Job Creator
27/09/2024
(၁) Junior Accountant - မ (၁၅)ဦး
- LCCI Level (ll) (or ) Level (lll)
UKလက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
- ဖော်ပြပါရာထူးအတွက်
တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ (သို့မဟုတ်)
တက္ကသိုလ်တက်ရောက်နေဆဲဖြစ်ပါက
ကျောင်းကိစ္စ ကင်းရှင်းသူများလျှောက်ထားနိုင်
သည်။
- လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း
လျှောက်ထားနိုင်ပြီး ရေရှည်လက်တွဲလုပ်ကိုင်.
မည့် သူများကိုသာဦးစားပေး ခန့်ထားပါမည်။
- ကွန်ပျူတာကျွမ်းကျင်ပြီး အသင်းအဖွဲ့နှင့်
လက်တွဲဆောင်ရွက်နိုင်သူဖြစ်ရမည်။
-မရမ်းကုန်းမြို့နယ်၊ဘုရင့်နောင်ရုံးခွဲတွင်တာဝန်
ထမ်းဆောင်ရန်ဖြစ်သည်။
◆ဆက်သွယ်ရန်◆
Viber Number -095577000-သို့
CV Form နှင့်အတူ သက်ဆိုင်ရာစာရွက်စာတန်း
အထောက်အထားပြည့်စုံစွာအရင်ပေးပို့ပြီး
လျှောက်ထားရမည်ဖြစ်ပါသည်။
( တနင်္လာနေ့ မှ စနေနေ့ အထိ မနက် (၉း၀၀) နာရီ မှ ညနေ ( ၅း၃၀ )နာရီ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။)
24/11/2023
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော
“တန်ဆောင်တိုင်ပွဲတော်”သည်
မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိ
ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့
“တန်ဆောင်မုန်းလပြည့်နေ့”သည်
ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော
နောက်ဆုံးနေ့လည်းဖြစ်ပါတယ်. . .
ထို့အပြင်တန်ဆောင်မုန်းလပြည့်နေ့သည်
မြတ်စွာဘုရားရှင်က
အဇာတသတ်မင်းကြီး အမှူးပြုသော
ပရိသတ်တို့အား
သာမညဖလသုတ်တရားတော်ကို
ဟောကြားတော်မူသော
နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်. . .
တန်ဆောင်မုန်းလပြည့်ညမှာဆိုရင်
ထက်ကောင်းကင်တစ်ခွင်လုံးကြည်လင်ကာ
မပီဝိုးဝါး သေးမွှားတဲ့ ကြတ္တိကာကြယ် (ခေါ်)
ဖျောက်ဆိပ်ကြယ်စုလေးများလည်း
လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။
ဒါကြောင့်ထက်ကောင်းကင်တစ်ခွင်လုံးကြည်လင်ကာ
နက္ခတ်တာရာ အစုံထွန်းလင်းနေတဲ့
တန်ဆောင်းမုန်းလပြည့်နေ့ည (၁၂) နာရီတိတိအချိန်မှာ
ဆေးပင်အပေါင်းကိုစောင့်ရှောက်သောနတ်တို့သည်
မဲဇလီပင်စောင့် နတ်မင်းကြီးထံ
လာရောက်ခစားကြတယ်လို့ဆိုပါတယ်။
ထိုအချိန်မှာ မဲဇလီပင်၏
အရှေ့ဖက်သို့ထွက်နေသော
မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊
အသီးတို့ကိုစုံလင်အောင် ဆွတ်ခူးတူးယူ၍
ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးကြပါတယ်
အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့နေရိပ်မှာ
အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ် စားသုံးလျှင်
ရုပ်ရည်အဆင်းနုပျို၍ အရွယ်တင်ကာ
အသက်ရှည်စေကြောင်း၊
ဘုန်းကြီး၍ဉာဏ်ပညာထက်မြက်ကာ
ကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။
ဒါကြောင့်တန်ဆောင်မုန်းလပြည့်ည ကို
“ဆေးပေါင်းခတဲ့ည” ဟုလည်းဆိုကြပါတယ်. . .
#တန်ဆောင်တိုင်ပွဲတော်
#တန်ဆောင်မုန်းလပြည့်
#ဆေးပေါင်းခတဲ့ည
#မီးထွန်းပွဲတော်
#မီးပုံးပျံပွဲတော်
14/08/2020
1 STOP SUPERMARKET (ရန်ကုန်မြို့တွင်း)တွင်
တာဝန်ထမ်းဆောင်ရန်အတွက်
လုပ်ဖော်ကိုင်ဖက်များအလိုရှိသည်။
အရောင်းဝန်ထမ်း (M/F ) 30 Posts
(၁) အခြေခံပညာအထက်တန်းအဆင့် အနည်းဆုံးရှိရမည်။
ကျောင်းကိစ္စကင်းရှင်းရမည်။
(၂) အသက်(၂၀)နှစ်မှ(၃၀)နှစ်အတွင်းရှိသူဖြစ်ရမည်။
(၃) ကွန်ပျူတာအခြေခံရှိရမည်။
(၄) အရောင်းပိုင်းနှင့် ပတ်သက်၍
အတွေ့အကြုံအနည်းဆုံး (၆) လအထက် ရှိရမည်။
(၅) လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုဆင်းနိုင်ရမည်။
(၆) ဆက်ဆံရေးကောင်းမွန်ပြီးအသင်းအဖွဲ့နှင့်
ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
(၇) အရောင်းပိုင်းစိတ်ဝင်စားပြီး ရေရှည်လုပ်နိုင်သူဖြစ်ရမည်။
(၈) ရုပ်ရည်အသင့်အတင့်ရှိရမည်။
အထက်ပါအချက်များနှင့် ကိုက်ညီပြီးလျှောက်ထားလိုပါက
မိမိကိုယ်ရေးရာဇဝင်အပြည့်စုံဖြင့် အောက်ပါလိပ်စာအတိုင်း
လာရောက်လျှောက်ထားနိုင်ပါသည်။
☆☆☆လျှောက်ထားရန်နေရာ ☆☆☆
အမှတ် ( ၂၅၅/ခ)၊မြခွာညိုလမ်း၊
သာကေတစက်မှုဇုန်၊သာကေတမြို့နယ်
ရန်ကုန်မြို့။
☆Phone - 09 452103398/09 890090053
(ရုံးဖွင့်ရက် 9:00AM မှ 5:30PMအတွင်း
ဖုန်းဆက်မေးမြန်းနိုင်ပါသည်)
☆Email - [email protected]
အလုပ်လျှောက်ရန်အသေးစိတ်သိရှိလိုပါက
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုပါ။
shorturl.at/ivEY7
>> Zawgyi
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11182
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |