Pyae Sone Clinic

Pyae Sone Clinic

Share

Photos from Pyae Sone Clinic's post 23/01/2024

ရောဂါအခံရှိသူများ ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြရန် MOHS သတိပေး

ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိရသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့်သူများတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

" ပြောချင်တာက ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့ပေါ့။ အသက် ၅၀ နဲ့အထက်ရှိတယ့်သူတွေ ထပ်ဆောင်းကာကွယ် ဆေးထိုးသင့်တယ်။ အသက် ၆၅ နဲ့ အထက်တွေလည်း ထိုးသင့်တယ်။ အထူးသဖြင့် သွေးတိုး၊ဆီးချို၊ နှလုံး၊ကင်ဆာ ‌‌အခြားရောဂါအခံရှိတယ့်သူတွေက ထိုးသင့်တယ်"ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးပြီး ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း သိရသည်။

"ကာကွယ်ဆေးထိုးပြီးတဲ့ လူဦးရေကိုတော့ အတိအကျမပြောနိုင်ဘူး။ ဒါပေမဲ့ ကာကွယ်ဆေးရရှိတဲ့ အပေါ်မူတည်ပြီး လိုက်လံထိုးနှံပေးနေပါတယ်"ဟု ၎င်းကဆက်လက်ပြောကြားသည်။

၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း အသိပေးထားသည်။

ရရှိနိုင်သည့်ကိုဗစ်ကာကွယ်ဆေးများ
👉👉👉Covishield
👉👉👉Moderna/Pfizer (Bivalent)

Booster Dose ထိုးနှံခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ
ဗဟုသုတများအား ကျွမ်းကျင်အထူးကုဆရာဝန်နှင့်
Page Messenger မှတဆင့် အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

စာရင်းပေးသွင်းရန် 📞09759033769
လိပ်စာ ပြည်ရိပ်မွန် ကမာရွတ် နာနတ်တောလမ်းအနီး

12/06/2023

✅✅✅ သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ် ။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ ခံစားချက် ၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှု ပုံစံနဲ့ ပတ်သက်ပါတယ် ။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့ _
------------------------------
♦၁။ မနက်ထလာရင် ခေါင်းမူးတယ် ၊ အားမရှိဖြစ်တယ် ။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ် ။

♦၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ် ၊ မအိပ်လို့ မရတာမျိုး ။

♦၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ ၊ ခန္ဓာကိုယ် ဝဖြိုးတာ ။

♦၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ ။
------------------------------

🩸သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?

အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာ တွေစတင်ခံစားရတတ်ပါတယ် ။ အဖြစ်များတဲ့ ရောဂါလက္ခဏာ တွေကတော့ …

* အမြင် အာရုံ ဝေဝါးခြင်း

* မူးဝေခြင်း

* သွေးခြေဥလွယ်ခြင်း

* ရာသီသွေးအဆင်းများခြင်း

* ခေါင်းကိုက်ခြင်း

* သွေးပေါင်ချိန်တက်ခြင်း

* အရေပြားယားယံခြင်း

* အားအင်မရှိ နုံးချိခြင်း

* အသက်ရှူမဝခြင်း တို့ ဖြစ်ပါတယ် ။

အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏ ဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ် ။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_
-----------------------------------
💧၁။ ရေများများသောက်ပါ ။

💧၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ် ၊ ဒါကြောင့် ဟင်းသီးဟင်းရွက် ၊ ပြောင်းဖူး ၊ အသီးအနှံ အစေ့အဆံ အစုံစားပါ ။

💧၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

💧၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ ။

💧၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ ။

သွေးပျစ်ရင် ရေများများ သောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ် ။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင် များအောင် ရေများများသောက်ပါ ။ အထူးသဖြင့် ရေနွေးများများသောက်ပါ ။ ရေနွေးက အဆီ တွေကို ခြေဖျက်နိုင်တယ် ၊ အစာကြေတယ် ၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ် ။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့ _
----------------------------
🔹၁။ အဆိပ်အတောက်တွေကို သန့်စင် စေတယ် ။

🔹၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ် ။

🔹၃။ ကြွက်သားကို သန်မာ စေတယ် ။

🔹၄။ ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းမွန် စေတယ် ။

🔹၅။ စွမ်းအင် တိုးပွားစေတယ် ။

🔹၆။ ဝိတ်ကျ စေတယ် ။

🔹၇။ ခေါင်းကိုက်တာကို သက်သာ စေတယ် ။

🔹၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွား စေတယ် ။
-------------------------------
◾- ရေခဲရေကို ရှောင်ပါ ။

◾- ရိုးရိုးရေကို များများသောက်ပါ ။

◾- ရေနွေးကို များများသောက်ပါ ။

◾- ရိုးရိုးရေနွေးဖြူအပြင် ၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ ၊

◾- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ် ။

ကျန်းမာ ပျော်ရွှင်ကြပါစေ• 🙏🙏🙏

Photos from Pyae Sone Clinic's post 02/05/2023

👉ကိုဗစ်အိုမီခရွန် မျိုးကွဲ XBB.1.16 (Arcturus) 🦠ကို အတော်အသင့် ကာကွယ်နိုင်မည့် ကာကွယ်နိုင်စွမ်းမြင့် နှစ်မျိုးစပ်ကိုဗစ်ကာကွယ်ဆေး Moderna Bivalent/ Pfizer Bivalent ထိုးဖို့ ပြည့်စုံဆေးခန်းတွင် စာရင်းသွင်းလို့ရပါပြီရှင် ✍️

👉ကာကွယ်ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေး ျား ထိုးနှံခြင်းတို့ကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်📣📣

👉ယခင်ကျွန်မတို့ဆေးခန်းတွင် ကာကွယ်ဆေးထိုးနှံထားပြီးသူများအတွက် ဆက်လက်ဦးစားပေးအစီအစဉ်များဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပါသည်😍

✅ရရှိနိုင်သည့်ကိုဗစ်ကာကွယ်ဆေးများ
👉👉👉Covishield /Covaxin/
👉👉👉Moderna/Pfizer (Bivalent)

👉WHO ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ကျွမ်းကျင်အထူးကု ဆရာဝန်နှင့်Page Messenger or viber မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်☎️

👉စာရင်းပေးသွင်းရန် 📞09759033769
🏥လိပ်စာ ပြည်ရိပ်မွန် ကမာရွတ် နာနတ်တောလမ်းအနီး

07/01/2023

Covid Booster ထိုးပြီးကြပြီလား 💉💉💉

တရုတ်နဲ့အန္ဒိယမှာတော့ COVID-19 ပိုးကူးစက်မှု
တဖန်များပြားလာတာအမျှ စက်ရုံ/အလုပ်ရုံနဲ့
လူစည်ကားရာနေရာတွေကိုပိတ်ချလိုက်ပြီး လော့ခ်ဒေါင်းချထားတာကြောင့် ဆန္ဒပြမှုတွေပါဖြစ်ပေါ်နေတယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေမှာမြင်တွေ့နေရပါတယ်

မြန်မာနိုင်ငံမှာလည်း
COVID-19 ပိုးကူးစက်မှုရှိလာနိုင်တာကြောင့်
ကြိုတင်ကာကွယ်သည့်အနေဖြင့်

✅ Mask တပ်

✅လက်ဆေး

✅လူစုလူဝေးရှောင်

✅အဟာရပြည့်ဝစွာစား

✅ကာကွယ်ဆေး Booster Dose အပြည့်ထိုးနှံထားဖို့

လိုအပ်မှာဖြစ်ကြောင်း Pyae Sone Clinic မှ

တိုက်တွန်းနှိုးဆော်အပ်ပါသည်

Booster Dose ထိုးနှံခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ
ဗဟုသုတများအား ကျွမ်းကျင်ဆရာဝန်နှင့်
Page Messenger မှတဆင့် အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

ဆေးခန်းတည်နေရာ
ကမာရွတ် နာနတ်တောလမ်း ရန်ကုန်

COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးထိုးရန် လေ့လာချက်များအရ မူလပထမကာကွယ်ဆေးများထိုးနှံပြီး လေးလမှခြောက်လအကြာတွင် COVID-19 ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့် ဆေးအာနိသင်လျော့ကျလာကြောင်း ‌တွေ့ရှိရပါသည်။ ကူးစက်နိုင်ခြေအများဆုံးအုပ်စုများသည် အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ဆေးအာနိသင်လျော့ကျလာပြီး ရောဂါကူးစက်ခံရပါက ပြင်းထန်သောရောဂါများကို ခံစားရနိုင်ပါသည်။

သို့ဖြစ်ပါ၍ COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးကို မိမိတို့၏ မူလပထမကာကွယ်ဆေးများထိုးနှံပြီးနောက် လေးလမှခြောက်လအကြာတွင် ထပ်မံထိုးနှံရန် WHO မှ အကြံပြုထားပါသည်

အပတ်စဉ် စနေ တနင်္ဂနွေ ဆေးထိုးပေးသည့်အစီအစဉ်ရှိသည့်အတွက် လူဦးရေစုစရာမလိုပဲ ကြိုတင်စာရင်းပေးသွင်းရုံဖြင့် ထိုးနှံနိုင်ပါပြီရှင်🙏

👨🏼‍⚕️ကိုဗစ်အတွေ့အကြုံရှိ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင်မှ ကာကွယ်ဆေးထိုးနှံပေးပါမည်။
📇ကာကွယ်ဆေးထိုးထားသည့် ဆေးမှတ်တမ်းကဒ်လည်း ပေးမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းအတွက်လည်း အဆင်ပြေစေပါသည်။

Company များ၊ အသင်းအဖွဲ့များ၊ စက်ရုံအလုပ်ရုံများအတွက် လူဦးရေပေါ်မူတည်ပြီး စျေးနှုန်းညှိနှိုင်း အထူးဝန်ဆောင်မှုများပေးပါသည်။

💰 ကာကွယ်ဆေးထိုးသည့် ကျသင့်ငွေများကို Online Banking Payment(KBZ/AYA/CB) များဖြင့် ပေးချေနိုင်ပါသည်။ ရာခိုင်နှုန်းအပိုပေးရန်မလိုပါ။

Photos from Pyae Sone Clinic's post 30/12/2022

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon