Blessing Moore

Blessing Moore

Share

Photos from Blessing Moore's post 26/06/2022

မင်္ဂလာပါရှင်
ဒီတခေါက်တော့ မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလို့ flat-coated retriever (Labrador) လေးတွေ ရောင်းပေးချင်လို့ပါ

အဖော်အနေနဲ့ပဲ မွေးမွေး၊ အကောင်ကြီးကြီး ဟန့်ဟန့် အိမ်မှာမွေးချင်ရင်ပဲဖြစ်ဖြစ် အားကိုးရမယ့် ကလေးလေးတွေပါ။ မျက်မြင်လာကြည့်လို့ ရပါတယ်နော်။ အင်းစိန်၊ ရန်ကုန်ကပါ။ အိမ်ပေါက်စစ်စစ် ကျန်းမာရေးကောင်း သွေးဝမ်းအာမခံပါ။

Royal Canine Maxi Puppy, ငါးကြီးဆီ၊ အားဆေး ဂရုတစိုက်ကျွေးမွေးလာတွေမို့ ကလေးလေးတွေက ၃ လသားလေးတွေပေမယ့် အရပ်ကြီးတွေရှည်ပြီး ထွားပါတယ်။

ကျွေးသလောက်လည်း စားနိုင်ပါတယ်။ GR trait အပြည့်ပါတာမို့ လူလည်းအရမ်းသိပြီး playful ဖြစ်ပါတယ်။

မဝယ်ခင် ဒီကလေးလေးတွေကို သူတို့သက်တမ်းဆုံးတဲ့အထိ မိသားစုလို သေချာမွေးနိုင်မမွေးနိုင် စဉ်းစားပေးစေချင်ပါတယ်။

ကာကွယ်ဆေး စုံပြီး သန် ၄ ကြိမ် ချထားပြီးသားပါ။

၁ ကောင် ၂၀၀၀၀၀ -၂၅၀၀၀၀ ကြားရောင်းမယ်လို့တော့ စဉ်းစားထားပါတယ်။ စျေးအတိအကျဆို cb လေး လာခဲ့ပေးနော်။ ၁ ကောင်နဲ့ ၁ ကောင် စျေးမတူလို့ပါ။ လျော့ပေးမှာပါ။

၁ ကောင်ချင်းစီရဲ့ နာမည်လေးတွေနဲ့ အမူအကျင့်လေးတွေကို ပုံလေးတွေအောက်ရေးပေးထားပါတယ်။

1. Razor - male (red collar)

အိမ်လုံချင်တယ်။ စွာတဲ့ကလေးလိုချင်တယ်ဆိုရင်တော့ Razor ကိုသာ ရွေးလိုက်ပါ။ alert အရမ်းဖြစ်ပါတယ်။ လူသံကြားတာနဲ့ ခေါင်းထောင်၊ နားစွင့်ပြီးသားပါ။ အရမ်းအားကိုးရမယ့် ကလေးလေးပါ။

2. Ice - male (blue collar)

သူကတော့ အားလုံးထဲ သနားစရာအကောင်းဆုံးပါ။ အနေအေးတော့ တခြားကောင်တွေက အရမ်းအနိုင်ကျင့်ပါတယ်။ ဆော့လို့ရန်ဖြစ်ကြရင် သူ့ကိုပဲ ဝိုင်းလုပ်ကြပါတယ်။ အရမ်းကြောက်တတ်ပြီး လူကပ်ပါတယ်။ ရင်ဘတ်ပေါ်တင်ထားရင် အရမ်းသဘောကျပါတယ်။

3. Carrie - female (pink collar)

Carry/Carrie ပါ။ တွေ့သမျှလူ ချီခိုင်းတတ်ပါတယ်။ အချွဲလေးပါ။ လူအရိပ်အကဲလည်း အရမ်းသိပါတယ်။ alert လည်း အရမ်းဖြစ်ပါတယ်။

4. Curious - female (purple collar)

စပ်စုစိန်လေးပါ။ နေရာတကာ သူပါပါတယ်။ အဆော့မက်၊ အစားမက်လေးပါ။ တသီးတသန့်လေးနေတတ်ပေမယ့် အားလုံးနဲ့တော့ တည့်အောင်ပေါင်းတတ်ပါတယ်။

5. Spider - female (green collar)

ခုန်ပျံကျော်လွှား အားကစားမယ်ပါ။ ဘယ်လိုကာကာ ဘာနဲ့ကာကာ တွယ်တက်ပြီး ထွက်တတ်ပါတယ်။

6. Bruno - male (dark blue collar)

သူက ရွှေအိုရောင်လေး။ လူခင်တယ်။ အရမ်းဆော့တယ်။ စိတ်လည်း ကြီးတယ်။အချင်းချင်းဆော့လို့ သူနည်းနည်းနာရင် များများပြန်လုပ်ပါတယ်။ 😅

