Purple Words IELTS
05/07/2026
IELTS Check List
-Mingalarpar
-ခရီးတခုထွက်ခါနီးတဲ့အခါ အထုတ်အပိုးတွေထည့်တဲ့အခါ ဘာယူသွာရမလဲပြန်စစ်တယ်မဟုတ်ပါလားခင်ဗျာ
-Hiking ထွက်တော့မယ်ဆိုရင် ဖိနပ်ပါရဲ့လား ဦးထုတ်ပါရဲ့လား ခြေအိတ်ပါရဲ့လား ရေသန့်ပါရဲ့လား ပြန်စစ်ကျတယ်မဟုတ်ပါလား
-IELTS ဟာလဲ Journey တခုပဲဖြစ်ပြီးတော့ ဒီခရီးမှာ ကိုယ်အဆင်ပြေချင်တယ်ဆိုရင် အောက်ပါ အချက်အလက်တွေပြန်စစ်ဖို့လိုပါတယ်
(1) Do only what is relevant to your English level
-ကိုယ့်ရဲ့ လက်ရှိ English Level နဲ့သင့်တော်မယ့် IELTS လေ့လာနည်းဖြစ်ရပါမယ်
-ဒါဟာပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ပါပဲ
-ဒီတချက်အဆင်ပြေတော့မှသာကျန်တာတွေအဆင်ပြေမှာပါ
-ကိုယ်က Pre Intermediate or Intermediate level ရှိတယ်ဆိုရင် Pre Intermediate or Intermediate level နည်းလမ်းနဲ့ IELTS လေ့လာရပါတယ် အဲ့လိုမဟုတ်ပဲ Advanced level ရှိတဲ့သူ IELTS Journey စလုပ်တုန်းကနည်းလမ်းလိုက်လုပ်လို့ အချိန်ဘယ်လောက်ကြာကြာ ပိုက်ဆံဘယ်လောက်ကုန်ကုန် ဘယ်သူတွေဘယ်လို Band Score တွေရရ ကိုယ့်ရဲ့ Band Score တက်လာမှာမဟုတ်ပါဘူး
-ဒါကြောင့် placement test ဟာအရေးကြီးနေတာဖြစ်ပြီး British Council Placement Test or Cambridge IELTS Past Paper နဲ့ပဲ ကိုယ့်ရဲ့ level ကိုစစ်ပါ
(2) Networking
-လက်ရှိခေတ်ကာလမှာ ဒုတိယအရေးကြီးဆုံးကတော့ Networking ပါပဲ
-ကိုယ့်သူငယ်ချင်းတွေထဲမှာ ဘယ်သူ IELTS Exam ဖြေဖူးလဲ စုံစမ်းမေးမြန်ရသင့်ပါတယ်
-ဒီလို networking လုပ်တဲ့အခါ အချက် ၂ ချက်နဲ့ ကိုက်ညီမှုရှိဖို့လိုပါတယ်
-ကိုယ့်သူငယ်ချင်းဖြစ်ရမယ်
-IELTS Exam ဖြေဖူးတဲ့သူဖြစ်ရမယ်
-ကိုယ့်သူငယ်ချင်းတော့ဖြစ်ပါရဲ့ဒါပေမယ့်သူလဲ IELTS Exam မဖြေဖူးသေးဘူးဆိုရင် သူလဲယောင်လည်လည်ပါပဲ ဖြေဖူးတဲ့သူကိုပဲမေးပါ
-ကိုယ့်သူငယ်ချင်းတော့မဟုတ်ဘူး ဒါပေမယ့် IELTS Exam ဖြေဖူးတဲ့သူကိုလဲသိပ်မမေးသင့်ပါဘူး
-ဘာလို့လဲဆိုတော့သူ IELTS Journey ကိုဘယ် English Level နဲ့စခဲ့သလဲဆိုတာကိုယ်မသိလို့ပါ
-English Level မတူဘူးဆိုရင် IELTS နဲ့ပတ်သတ်တဲ့ အခက်အခဲမတူဘူး ဖြေရှင်းနည်းလဲမတူပါဘူး
(3) Cambridge Past Paper are GPS in your IELTS journey
-IELTS Cambridge Paper တွေဟာကိုယ့်ရဲ့ IELTS Journey ရဲ့ GPS နဲ့တူပါတယ်
