iKey
27/05/2026
" အသုံးနည်းပေမဲ့ အသုံးတည့်တဲ့ Microsoft Loop ဆိုတာ ဘာလဲ? "
•
ရုံးအလုပ်လုပ်ရင်း App တွေအပြန်အလှန် ကူးနေရတာနဲ့တင် အချိန်ကုန်ပြီး မောနေပြီလား?
ဒါဆိုရင်တော့ Microsoft Ecosystem ရဲ့ အမိုက်စား လုပ်ဆောင်ချက်ဖြစ်တဲ့ "Microsoft Loop" ကို သိထားဖို့ လိုနေပါပြီ။ သူက ရုံးလုပ်ငန်းခွင် တစ်ခုလုံးကို တစ်နေရာတည်းမှာ စုစည်းပေးမယ့် "Flexible Workspace" အသစ်တစ်ခုပါ။
Microsoft Loop ရဲ့ "မဖြစ်မနေ သုံးသင့်တဲ့" ထူးခြားချက် ၃ ခုကိုပြောပြပေးမယ်ဗျာ
1️⃣ နေရာစုံမှာ Dynamic ဖြစ်တဲ့ System (Loop Components)
| Loop ထဲမှာ Task List တစ်ခု သို့မဟုတ် ဇယားတစ်ခု build လုပ်ပြီးတာနဲ့ အဲဒီ Component လေးကို Teams Chat ထဲဖြစ်ဖြစ်၊ Outlook Email ထဲဖြစ်ဖြစ် Copy-Paste လှမ်းလုပ်လိုက်ရုံပါပဲ။
| အဲဒီနေရာ ၃ ခုစလုံးက Data တွေဟာ တပြိုင်တည်း (Real-time) ချိတ်ဆက်သွားမှာဖြစ်လို့ ဘယ်ကနေပဲ ပြင်ပြင်၊ ကျန်တဲ့နေရာတွေမှာပါ auto Update ဖြစ်သွားမှာပါ။
2️⃣ Brainstorm လုပ်ဖို့ အကောင်းဆုံး Workspace
| အဖွဲ့အစည်းတစ်ခုမှာ Idea တွေ အတူတူ ထုတ်ကြတဲ့အခါ Word လို Doc အသေကြီးတွေ သုံးမယ့်အစား Loop ထဲမှာ Voting Tables တွေ၊ Progress Trackers (အလုပ်ပြီးစီးမှု ပြက္ခဒိန်) တွေ သုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဘာလုပ်နေလဲဆိုတာကို Real-time ပူးပေါင်း လုပ်ဆောင်နိုင်ပါတယ်။
3️⃣ Project စနစ်တကျစီမံခန့်ခွဲမှု
| ကိုယ့် Team ရဲ့ Project နဲ့ သက်ဆိုင်သမျှ အချက်အလက်တွေ၊ စာသားတွေ၊ File တွေကို စာမျက်နှာတစ်ခုတည်းမှာ စနစ်တကျ စုစည်းထားလို့ရပါတယ်။ Workspace တွေ၊ Pages တွေ ခွဲထားလို့ရတဲ့အတွက် ရုံးအလုပ်တွေကို ရှာရဖွေရတာ ပေါ့ပါးမြန်ဆန်သွားစေပါတယ်။
•
iKey ၏ page သည် Likes 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။
⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ⚠️
Contact Here 📞📞
===============
Ph - 09961770199 (or) [email protected]
Address 📍📍
===========
No.(42), Ma Kyee Kyee Street, Sanchaung, Yangon
13/05/2026
C@pCut မှာ Editor ဆရာကြီးတွေ ဒိုင်လျှိုလေးသုံးနေကြတဲ့ Keyframe Tricks အချို့! 👀 🎬✨
•
အကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့ Keyframe စိန်ပွင့်လေးတွေကို သေချာသုံးတတ်ရင် Video တွေကို Smooth ဖြစ်အောင်၊ Pro ဆန်တဲ့ Quality ရအောင် လုပ် နိုင်ပါတယ်ဗျာ
•
1️⃣ The “Ease-Out” (Graph Editor)
| Video တစ်ခုကို Zoom ဆွဲတာဖြစ်ဖြစ်၊ Text ဝင်လာတာဖြစ်ဖြစ် ရုတ်တရက်ကြီး ရပ်သွားရင် ကြည့်ရတာ တောင့်တောင့်ကြီး ဖြစ်နေတတ်ပါတယ်။
| Keyframe နှစ်ခုကြားမှာ Cursor ထားပြီး Graph Editor ထဲက Ease Out ကို သုံးပေးလိုက်ရင် Motion က ရုတ်တရက်ကြီး မရပ်တော့ဘဲ သဘာဝကျကျ အရှိန်လျော့သွားပါတယ်။
2️⃣ Keyframe Copy-Paste (Desktop)
| Clip အများကြီးမှာ တူညီတဲ့ Motion တွေကို တစ်ခုချင်းစီ လိုက်ထည့်နေရင် အချိန်ကုန်ပါတယ်ဗျာ။
| Desktop Version မှာ Keyframe တွေကို Select မှတ်ပြီး Ctrl+C / Ctrl+V နဲ့ Copy-Paste လုပ်လို့ရပါတယ်။
3️⃣ Group Animation
| Clips အများကြီးကို တပြိုင်နက်တည်း Motion ပေးချင်တဲ့အခါ Keyframe တစ်ခုချင်း လိုက်မချဘဲ
| အားလုံးကို Select မှတ် → Right Click → Create Compound Clip (Alt+G / Opt+G) လုပ်ပေးပြီး Compound Clip တစ်ခုတည်းပေါ်မှာ Keyframe ချလိုက်တာနဲ့ အကုန်လုံးကို တပြိုင်နက်တည်း Animate လုပ်ပေးနိုင်ပါတယ်။
4️⃣ Subtle Rotation
| ပုံမှန် Zoom-In ပဲ မလုပ်ဘဲ Rotation ကို နည်းနည်းလေး တွဲကစားကြည့်ပါ
| Scale Keyframe ချတဲ့အချိန်မှာ Rotation ကို 1° – 3° လောက် အသာလေး စောင်းပေးလိုက်ရင် Motion က ပိုပြီး Dynamic ဖြစ်လာပါတယ်။
5️⃣ Auto-Reframe (AI-Powered)
| Landscape Video ကို Portrait ပြောင်းတဲ့အခါ Subject က Frame အပြင် ထွက်သွားတတ်ပါတယ်
| Auto-Reframe Feature ကို သုံးလိုက်ရင် AI က Subject ကို Track လုပ်ပြီး Frame အလယ်နားမှာ အလိုအလျောက် ထိန်းပေးပါတယ်။
•
✨ Keyframe ဆိုတာ Video Editing ရဲ့ အသက်ပါပဲ။ C@pcutမှာ ဒီ Tips လေးတွေကို မစမ်းဖူးသေးရင် ဒီနေ့ကစပြီး သုံးကြည့်လိုက်တော့ဗျာ !
iKey ၏ page သည် Likes 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။
⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ⚠️
Contact Here 📞📞
===============
Ph - 09961770199 (or) [email protected]
Address 📍📍
===========
No.(42), Ma Kyee Kyee Street, Sanchaung, Yangon
10/05/2026
အမေ့ကို ပေးနိုင်တဲ့ အဖိုးတန်ဆုံးလက်ဆောင်က သက်သောင့်သက်သာရှိတဲ့ နေ့ရက်တွေပါပဲ … 🎁
•
ဒီနှစ် Mother’s Day မှာတော့ နည်းပညာနဲ့ အမေ့ကို ဂရုစိုက်ကြမယ်ဗျာ၊ အမေတွေရဲ့ ဝါသနာနဲ့ နေ့စဉ်ဘဝကို ပိုပြီး လွယ်ကူလန်းဆန်းသွားစေမယ့် App (၃) ခုကို iKey က မျှဝေပေးလိုက်ပါတယ်။
🌿 PictureThis (သစ်ပင်ချစ်သူ အမေတို့အတွက်)
အမေတွေရဲ့ ဝါသနာက အိမ်ရှေ့က အပင်လေးတွေကို ပြုစုရတာပါ။ ဒါပေမဲ့ တစ်ခါတလေ အပင်က ဘာကြောင့် ညှိုးနေလဲ၊ ဘယ်အချိန် ရေလောင်းရမလဲဆိုတာ ဝေခွဲမရဖြစ်တတ်ပါတယ်။
▫️ ဒီ App လေးနဲ့ အပင်ကို ဓာတ်ပုံရိုက်လိုက်ရင် အပင် နာမည်ကအစ၊ အပင်က ဘာဖြစ်နေလဲ၊ နေရောင်ဘယ်လောက်ပြရမလဲဆိုတဲ့ Care Tips တွေကို အသေးစိတ်ပြောပြပေးမှာပါ။
🍲 SuperCook Recipe ( စားဖိုမှူး အမေတို့တွက်)
"ဒီနေ့ ဘာချက်ရမလဲ" ဆိုတာ အမေတိုင်းရဲ့ ခေါင်းအကြီးဆုံး ပြဿနာပါ။
▫️ ကိုယ့်ဆီမှာရှိတဲ့ ကုန်ကြမ်းတွေကို ဒီ App ထဲမှာ ရွေးလိုက်တာနဲ့ ချက်လို့ရတဲ့ ဟင်းချက်နည်းပေါင်း ထောင်ချီပြီး ချက်ချင်းပြပေးမှာပါ။
📖 Day One (အမှတ်တရတွေ သိမ်းဆည်းဖို့)
အမေတွေက အမှတ်တရတွေကို အရမ်းတန်ဖိုးထားတတ်ကြသူတွေ ဖြစ်တော့ သူချစ်တတ်တဲ့အရာလေးတွေနဲ့ မိသားစုစုံစုံလင်လင် ရှိတဲ့နေ့လေးတွေကို မှတ်တမ်းတင်ချင်ကြပါတယ်။
▫️ Day One ကတော့ ရိုးရိုး Diary ထက် ပိုပါတယ်။ ဓာတ်ပုံ၊ ဗီဒီယိုတွေအပြင် အမေ့ရဲ့ အသံလေးတွေကိုပါ Voice note အနေနဲ့ သိမ်းထားလို့ရပါတယ်။ နောက်နှစ်တွေမှာ "On This Day" နဲ့ အမှတ်တရဟောင်းလေးတွေကို ပြန်ကြည့်လို့လဲရပါသေးတယ်
•
ဒီ App လေးတွေကို အမေ့ဖုန်းထဲမှာ ထည့်ပေးရင်း အမေနဲ့အတူ အချိန်ပေးကြည့်လိုက်ပါ။
အမေများနေ့မှာ မိခင်တိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း iKey မိသားစုက ဆုတောင်းပေးလိုက်ပါတယ်ဗျာ ❤️
•
iKey ၏ page သည် Likes 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။
⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ⚠️
Contact Here 📞📞
===============
Ph - 09961770199 (or) [email protected]
Address 📍📍
===========
No.(42), Ma Kyee Kyee Street, Sanchaung, Yangon
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (42), Ma Kyee Kyee Street, Sanchaung
Yangon
11111