Mafia Production

Mafia Production

Share

Photos from Mafia Production's post 12/05/2026

Mafia Production ရဲ့ အလောင် ဇာတ်လမ်းတွဲတွေကို လွမ်းနေကြတဲ့ အမာခံပရိသတ်များအတွက် ❝အချစ်မီး❞ ရုပ်သံဇာတ်လမ်းတွဲကို မကြာခင်မှာထုတ်လွှင့်ပြသပေးနိုင်ဖို့ တစ်ဖွဲ့သားလုံးကြိုးစားပြင်ဆင်နေကြတဲ့ Script reading နေ့အမှတ်တရ ❤️‍🔥

ဇာတ်လမ်း - ဇွဲ ၊ ဇာတ်ညွှန်း - မေချိုရေးသားထားပီး
အဓိကသရုပ်ဆောင်မျာအဖြစ် ရဲသွေးသီဟ ၊ ဘုန်းနေခေတ် ၊ ဝသုန်ဖြိုး ၊ မျိုးထက်အောင်ကိုကို ၊ အေမီကို ၊ ဝင်းမြတ်မြတ်ဖြိုး ၊ ခင်ကျော့ရှင်း ၊ ယွန်းယွန်း နှင့် ကလေးသရုပ်ဆောင် မော်ကွန်းထက် တို့ကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပီး အခြားသောသရုပ်ဆောင်များစွာလည်းပါဝင်သွားမှာဖြစ်ပါတယ်။

❝အချစ်မီး❞ ရုပ်သံဇာတ်လမ်းတွဲဟာ ယနေ့ခေတ်လူငယ်တွေကြားဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ကိုအခြေခံထားပီး လူငယ်တွေရဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အတွေးအခေါ် ၊ အယူအဆတွေကနေတစ်ဆင့် ဘဝအခြေအနေတွေအများကြီးပြောင်းလဲသွားနိုင်ကြောင်းကို စိတ်ဝင်စားဖွယ်ရာ ၊ ဆင်ခြင်နိုင်စရာ ပညာပေးဇာတ်လမ်းကောင်းတစ်ပုဒ်အဖြစ် ဒါရိုက်တာလွင်မိုး ကပီပြင်အောင်သရုပ်ဖော်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။ ❝အချစ်မီး❞ တွေဘယ်လိုအပြိုင်အဆိုင်တောက်လောင်သွားကြမလဲဆိုတာကို မကြာခင်မှာကြည့်ရှု့ရတော့မှာမို့ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ် ❤️‍🔥

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
238858