lock Out - LO
အခန်းက Lock ကျပြီး ဧည့်သည်က အခန်းထဲပြန်ဝင်လို့မရတာ သို့မဟုတ် ဧည့်သည်သော့နဲ့ အခန်းကို ဖွင့်လို့မရတော့တဲ့အခါမျိုးကိုဆိုလိုတာပါ။.ပုံမှန်ဖြစ်နေကျ သော့ကျန်ခဲ့တာဖြစ်ဖြစ်၊ သော့ပါပေမယ့် ဖွင့်လို့မရတာမျိုးဖြစ်ဖြစ် (*** digital lock ဖြစ်တဲ့ card key နဲ့ sensor key စတာတွေမှာဖြစ်တတ်ပါတယ်။ ***Key system တွေအကြောင်းကို သပ်သပ် post ရေးပါမယ်)
ဒီ Card Key, Sensor Key System မှာ ဖွင့်မရတာ အကြောင်းအမျိုးမျိုးဖြစ်နိုင်ပါတယ်။ Key ကြောင်တာရယ်၊ နောက်တမျိုးက အခန်းခတွေ မပေးချေရသေးလို့ reception က lock ချထားတာရယ်၊ Due out အခန်းက ၁၂နာရီကျော်သွားလို့ Key က အလုပ်မလုပ်တော့တာရယ်ကြောင့်ပါ။
ဒီလိုအခြေအနေနဲ့ ကြုံလာခဲ့ရင် ဝန်ထမ်းတယောက်အနေနဲ့ မိမိသော့နဲ့ ဖွင့်ပေးလိုက်မယ်လို့မစဉ်းစားပါနဲ့။ အကြီးကြီးပြဿနာရှိသွားနိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းက ဧည့်သည်ကို reception ကိုသွားပြီး အကြောင်းကြားဖို့ပြောပါ။ ဒါကလည်း သူ့ရဲ့လုံခြုံရေးအတွက်ပါ (for your own safety) ဆိုတာကို ဧည့်သည်သိပါစေ။
ဒီဧည့်သည်ကိုငါသိတယ်။ ငါ့ကိုအမြဲဘောက်ဆူးပေးနေကျလို့တွေးပြီး ဖွင့်ပေးခဲ့ရင်လည်း တခုခုဖြစ်လာခဲ့ရင် ကိုယ့်သမိုင်းကိုယ်ရေးပဲပေါ့။
ကြုံတုန်း အဖြစ်အပျက်လေးတခု ဖောက်သည်ချချင်ပါတယ်။ ဟိုတယ်တခုမှာ စုံတွဲတတွဲလာတည်းတယ်။ ECO (expected check out date အရ ၇ရက်နေမှာ) ဧည့်သည်အမျိုးသမီးက ဝန်ထမ်းကိုနေ့တိုင်း Tip ၅၀၀၀ ပေးတယ်။ ၃ရက်မြောက်နေ့ ဧည့်သည်စုံတွဲအတူတူ အပြင်ထွက်သွားတယ်။ နေ့လည်လောက် အမျိုးသမီးတယောက်ထဲပြန်လာတယ်။ သော့မပါလို့ ဝန်ထမ်းကို အခန်းဖွင့်ခိုင်းတယ်။ (သော့က Metal Key) ဝန်ထမ်းက ဖွင့်ပေးလိုက်တယ်။ ခဏကြာတော့ အမျိုးသမီးအိတ်တလုံးဆွဲပြီးပြန်ထွက်သွားတယ်။ ညနေကျ​အမျိုးသားပြန်လာတော့ ပြဿနာစရော။ အခန်းထဲထားခဲ့တဲ့ တန်ဖိုးကြီး ငွေနဲ့တခြားဟာတွေ အကုန်မရှိတော့ဘူး။ အဲဒီတော့မှ ဝန်ထမ်းသိလိုက်ရတာက လင်မယားမဟုတ်ပဲ ဟိုလူကြီးက ပါဆယ်ဆွဲလာတာ ပါဆယ်က အကုန်မပြေးတာ။ ကဲ....ရှင်းစမ်းပဲ... ရှည်ပြီးဖွင့်ပေးလိုက်တာကိုး။ အမှန်က reception ကို သွားခိုင်းလိုက်ရင် အနည်းဆုံးတော့ ကိုယ်ပြဿနာမတက်ဘူး။ ဆင်ခြင်နိုင်ကြပါစေ။

Sleep out - SO
ဧည့်သည် ညက ဒီအခန်းထဲမှာ ပြန်မအိပ်ဘူး သို့မဟုတ် အိပ်ယာကိုအသုံးမပြုထားဘူးဆိုတဲ့အခြေအနေမျိုးမှာသုံးပါတယ်။ (ဒီအခန်းထဲလို့ပြောတာနော် ဟိုဖက်အခန်းသွားအိပ်နေလည်း SO ပဲ 😂)
သတိထားရမှာက SO status ကို SO လို့ reportထဲ ရေးပြီးမှတ်ထားပါ။
Sleep Out ဆို ထပ်ကြည့်ပြီးတွဲရေးရမှာရှိပါတယ် Luggage ကျန်မကျန်ပါ။ တခါတလေ Sleep Out က Skip ဖြစ်သွားနိုင်လို့ပါ။
Heavy Luggage - HL
အခန်းထဲမှာ ပုံမှန်ထက်ပိုများတဲ့ အထုပ်အပိုးတွေရှိတယ်။
Light Luggage - LL အထုပ်အပိုးပုံမှန်ထက်နည်း သို့မဟုတ် မဆိုစလောက်ပဲရှိတယ်
No Luggage NL အထုပ်အပိုးမရှိဘူး။
No Luggage ကို နောက်တမျိုးအနေနဲ့ Scanty Luggage လို့လည်း တချို့နေရာတွေမှာ ခေါ်ပေမယ့် ကျနော်ကတော့ Scanty Luggage ဆိုတာ ကို ပစ္စည်းတွေကိုအခန်းထဲမှာ ပစ္စလက်ခတ်ပြန့်ကျဲ ထားထားတဲ့ အခြေအနေမျိုးမှာသာသုံးဖို့ရေးဖို့ အကြံပေးချင်ပါတယ်။
e.g. SONL, SOLL, SOHL ပုံမှန်ဆို Sleep out with Luggage-SOWLပေါ့
Skipper - Skip
အခန်းခ မရှင်းရသေးပဲ တိတ်တဆိတ် ထွက်သွားတဲ့ဧည့်သည်ကိုခေါ်တာပါ။ နောက်မှလာရှင်းသည်ဖြစ်စေ မရှင်းသည်ဖြစ်စေ skip status တွေ့ခဲ့ရင် ဒီလိုပဲမှတ်ယူပါ။
No Show - No Show
အခန်းကို reservation လုပ်ပြီး ပေါ်မလာဇာတ်ကားရိုက်သွားတဲ့အခါမျိုးမှာသုံးတဲ့ Status ပါ။
House Use - House / HU
အခြေအနေတခုခုကြောင့် ဟိုတယ်ဝန်ထမ်း/တွေ ကို အသုံးပြုဖို့ပေးထားတဲ့ အခန်းကိုပြောတာပါ။ အများအားဖြင့်တော့ တာဝန်ကျ မန်နေဂျာ/အရာရှိ (MoD/EoD) အတွက် ပေးထားတဲ့အခန်းဖြစ်တာများပါတယ်။
Day Use - Day / DU
ညမအိပ်ပဲ နေ့တပိုင်းသာ check in ဝင်ပြီးအသုံးပြုတဲ့အခန်းပါ။ Session အခန်းတွေနဲ့တော့မမှားစေလိုပါ။
DU က Internationalမှာဆို ပုံမှန် Check In အချိန်မှာဝင်ပြီး ညဖက် Night Audit မလုပ်ခင် ထွက်ပါတယ်။ မြန်မာမှာတော့ ရုံးချိန်အတိုင်း အခန်းထဲ ရုံးလာတက်ကြတာများပါတယ် 😂😂😂

On Queue - Que
Arrived နဲ့အတူတူပါပဲ။ မတူတာက Arrived က reservation လုပ်ထားတာ Que က waiting listထဲပါတာ။ ၂ခုစလုံးတူတာက ဧည့်သည်က ဟိုတယ်ထဲရောက်နေပြီး အခန်းလွတ်မရှိသေးလို့ထိုင်စောင့်နေတာပါ။ အခန်းလွတ်ပေါ်တာနဲ့ ချက်ချင်းရှင်းပေးဖို့ reception က HK ကို သေချာပေါက် ဖိအားပေးပါမယ်။
မြန်မာနိုင်ငံမှာ ဒီအ​​ခြေအနေမျိုးကို ဘယ်အချိန်မှာကြုံရတတ်သလဲဆို အခါကြီးရက်ကြီးနဲ့ ချစ်သူများနေ့တွေမှာ အများဆုံး တွေ့ရတတ်ပါတယ် 😂😂😂

တော်ပြီဗျာ.... ရေးရင်းနဲ့ ပေါက်ကရ အခွီီတွေဖြစ်ကုန်ပြီ 😂😂😂

ကျန်တာကို အပိုင်း ၅မှာ ဆက်ရေးပါမယ်

20/08/2023

သိသင့်သော အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာန Room Status code များ
အပိုင်း-၂

vacant room နဲ့ပါတ်သက်တဲ့ status တွေ ကုန်သလောက်ဖြစ်ပြီထင်လို့ occupied room status တွေကို ဆက်ပြီးရေးပါမယ်။

Occupied Dirty or Dirty Occupied
(OD or DiOcc)
ဒီstatus ကတော့ များများသားစားပြောစရာမလိုပါဘူး အိပ်ခန်းဆောင်ထိန်းသိမ်းရေးဝန်ထမ်းတိုင်းသိကြမှာပါ။
ဧည့်သည်ရှိပြီး ဒီနေ့အတွက် မရှင်းရသေးတဲ့အခန်း (သို့မဟုတ်) ရှင်းရမယ့်အခန်းပါ။ ဒီအခန်းတွေရဲ့ status အနောက်မှာ ကပ်ပါလာတတ်တဲ့ status တွေက အမျိုးမျိုးရှိနိုင်ပါတယ်။

Due Out
ဒီဧည့်သည်အခန်းက ဒီနေ့ထွက်မယ်လို့ပြောတဲ့ status ပါ။
မှားတတ်တာက Expected Check Out ဆိုတာနဲ့ပါ။ Expected Check Out ဆိုတဲ့ status အနောက်မှာ Date ပါပါတယ်။ အဲဒီနေ့ရက်ရောက်ရင် ဧည့်သည်က Check Out ထွက်လိမ့်မယ် သို့မဟုတ် ထွက်နိုင်တယ်လို့​ဆိုလိုတာပါ။
ပုံမှန်အတိုင်းဆို Due Out အခန်းတွေကို ဝန်ထမ်းများက ဧည့်သည်ထွက်မှရှင်းကြပါတယ်။ ပုံမှန်ဆိုတာ ၁၂နာရီ (Standard Check out time) နောက်ပိုင်းကိုပြောတာပါ။ ဧည့်သည် CO လုပ်ပြီဆိုတာနဲ့ ကြီးကြပ်ရေးမှူး သို့မဟုတ် ဝန်ထမ်းက အဲဒီအခန်းကိုဝင်ပြီးချက်ခြင်းစစ်ဆေးရပါတယ်။ ဘာတွေစစ်ရတာလဲဆိုတော့ ဧည့်သည်ပစ္စည်းတစုံတရာ ကျန်/မကျန်နဲ့ အခန်းအတွင်းပေးထားတဲ့ Facility တွေ ပျက်စီးပျောက်ဆုံးမှု ရှိမရှိ နဲ့ Minibar item တွေ အသုံးပြုထားခြင်းရှိမရှိ ဆိုတာပါပဲ။ ဟိုတယ် အသေးတွေမှာဆိုစစ်ဆေးပြီး ဧည့်ကြိုကိုအကြောင်းကြားရပါတယ်။ ဒါပေမယ့်လည်း တချို့အခြေအနေတွေမှာ Due Out Status ကနေ Stayover အဖြစ်ပြောင်းလဲတတ်ပါတယ်။
Stayover - Stay
ဒီ Status က ဧည့်သည် Check out မထွက်ဖြစ်ပဲ ဆက်နေမယ်ဆိုတဲ့အခြေအနေပါ။ ဒါကို ဝန်ထမ်းတွေက ပုံမှန် မသိနိုင်ပါဘူး။ ကြီးကြပ်ရေးမှူးက တာဝန်ကျ ဝန်ထမ်းသိရှိအောင်လို့ အကြောင်းကြား ပြောပြရပြီး Room Status ကလည်း Due Out -> Stayover-> Occupied Dirty အဖြစ်ပြောင်းသွားလို့ ပုံမှန် ဧည့်သည်ရှိတဲ့ အခန်းတခုလို သန့်ရှင်းရေးပြန်လုပ်ပေးရပါမယ်။

