bo1000mall.com
17/04/2018
မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု
မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို
အမြဲဆုံးမလေ့ရှိတဲ့ အချက် ၂ ချက်ရှိတယ်
အဲဒီအချက်ဟာ ဘာလဲဆိုတော့
စကားပြောမယ်ဆိုရင် တရားစကားတွေပဲပြောဖို့ ၊
ဒုတိယအချက်အနေနဲ့ တရားစကားမပြောဘူးဆိုရင်
မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ နေဖို့ ဟောတယ်။
မြတ်စွာဘုရားဟာ တိတ်ဆိတ်မှုကို အင်မတန်မှ
လိုလားတဲ့သူဖြစ်တယ်နော်။
တိတ်ဆိတ်ငြိမ်သက်မှုဟာ သိပ်အရေးကြီးတယ်...
တခြားဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေကို
ဝင်သွားပြီးကြည့်လိုက်တယ်ဆိုရင် တိတ်ဆိတ်နေတာပဲနော်။
ငြိမ်ပြီးတော့ စကားမပြောပဲနဲ့ လူမှ ရှိရဲ့လားလို့ ထင်လောက်အောင်ပဲ တိတ်ဆိတ်နေတယ်။
မြတ်စွာဘုရားရဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့ အဆုံးအမတွေရှိလျက်နဲ့
မြန်မာနိုင်ငံမှာနေတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကမလိုက်နာပါလား။
ဒို့တတွေဟာ ဘုရားရဲ့ အဆုံးအမကို ဒီအချက်လေးတောင် မလိုက်နာနိုင်ဘူးဆိုရင်
တခြားအရာတွေဆိုရင် လိုက်နာဖို့ဆိုတာ အင်မတန်းမှ ခဲယဉ်းတယ်နော်။
ကြည့်လေ ရွှေတိဂုံဘုရားပေါ်သွားဖူးဖူး၊ဆူးလေဘုရားပေါ်သွားဖူးဖူး၊
ဗိုလ်တထောင်ဘုရားပေါ်ပဲသွားဖူးဖူး ဘုရားပေါ်လည့်ပတ်ကြည့် ဆူညံသွားကြတာများတယ်။
ဘုရားကိုလှည့်ပြီးဈေးထဲဝင်သလို အတိုင်းအတာတစ်ခုဖြစ်နေတယ်။
ရိုသေမြတ်နိုးမှု အင်မတန်မှ အားနည်းတယ်နော်။
မြန်မာလူမျိုးတွေရဲ့ အနေအထားဟာ
အဲလိုဖြစ်နေတယ် အများစုကိုပြောတာနော်
လူတိုင်းကိုတော့ မဆိုလိုပါဘူး ထပ်ပြီး ဘယ်သူကမှ
သုတေသနလုပ်မကြည့်လို့ လုပ်ကြည့်လို့ရှိရင် နေ့စဉ်
ဘုရားပေါ်တက်လာတဲ့ သူဘယ်နှစ်ယောက်ရှိလဲ ၊
စကားမပြောဘဲနဲ့ မြတ်စွာဘုရားကို မြတ်မြတ်နိုးနိုးရှိခိုးပြီးသွားတဲ့
သူ ဘယ်နှစ်ယောက်ရှိလဲ ၊ စကားပြော
လှည့်ပတ်လျှောက်ကြည့်တဲ့သူက ဘယ်နှစ်ယောက်၊
ဘုရားတောင်မှ ဦးမချဘဲနဲ့ ထွေလီကာလီစကားတွေပြောပြီး
ဘုရားပေါ်က ပြန်ဆင်းသွားတဲ့သူ ဘယ်နှစ်ယောက် ဆိုတာ
နေ့စဉ် သုတေသနလုပ်ကြည့်ဖို့ ကောင်းတဲ့
အနေအထားဖြစ်နေတယ်
မြန်မာပြည်မှာ
ဘုန်းကြီးတို့ တစ်ခါ ဆူးလေ ဘုရားမှာ
တရားပွဲရှိလို့ တရားသွားဟောတယ် ။
ဘုရားဖူးတဲ့ သူတွေက အပြင်ဘက်ကနေ
ဆူညံနေလို့ တရားဟောလို့ မဖြစ်ပါဘူး။
ဘုရားဖူးလို့ ပြောတဲ့ သူတွေက ဘုရားကို
လှည့်ပတ်ပြီးဆူညံဆူညံနဲ့ စကားပြောသွားတယ်။
နောက်ဆို ဆူးလေဘုရားပွဲက ပင့်တဲ့
တရားပွဲဆို ဘယ်တော့မှ မသွားတော့ဘူး။
ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားကြိုက်တဲ့
တိတ်ဆိတ်ငြိမ်သက်မှုကို မလိုက်နာနိုင်တော့
ဘုရားဟောတဲ့ တရားကိုဟောဖို့ ဆိုတာ
အင်မတန်မှ ခဲယဉ်းတဲ့နေရာဖြစ်သွားတယ်
တခြားနိုင်ငံတွေမှာ အင်မတန်မှ
အံသြစရာကောင်းလိုက်အောင် တိတ်ဆိတ်ငြိမ်သက်မှုရှိတယ်။
ဒို့နိုင်ငံမှာ ဗုဒ္ဓဘာသာလို့ပြောပြီး မြတ်စွာဘုရားရဲ့
အဆုံးအမတွေရှိပါလျက်သားနဲ့
ဘုရားစကားကို ဘာဖြစ်လို့ နားမထောင်ကြတာပါလိမ့်မလဲ။
ဘုရားပေါ်တက်လဲ မတိတ်ဆိတ်ဘူး ဘုန်းကြီးကျောင်းသွားလဲ
မတိတ်ဆိတ်ဘူး။
ဆူညံပြီးတော့ နေလေရှိကြတာဟာ
အံသြစရာကောင်းတဲ့အနေအထားတစ်ခုပဲ
မစဉ်းစားမဆင်ခြင်ပဲနေလို့ရှိရင် မသိနိုင်ဘူး ဒီကိစ္စက
စဉ်းစားဆင်ခြင်ဖို့ကောင်းတယ် ပြီးတော့ ဘာသာရေးပွဲတော်
လုပ်တာက
ဘာသာရေးပွဲတော် ဖွင့်တာက ကာမသီချင်းတွေ
ဘာသာရေးနဲ့ ကာမနဲ့ဟာ ဆန့်ကျင်ဘက်ပဲတစ်ခုဘာသာရေးပွဲဆိုတော့
ဘာသာရေးသီချင်းတွေလောက်ပဲ ဖွင့်သင့်တာပေါ့
အဲလို စည်းကမ်းတွေ ဒို့ဆီမှာမရှိဘူး
ဖွင့်တဲ့နေရာက ဘုရား ဖွင့်လိုက်တဲ့ သီချင်းတွေက
နားမကြားသာတဲ့ သီချင်းမျိုး
ဒါတွေကို မစဉ်းစားကြဘူးလားလို့ ဒီလို တွေးတောမိတယ်
တိတ်ဆိတ်ငြိမ်သက်မှုဟာ အင်မတန်မှကို မြတ်နိုးစရာကောင်းတယ်
ဗုဒ္ဓဘာသာဝင်တိုင်း သတိထားလိုက်နာနိုင်ဖို့ အရေးကြီးတယ်နော်
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး

အားရင် အားသလို Shark Tank နဲ့ အခြား ပညာရမယ့် Video တွေပြန်တင်ပေးပါ့မယ်ခင်ဗျာ.. ကျွန်တော်တို့ အချိန်ကုန် အပင်ပန်းခံပြီး ကြိုးစားထားရတာဖြစ်တာကြောင့် Like and Share လုပ်ပြီး အားပေးကြပါခင်ဗျာ။
bo1000mall Admin Team
ဒီရက်ပိုင်း တရားဥပဒေစိုးမိုးမှုအခြေအနေ တွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာ Video File တွေ တက်တက်လာတော့ Admin လည်း Video File တစ်ခုကို ဘာသာပြန်တင်ဆက်ပေးဖို့ရှိပါတယ်။
ဒါကတော့ တရားမျှတမှုဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေကို အတတ်နိုင်ဆုံး ဖော် ထုတ်ပေးမယ့် Video File တစ်ခုဖြစ်ပါတယ်။
မကြာခင် တင်ဆက်ပေးမှာဖြစ်တဲ့အတွက် စောင့်မျှော် အားပေးကြပါဦးခင်ဗျာ..
ကျေးဇူးအထူးတင်ရှိပါတယ်။
bo1000mall Admin Team
ဝန်ထမ်းအလိုရှိသည် (Delivery Man)
လစာ ၁၂၀၀၀၀ ကျပ် + ရက်မှန်ကြေး + ကော်မရှင် (အမျိုးသမီးများပါ လျှောက်ထားနိုင်ပါသည်)
- ရန်ကုန်မြို့တွင်း မည်သည့် နေရာမဆို သွားလာနိုင်ရမည်။
- အခြေခံပညာ အထက်တန်းအဆင့်ဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- စက်ဘီး၊ ဆိုင်ကယ် စီးတတ်သူကို ဦးစားပေးမည်။
- အဖွဲ့အစည်းနှင့် လိုက်လျောညီထွေစွာဆက်ဆံတတ်သူဖြစ်ရမည်။
- မိမိအကျင့်စာရိတ္တကောင်းမှုကို ယုံကြည်သူဖြစ်ရမည်။
လျှောက်ထားလိုသူများအနေဖြင့် အမှတ် ၁၀၉၊ မြေညီ၊ ယမုံနာစံပြ ၃ လမ်း၊ ဒေါပုံမြို့နယ် (ဒေါပုံသင်္ဘောကျင်းမှတ်တိုင်တွင်ဆင်းရန်) CV Form၊ ရဲစခန်းထောက်ခံစာ၊ ရက်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်းမိတ္တူနှင့်တကွ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။
ဖုန်းနံပါတ် ။ ။ 09424077710၊ 09424077720
www.facebook.com/bo1000mall
bo1000mall.com Education
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11241