Metta Myanmar

Metta Myanmar

Share

03/06/2026

📢 WE'RE HIRING

Metta Myanmar Trading Co., Ltd (FMCG) ရန်ကုန်ရုံးတွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီသော ဝန်ထမ်းများကို အမြန်ခေါ်ယူနေပါသည်။

🛎️ Urgent Vacancies

✅ Brand Manager (M/F - 1 Post)
✅ Modern Trade Supervisor (M/F - 1 Post)
✅ Sales Supervisor (M/F - 1 Post)
✅ Sales Representative (M/F - 10 Posts)
✅ Sales Admin (M/F - 1 Post)

📌 Requirements

• ဘွဲ့ရ (သို့) ကျောင်းကိစ္စရှင်းလင်းပြီးသူ
• သက်ဆိုင်ရာရာထူးအလိုက် လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်
• Teamwork ဖြင့် လုပ်ကိုင်နိုင်သူ
• တာဝန်ယူမှုရှိပြီး အကျင့်စာရိတ္တကောင်းမွန်သူ
• သင်ယူလိုစိတ်ရှိပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူ

💰 Salary & Benefits

✨ Attractive Basic Salary
✨ Other Allowances
✨ Performance Incentive
✨ Career Growth Opportunities
✨ Friendly Working Environment

⏰ Working Hours
08:30 AM – 05:00 PM

📅 Holidays
• Saturday (Alternate Off)
• Sunday
• Public Holidays

📍 Office Address
No.164, Baho Street, Ward (2), Mayangone Township, Yangon.

စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက CV Form အား

📱 Viber - 09 795 188 420
📩 Email - [email protected]

သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Photos from Metta Myanmar 's post 30/05/2026

🩵 Happy Birthday to our May Born Team Members! 🎉✨

Metta Myanmar ရဲ့ ရန်ကုန်ရုံးချုပ် နှင့် မန္တလေးရုံးခွဲ မှာရှိတဲ့ May Born လေးတွေအတွက် မွေးနေ့ ဂုဏ်ပြုပေးခဲ့ပါတယ်။

ကုမ္ပဏီအပေါ် စိတ်စေတနာအပြည့်နဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ လုပ်ငန်းခွင်မှာလည်း ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေ။

28/05/2026

ချစ်ခင်ရပါသော အစ္စလာမ်ဘာသာဝင် မိဘပြည်သူများအားလုံး မင်္ဂလာရှိသော Eid al-Adha (ကုရ်ဘာနီအိဒ်နေ့) မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း 𝗠𝗲𝘁𝘁𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🤝✨
ဒီလို နေ့ထူးနေ့မြတ်ကနေစပြီး အပြန်အလှန် မျှဝေခြင်း၊ မေတ္တာထားခြင်းတွေနဲ့အတူ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စရာ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

01/05/2026

🩵 နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားအားထုတ်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို လေးစားဂုဏ်ပြုသောအားဖြင့်

👷 လောကကြီးကို ပိုမိုလှပအောင် ဖန်တီးပေးနေတဲ့အလုပ်သမားတစ်ဦးချင်းစီရဲ့ ချွေးစက်တိုင်းဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။အလုပ်သမားများ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် မိမိတို့ရဲ့ လုပ်ငန်းခွင်တွေမှာ အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း 𝗠𝗲𝘁𝘁𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

30/04/2026

🌟 ကဆုန်လပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင် နဲ့ ပတ်သတ်ပြီး အင်မတန် ထူးခြားလှတဲ့နေ့ ဖြစ်ပါတယ်။

✨ သုမေဓာရှင်ရသေ့ဘဝက ဗျာဒိတ်ခံယူခဲ့ခြင်း၊
✨ ဂေါတမဗုဒ္ဓလောင်းလျာ ဖွားမြင်တော်မူခြင်း၊
✨ သဗ္ဗညုတဥာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိ “ပွင့်” တော်မူခြင်း၊
✨ ဗုဒ္ဓဝင်မှာ ထင်ရှားတဲ့ တရားတော်များ “ဟော” ကြားတော်မူခြင်း၊
✨ သက်တော်(၈၀)မှာ ပရိနိဗ္ဗာန် “စံ” တော်မူခြင်း စတဲ့ နေ့ထူးနေ့မြတ်တွေကို တစ်နေ့တည်းမှာ စုံစုံလင်လင် ဆုံတွေ့ရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်သော မိဘပြည်သူအပေါင်း စိတ်ချမ်းမြေ့စွာ ကုသိုလ်ယူနိုင်ကြပါစေကြောင်း 𝗠𝗲𝘁𝘁𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿 မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