Check out
Room Status မှာ Check out - C/O
ဆိုတာတွေ့ရင် အဲဒီအခန်းက မကြာသေးခင် ၂နာရီအတွင်း ဧည့်သည်အခန်းပြန်အပ်သွားပြီဆိုတဲ့ status ပါ။
အခန်းထဲဝင်ပြီး ရှင်းတဲ့အချိန် တွေ့ရနိုင်မယ့် lost and found items တွေကို သေချာမှတ်တမ်းမှတ်ရာနဲ့တကွသိမ်းပြီး တာဝန်ကျ ကြီးကြပ်ရေးမှူးကိုအကြောင်းကြားပါ။
စားစရာ သောက်စရာတွေတွေ့ရင်လည်း ငတ်ကြီးကျပြီး လုံးဝ လုံးဝ မစားပါနဲ့။ စားမိသွားလို့ ပြဿနာဖြစ်ခဲ့ရင်လည်း မလိမ်မညာပဲ အမှန်အတိုင်း ကိုယ့်အထက်အရာရှိကို ပြောပြပါ။ ဘာမဟုတ်တဲ့အရာတွေနဲ့ နင် တတ်ပါတယ် 😁
ဘီယာပုလင်းထဲ ရှူရှူးပေါက်ထည့်ထားတာကို ပွပြီအမှတ်နဲ့ သောက်ချလိုက်တဲ့ သေးသောက်ဝန်ထမ်း Room Change တာကို Checkout ထင်ပြီး အခန်းထဲ ပျော်ပွဲစားထွက်မိတဲ့ ပစ်ကနစ်ဝန်ထမ်းတွေ ဒုက္ခနဲ့ လှလှတေံတာ သင့်အရင် မရေတွက်နိုင်တော့တာမို့ အဲဒီလူတွေထဲ သင် မပါအောင် ဂရုစိုက်ပါ။

Checkout အခန်းတွေကိုနောက်မှရှင်းမယ်စဥ်းစားနေတုန်း သင့် Maidsheet ထဲ တာဝန်ကျ ကြီးကြပ်ရေးမှူးက Arrived ဆိုတာ အဲဒီအခန်း status အနောက်မှာလာရေးသွားရင် သင်ပျားတုပ်ပါပြီ။
ဟုတ်ပါတယ်... FO ကလည်းသင့်ကို သို့မဟုတ် တာဝန်ကျ သင့်အထက်အရာရှိကို rush room လို့ဆိုပြီး ဖုန်းနဲ့အသိပေးပါလိမ့်မယ်။ အမြန်သာရှင်းပေတော့ အဲဒီအခန်းကိုဝင်မယ့် ဧည့်သည်က ဟိုတယ် ဧည့်ခန်း(Lobby) မှာ ထိုင်စောင့်နေပါပြီလို့

ပုံမှန်ဆို FO က ဧည့်ကြို receptionist တွေက reservation လုပ်ထားတဲ့ ဧည့်သည်တွေကို အခန်းတွေရှိနေလျှက်နဲ့ ဒီလိုမျိုး rush cleaning လုပ်ပြီးပေးတာမျိုးမလုပ်ပါဘူး။ သူတို့လည်း ဧည့်သည်ကို Lobby မှာထိုင်မစောင့်ခိုင်းစေချင်သလို HK ကဝန်ထမ်းတွေကိုလည်း အတင်းဖိအားပေးခိုင်တာမျိုးမလုပ်ကြပါဘူး။
ရွေးချယ်စရာ အခန်းလွတ်မရှိတော့ရင်၊ ဧည့်သည်က အခန်းနံပါတ်နဲ့တကွ ဒါပဲလိုချင်တယ်ပြောလာခဲ့ရင် ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီလို ဧည့်သည်တွေက အများအားဖြင့် FIT (free independent tourist/traveller) သို့မဟုတ် Walk in guest (Reservation/Booking မလုပ်ထားပဲ တည်းခိုရန် ဝင်လာသောဧည့်သည်) များဖြစ်ကြပါတယ်။

အပိုင်း ၁
အပိုင်း ၃ ဆက်ရန်

Photos from The Crest's post 24/12/2020

(U)
😷 မြန်မာနိုင်ငံမှာ Covid19 ကူးစက်ရောဂါ ပထမဆုံးတွေ့ရသည့် ၂၀၂၀ ခုနှစ် မတ်လမှ ရေတွက်လျှင် ရောဂါဖြစ်ပွားနေသည်မှာ ယခုဆို ၉ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ အမျိုးမျိုးသော နည်းလမ်းများအသုံးပြုပြီး ရောဂါပိုးကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကာကွယ်ခဲ့သည်ကိုလည်း တွေ့မြင်သိရှိရပြီးဖြစ်ပါတယ်။ လုပ်ငန်းများ အချိန်ကြာမြင့်စွာပိတ်ထားရခြင်း၊ ခရီးသွားလာခြင်းများကို ကန့်သတ်ရခြင်းတို့ကြောင့် မိမိတို့ ဟိုတယ်လုပ်ငန်းအများစု စီးပွားရေးအရ များစွာအထိနာကြသည်ကိုလည်း သိရှိကြပြီးဖြစ်ပါတယ်။

😷 မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားကဏ္ဍပြန်လည်ဦးမော့လာစေရန်၊ safety protocols များ ပြည့်စုံသည့် လုပ်ငန်းများကို Safe Service Badge များ ထုတ်ပြန်ပေးရန်နှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု စိတ်ချရသည့် ဝန်ဆောင်မှုလုပ်ငန်းများမှသည် နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရန်ဆိုသည့် ပြည့်စုံကောင်းမွန်သော ရည်ရွယ်ချက် (၃)ရပ်နှင့်အတူ National Level, Regional Level, International Level Safe Tourism badge များ စစ်ဆေးထုတ်ပြန်ပေးမည့် "Enchanting Myanmar Safety Protocols" ဟုဆိုသည့် လုပ်ငန်းစဉ်တရပ်အား မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးဆောင်ကြီးကြပ်ပြီး ယခု ဒီဇင်ဘာလအတွင်း အတည်ပြုထုတ်ပြန်လိုက်ပါသည်။

😷 ၎င်း Safe Tourism Badge များအတွက် စစ်ဆေးမှုခံယူရန် ပြည့်စုံကောင်းမွန်သည့် Covid19 ကာကွယ်ရေးစီမံချက်များ၊ လုပ်ငန်းပြန်ဖွင့်ရန် အဆင်သင့်ဖြစ်နေရမည့် လုပ်ငန်းစဉ်များ၊ Covid19 နှင့်လိုက်လျောညီထွေစွာ ပြင်ဆင်ရမည့် SOP များနှင့်ပတ်သက်ပြီး အစ၊ အဆုံး ကူညီရေးဆွဲပေးရန် ကျနော်များ The Crest မှ Certified Trainer များမှ "Reopening Readiness Plan" ဆိုသည့် သင်တန်းတခုကို "Enchanting Myanmar Safety Protocols များ၊ Inspection Form များနှင့်အညီ အသေးစိတ်ရေးဆွဲပြင်ဆင်ထားပြီးဖြစ်ပါသည်။

😷 လူကြီးမင်းတို့ လုပ်ငန်းများ အမြန်ဆုံး ပြန်ဖွင့်နိုင်ရန် စစ်ဆေးမှုလုပ်ငန်းစဉ်များ အမြန်ဆုံး အဆင်ပြေချောမွေ့စွာပြီးစီးလိုပါက ကျနော်များ The Crest နှင့် လက်တွဲဆောင်ရွက်နိုင်ပါသည်။