15/03/2022

လျှပ်စစ်မီး အခက်အခဲရှိတာကြောင့် ဒီရက်ပိုင်းတွေ စက်ရုံကို မီးစက်နဲ့ပဲ လည်ရတာမို့ အရင်စျေးလေးတွေနဲ့ ဘယ်လိုမှမကိုက်တော့လို့ စျေးလေးတွေ တက်ခွင့်ပြုပါနော် 😞

Updated စျေးနှုန်းများကတော့
500 ml spray bottle (အလွတ်) - 1,000ကျပ်
500 ml spray bottle (အရည်ပါ)- 3,000 ကျပ်
5L - 13,000 ကျပ်
10L - 25,000 ကျပ်
20L - 45,000 ကျပ် ဖြစ်ပါတယ်။
20L ပုံး ဝယ်ယူအားပေးသူတိုင်းကို 500 ml spray bottle (အလွတ်) ၁ ဗူး လက်ဆောင်ထည့်ပေးမှာနော်။

Refill စျေးနှုန်းနဲ့ လက်ကားစျေးကိုတော့ cb မှာ မေးပေးပါနော် 🙂

ကိုဗစ်ဆိုတာမျိုးက ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့အတိုင်း လူကြီးမင်းနဲ့ လူကြီးမင်းနဲ့ မိသားစုကို အကောင်းဆုံးကာကွယ်ပေးနိုင်မယ့် BLESSING Ethanol Liquid Sanitizer (အီသနော အရက်ပြန်) ကို သတိရလိုက်ပါရှင်။

Ethyl Alcohol 75% ပါဝင်ကြောင်း အာမခံထားတဲ့ ဒီ ပိုးသတ်သန့်စင်ဆေးရည်ဟာ pure ethanol ကိုပဲ အသုံးပြုထားပြီး အခြား chemical ပစ္စည်းများ မပါဝင်ပဲ သဘာဝအရောင်၊ အနံ့အတိုင်း ထုတ်လုပ်ထားတာဖြစ်တာကြောင့် လူခန္တာကိုယ်ရော၊ အသုံးအဆောင်ပစ္စည်းတွေရော၊ ပိုက်ဆံကအစ၊ ဟင်းသီးဟင်းရွက်၊ သားငါးအဆုံး စိတ်ချလက်ချ ပိုးသတ်သန့်စင်နိုင်ပါတယ်။

နောက်ပြီးတော့ 70%/75% ethyl alcohol ဆိုတာ ကိုဗစ်ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို disinfect လုပ်ဖို့အတွက်လည်း WHO က အသုံးပြုဖို့ထောက်ခံထားတဲ့ စာရင်းထဲမှာ ထိပ်ဆုံးကပါတဲ့ disinfectant တစ်ခုလည်းဖြစ်ပါတယ်။

Blessing Ethanol Sanitizer ဟာဆိုရင် အသင့်သုံးဆေးရည်ဖြစ်လို့ ရေထပ်မံရောဖို့လည်း မလိုအပ်ပါဘူး။ ခြောက်သွေ့လွယ်ပြီး စေးကပ်ခြင်းလည်း မရှိပါ။ လူ့ခန္ဓာကိုယ်၊ အဝတ်အစား၊ ဖိနပ်၊ အိတ်၊ တံခါးလက်ကိုင်၊ လှေကား၊ ကြမ်းခင်း၊ သော့၊ ဖုန်း၊ ပိုက်ဆံ စတဲ့ အသုံးအဆောင်ပစ္စည်းများသာမက ဟင်းသီးဟင်းရွက်နှင့် သားငါးများကိုပါ စိတ်ချယုံကြည်စွာ ပက်ဖြန်းပိုးသတ်နိုင်ပါတယ်။ (ဟင်းသီီးဟင်းရွက်နှင့် သားငါးများကိုတော့ ပက်ဖြန်းပြီး ၁၀ မိနစ်ခန့်ကြာလျှင် ရေဖြင့်ပြန်လည်ဆေးကြောပေးသင့်ပါသည်။)

BLESSING Ethanol Liquid Sanitizer (အီသနော အရက်ပြန်) များကို 500 ml spray bottle, 5L, 10L, 20L ဖြင့် အစားစား ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

ရန်ကုန်မြို့တွင်း cash on delivery ရှိသလို အမြို့မြို့အနယ်နယ်သို့လည်း ဂိတ်ချပေးပါတယ်ရှင်။

🙏🏻Delivery အခက်အခဲကြောင့် အထပ်မြင့်တွေ မပို့နိုင်တာကိုလည်း နားလည်ပေးပါရှင်။🙏🏻

မှာယူချင်တယ်ဆိုရင်တော့
Messenger သို့ 09798482006 သို့ ဆက်သွယ်မေးမြန်း၍ မှာယူနိုင်ပါတယ်ရှင်။

အားပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်ရှင်။

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Insein
Yangon
000000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00