#ကဆုန်လပြည့်နေ့

Photos from Metta Myanmar 's post 29/04/2026

🩵 Happy Birthday to our April Born Team Members! 🎉✨

ဒီနေ့ကတော့ Metta Myanmar ရဲ့ ရန်ကုန်ရုံးချုပ် နှင့် မန္တလေးရုံးခွဲ မှာရှိတဲ့ April Born လေးတွေအတွက် ဂုဏ်ပြုပေးခဲ့တဲ့နေ့လေးတစ်နေ့ပဲ ဖြစ်ပါတယ်။

ကုမ္ပဏီအပေါ် စိတ်စေတနာအပြည့်နဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ လုပ်ငန်းခွင်မှာလည်း ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေ။

20/04/2026

🩵 𝗠𝗲𝘁𝘁𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼𝗺𝗽𝗮𝗻𝘆 တွင် တက်ကြွလန်းဆန်းပြီး အရောင်းပိုင်းတွင် စိတ်ပါဝင်စားသူများအတွက် 𝐒𝐚𝐥𝐞𝐬 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞 ရာထူးများ ခေါ်ယူနေပါပြီ

လိုအပ်ချက်များ
- အရောင်းပိုင်းတွင် အတွေ့အကြံရှိသူ (သို့မဟုတ်) စိတ်ပါဝင်စားသူဖြစ်ရမည်။
- ဆက်ဆံရေးပြေပြစ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- အဖွဲ့အစည်း နှင့် ပူးပေါင်း လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
- Target ပြည့်မီအောင် ကြိုးစားလိုစိတ်ရှိရမည်။
- ရေရှည်လက်တွဲ လုပ်ကိုင်နိုင်ရမည်။

ခံစားခွင့်များ -
အခြေခံလစာ + Sales Commission
Bonus နှင့် အခြားခံစားခွင့်များ

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို
📩 Email - [email protected]
📱 Viber - 09795188420 တို့မှ တစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

17/04/2026

🩵 နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ နှစ်သစ်ကို ပျော်ရွင်စွာ ကူးပြောင်းနိုင်ပါစေ။လူသားအားလုံး ဘေးဘယာဝေးကွာပြီး စိတ်အေးချမ်းသာယာရှိကြပါစေကြောင်း Metta Myanmar Company Limited မှ ဆုတောင်းပေးလိုက်ပါတယ်။ ✨

Photos from Metta Myanmar 's post 10/04/2026

သင်္ကြန် ပိတ်ရက်မတိုင်ခင် နောက်ဆုံးရုံးတက်ရက်မှာ 𝗠𝗲𝘁𝘁𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရန်ကုန်ရုံးချုပ် နှင့် မန္တလေး ရုံးခွဲ ရှိ ဝန်ထမ်း များရဲ့ ပျော်ရွင်စရာ အခိုက်အတန့်လေးများ….🩵✨

ရုံးပိတ်ရက်မတိုင်ခင်မှာ အားလုံးတက်တက်ကြွကြွနဲ့ အလုပ်တွေ အပြီးသတ်ခဲ့ကြသလို၊ အချင်းချင်း နှုတ်ဆက်ရင်း၊ မုန့်တွေစားရင်း၊ မုန့်ဖိုးတွေလည်း ရရှိခဲ့ကြလို့ ဝန်ထမ်းတိုင်းရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ 😍

ဒီနှစ်သင်္ကြန်မှာလည်း 𝗠𝗲𝘁𝘁𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ပျော်ရွင်စရာ သင်္ကြန် ပိတ်ရက်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏✨

02/04/2026

🩵 နှစ်သစ်ကူး အတာ သင်္ကြန် ကာလအတွင်း 𝗠𝗲𝘁𝘁𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရန်ကုန်ရုံးချုပ် နှင့် မန္တလေး ရုံးခွဲ အားလုံး သင်္ကြန်ရုံးပိတ်ရက် အဖြစ် (ဧပြီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အထိ) ခေတ္တ ပိတ်ထားမည် ဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်။ 🥰

အတာသင်္ကြန်ကာလမှာ မိသားစုနှင့်အတူ ပျော်ရွင်အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Address


Baho Street
Yangon