😷 Reopening Readiness Plan ၏ အားသာချက်အချို့မှာ -
👉🏻 မိမိတို့ဟိုတယ်အလိုက် သီးသန့် Unique Plan တခုထွက်ရှိလာမည်။
👉🏻 ဝန်ထမ်း (၁၅) ယောက်အထိ ILO နှင့် SIYB Myanmar တို့မှ အသိအမှတ်ပြုလက်မှတ် ရရှိမည်။
👉🏻 WHO ၏ မွမ်းမံသင်တန်းများ ပြီးစီးထားပြီးဖြစ်သည့် ILO/SIYB မှ Certified Trainers များမှ ဦးဆောင်သင်ကြားပြသပေးမည်။
👉🏻 Enchanting Myanmar Safe Tourism Badge ရရှိရန် စစ်ဆေးခံရမည့် ပုံစံများ၊ Form များ၊ Template များ သိရှိနားလည်ပြီး စစ်ဆေးခံခြင်းလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာပြီးစီးနိုင်ရမည်။
👉🏻 MOHS, CDC နှင့် WHO တို့၏ Covid19 နောက်ဆုံးရ သတင်းများ၊ guideline များကို သိရှိနားလည်နိုင်မည်။
👉🏻 အဆင်သင့်သုံးနိုင်မည့် နံရံကပ် Poster များ လက်ခံရရှိမည်။
👉🏻 လုပ်ငန်းခွင်အတွင်း ကူးစက်ရောဂါ ကင်းဝေးစေရန် Internal Auditing အဆင့်ဆင့်ပြုလုပ်ပုံများကို Chief Assessor များနှင့် ဆွေးနွေးတိုင်ပင်ခွင့်ရရှိမည်။
👉🏻 ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းပေးသွင်းထားပါက ၅၀% အထိ သက်သာခွင့်ရရှိမည်။

ကျနော်များ The Crest မှ လူကြီးမင်းတို့လုပ်ငန်းများ အမြန်ဆုံးဖွင့်လှစ်ခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးလိုပါသဖြင့် စိတ်ဝင်စားပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

📣 [email protected]
📣 0943032116
📣 RRP Requisition Form - "https://forms.gle/o4MEQhgX1eJfwuti7" ဖြည့်သွင်းပေးပါက မိမိတို့ဖက်မှ ပြန်လည် ဆက်သွယ်ပေးပါမည်။
----------------------------------------------------------------------------------
(Z)
😷 မြန်မာနိုင်ငံမှာ Covid19 ကူးစက်ရောဂါ ပထမဆုံးတွေ့ရသည့် ၂၀၂၀ ခုနှစ် မတ်လမှ ရေတွက်လျှင် ရောဂါဖြစ်ပွားနေသည်မှာ ယခုဆို ၉ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ အမျိုးမျိုးသော နည်းလမ်းများအသုံးပြုပြီး ရောဂါပိုးကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကာကွယ်ခဲ့သည်ကိုလည်း တွေ့မြင်သိရှိရပြီးဖြစ်ပါတယ်။ လုပ်ငန်းများ အချိန်ကြာမြင့်စွာပိတ်ထားရခြင်း၊ ခရီးသွားလာခြင်းများကို ကန့်သတ်ရခြင်းတို့ကြောင့် မိမိတို့ ဟိုတယ်လုပ်ငန်းအများစု စီးပွားရေးအရ များစွာအထိနာကြသည်ကိုလည်း သိရှိကြပြီးဖြစ်ပါတယ်။

😷 မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားကဏ္ဍပြန်လည်ဦးမော့လာစေရန်၊ safety protocols များ ပြည့်စုံသည့် လုပ်ငန်းများကို Safe Service Badge များ ထုတ်ပြန်ပေးရန်နှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု စိတ်ချရသည့် ဝန်ဆောင်မှုလုပ်ငန်းများမှသည် နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရန်ဆိုသည့် ပြည့်စုံကောင်းမွန်သော ရည်ရွယ်ချက် (၃)ရပ်နှင့်အတူ National Level, Regional Level, International Level Safe Tourism badge များ စစ်ဆေးထုတ်ပြန်ပေးမည့် "Enchanting Myanmar Safety Protocols" ဟုဆိုသည့် လုပ်ငန်းစဉ်တရပ်အား မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနမှ ဦးဆောင်ကြီးကြပ်ပြီး ယခု ဒီဇင်ဘာလအတွင်း အတည်ပြုထုတ်ပြန်လိုက်ပါသည်။

😷 ၄င်း Safe Tourism Badge များအတွက် စစ်ဆေးမှုခံယူရန် ပြည့်စုံကောင်းမွန်သည့် Covid19 ကာကွယ်ရေးစီမံချက်များ၊ လုပ်ငန်းပြန်ဖွင့်ရန် အဆင်သင့်ဖြစ်နေရမည့် လုပ်ငန်းစဉ်များ၊ Covid19 နှင့်လိုက်လျောညီထွေစွာ ပြင်ဆင်ရမည့် SOP များနှင့်ပတ်သက်ပြီး အစ၊ အဆုံး ကူညီရေးဆွဲပေးရန် ကျနော်များ The Crest မှ Certified Trainer များမှ "Reopening Readiness Plan" ဆိုသည့် သင်တန်းတခုကို "Enchanting Myanmar Safety Protocols များ၊ Inspection Form များနှင့်အညီ အသေးစိတ်ရေးဆွဲပြင်ဆင်ထားပြီးဖြစ်ပါသည်။

😷 လူကြီးမင်းတို့ လုပ်ငန်းများ အမြန်ဆုံး ပြန်ဖွင့်နိုင်ရန် စစ်ဆေးမှုလုပ်ငန်းစဉ်များ အမြန်ဆုံး အဆင်ပြေချောမွေ့စွာပြီးစီးလိုပါက ကျနော်များ The Crest နှင့် လက်တွဲဆောင်ရွက်နိုင်ပါသည်။

😷 Reopening Readiness Plan ၏ အားသာချက်အချို့မှာ -
👉🏻 မိမိတို့ဟိုတယ်အလိုက် သီးသန့် Unique Plan တခုထွက်ရှိလာမည်။
👉🏻 ၀န်ထမ်း (၁၅) ယောက်အထိ ILO နှင့် SIYB Myanmar တို့မှ အသိအမှတ်ပြုလက်မှတ် ရရှိမည်။
👉🏻 WHO ၏ မွမ်းမံသင်တန်းများ ပြီးစီးထားပြီးဖြစ်သည့် ILO/SIYB မှ Certified Trainers များမှ ဦးဆောင်သင်ကြားပြသပေးမည်။
👉🏻 Enchanting Myanmar Safe Tourism Badge ရရှိရန် စစ်ဆေးခံရမည့် ပုံစံများ၊ Form များ၊ Template များ သိရှိနားလည်ပြီး စစ်ဆေးခံခြင်းလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာပြီးစီးနိုင်ရမည်။
👉🏻 MOHS, CDC နှင့် WHO တို့၏ Covid19 နောက်ဆုံးရ သတင်းများ၊ guideline များကို သိရှိနားလည်နိုင်မည်။
👉🏻 အဆင်သင့်သုံးနိုင်မည့် နံရံကပ် Poster များ လက်ခံရရှိမည်။
👉🏻 လုပ်ငန်းခွင်အတွင်း ကူးစက်ရောဂါ ကင်းဝေးစေရန် Internal Auditing အဆင့်ဆင့်ပြုလုပ်ပုံများကို Chief Assessor များနှင့် ဆွေးနွေးတိုင်ပင်ခွင့်ရရှိမည်။
👉🏻 ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းပေးသွင်းထားပါက ၅၀% အထိ သက်သာခွင့်ရရှိမည်။

ကျနော်များ The Crest မှ လူကြီးမင်းတို့လုပ်ငန်းများ အမြန်ဆုံးဖွင့်လှစ်ခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးလိုပါသဖြင့် စိတ်၀င်စားပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

📣 [email protected]
📣 0943032116
📣 RRP Requisition Form - "https://forms.gle/o4MEQhgX1eJfwuti7" ဖြည့်သွင်းပေးပါက မိမိတို့ဖက်မှ ပြန်လည် ဆက်သွယ်ပေးပါမည်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 32, Pyay Road, Hmawbi
Yangon
130103