-Past Paper တွေဖြေတိုင်းတော့အမှတ်တက်လာတာမဟုတ်ပါဘူး
-နေ့တိုင်း Past Paper တွေပဲထိုင်ဖြေနေရတာလဲမဟုတ်ဘူး
-Past Paper/Mock Test ဖြေလို့ ၂ ခုအကျိုးရှိပါတယ်
-ကိုယ့်ရဲ့ လက်ရှိ Current Band Score ဘယ်လောက်လဲသိရမယ်
-ကိုယ်အားနည်းနေတဲ့အချက် weakness သိရမယ်
-ကိုယ့်ရဲ့ Current Band Score ဆိုတာ Exam မဖြေခင်ထဲကသိပါတယ်
-ကိုယ့်ရဲ့ Current Band Score သိရတော့မှသာ ကိုယ်ဟာ Exam Registration လုပ်သင့်ပြီလား မလုပ်သင့်ဘူးလားသိမှာပါ
-ကိုယ့်ရဲ့ Band Score တက်လာလား မတက်လာဘူးလားသိရမှာပါ
-IELTS Band Score ဟာ Past Paper or Mock Test နဲ့ပဲတိုင်းလို့ရတာပါ တခြားနည်းလမ်းနဲ့တိုင်းလို့မရပါဘူး
(4) Work on your weakness
-ကိုယ့်ရဲ့ Band Score ဟာဘယ်တော့တက်လာလဲဆိုတော့ ကိုယ်အားနည်းနေတာ သွားလုပ်တဲ့အခါ တက်လာပါတယ်
-တယောက်နဲ့တယောက်အားနည်းနေတာမတူပါဘူး
-ကိုယ်ဘာအားနည်းနေတာလဲဆိုတာ သိဖို့ Past Paper ဖြေရတာဖြစ်ပြီး သိပြီဆိုရင် အဲ့အရာအတွက်အချိန်ပေးရပါတယ်
-ကိုယ်အားနည်းနေတာ သွားလုပ်တော့မှသာ ကိုယ့်ရဲ့ Band Score တက်လာမှာပါ အချိန်ကာလဘယ်လောက်ကြာသလဲဆိုတာနဲ့မဆိုင်ပါဘူး
(5) You could only search for solution if you know what your problems are
-ကိုယ်ဘယ်အပိုင်းအဆင်မပြေတာလဲကိုယ်သိတော့မှသာ ဒါကိုဖြေရှင်းဖို့ solution ရှာတွေ့မှာပါ
-ကိုယ့်ရဲ့ IELTS Journey ခရီးအစမှာ Past Paper တစုံလောက်ဖြေဖူးသင့်ပါတယ်
-ဒီတော့မှသာ IELTS မှာကိုယ့်အခြေအနေကိုယ်ရိပ်မိတာပါ
-ဥပမာဆိုပါတော့
-ကိုယ်က IELTS Reading ကိုအချိန်နဲ့တခါမှမဖြေဖူးဖူးဆိုပါတော့
-အဲ့တော့ကိုယ်က Reading ဖြေတဲ့အခါ အချိန်မမှီတတ်ဘူးဆိုတာ ကိုယ်မသိဘူး
-အဲ့တော့ Reading အချိန်မှီအောင် ဘာတွေလုပ်ဖို့လိုတယ်ဆိုတဲ့ solution ဟာလဲ ဘယ်လောက်အရေးကြီးလဲကိုယ်မသိဘူး နားမလည်တော့ဘူး
(6) Be aware of Fake IELTS Paper
-IELTS လေ့လာသူတယောက်ဟာ Past Paper ဖြေဖူးတော့မှသာ သူဟာ IELTS နဲ့ပတ်သတ်ပြီး မှန်ကန်တဲ့အမြင် mindset ရသွားတာပါ
-ဘာလို့လဲဆိုတော့
-သူမဖြေဖူးတဲ့အခါမှာ သင်တဲ့သူဘယ်လောက်သင်တတ်တတ် ဘယ်လောကါစေတနာထားထား သူဟာသင်တတ်တယ်လို့မမြင်တော့ဘူး စေတနာရှိတယ်လို့မမြင်တော့ဘူး
-ကိုယ့်မှာ ဘယ်လို IELTS related issue တွေတက်နေလဲဆိုတာမသိတဲ့သူတယောက်အတွက် ဘယ်လောက်တဲ့ solution ပဲပေးပေးသူကိုယ်တိုင်ဒါကို appreciate လုပ်မှာမဟုတ်ပါဘူး
-ပြသနာတခုကိုဖြေရှင်းနည်းအသုံးဝင်ပုံဟာ ပြသနာတက်နေတဲ့သူအတွက်ပဲဖြစ်မှာပါ
-ဒီနေရာမှာပြောစရာတခုရှိတာကတော့ IELTS Paper အတုတွေပြန့်နေပါတယ်
-Fake Paper တွေဟာ real paper နဲ့ဘာကွာလဲဆိုတော့ သိသိသာသာလွယ်သွားတာကွာပါတယ်
-ကိုယ်ဟာ fake paper တွေနဲ့ ကိုယ့်ရဲ့ IELTS Band Score ကိုလိုက်တိုင်းနေမယ်ဆိုရင် ကိုယ်လေ့ကျင့်တုန်းကအမှတ်တွေကောင်းနေပြီးတော့ တကယ်ဖြေတဲ့နေ့ရောက်တော့မှနည်းသွားပါလိမ့်မယ်
-ဒီ Fake Paper ဘာလို့ပြန့်နေလဲဆို ဖြန့်နေတဲ့သူရှိနေလို့ပါ
-ဒါကြောင့်မို့ ကိုယ့်ရဲ့ IELTS Band Score ကိုတိုင်းတာတဲ့အခါ Cambridge IELTS Past Paper စာအုပ်နဲ့ပဲတိုင်းပါ
(7) Mock Test
-ကိုယ်ဘယ်တော့ IELTS Exam ဝင်ဖြေလို့ရပြီလဲဆိုတော့ Mock Test result မှာမူတည်ပါတယ်
-Cambridge IELTS Past Paper ဖြေတဲ့အခါ ဘယ်လောက်ရသလဲမှာမူတည်ပါတယ်
-ဆရာတို့သင်တန်းမှာတော့ batch တခုဆုံးတိုင်း Mock Test စစ်ပါတယ်
-အရာအားလုံးဟာ ဒီ mock test result မှာမူတည်ပါတယ်
-Mock Test ဖြေတဲ့အခါ ကိုယ်လိုချင်တဲ့ အမှတ်ရတဲ့ထိ IELTS လေ့လာရတာကို ကိုယ့်ရဲ့ IELTS Journey လို့ခေါ်ပါတယ်
(8) Have a balanced IELTS lifestyle
-IELTS ဆိုတာ lifestyle တခုဖန်တီးရတာဖြစ်ပြီး ဒီလိုဖန်တီးတဲ့အခါ ၃ မျိုးစုံဖို့လိုပါတယ်
-IELTS Band Score
Receptive Skill
Exam Tactic
Exam Practice
-တချို့နေ့တွေမှာ ကိုယ်ဟာ Receptive Skill အတွက်အချိန်ပေးရတယ်
-Receptive Skill လုပ်တယ်ဆိုရင် ကိုယ့်ရဲ့ English Comprehension Skill တက်လာမယ်
-ဒီခေတ်အခေါ်အဝေါ်အရ level up လုပ်တယ်ပေါ့
-Receptive Skill လုပ်တဲ့အရာတွေကတော့ Ted Talk
Commencement Speech
Reader Digest
Podcast
BBC News
Movies
-ကိုယ်သဘောကျတဲ့အရာတခုခုပေါ့
-တချို့နေ့တွေမှာ Exam Tactic အတွက်အချိန်ပေးရမယ်
-Exam Tactic ဆိုတာ
-Question Types ဘယ်နှစ်မျိုးရှိလဲလေ့လာတာ
-ဘယ် Question Types ကဘာတွေသတိထားသင့်လဲသိအောင်လုပ်တာ
-IELTS Speaking and Writing Band Score အမှတ်ဘယ်လိုပေးလဲသိအောင်လုပ်တာ
-တချို့နေ့တွေမှာ Exam Practice အတွက်အချိန်ပေးရမယ်
-Exam Practice လုပ်တယ်ဆိုတာ Past Paper လေ့ကျင့်တာဖြေတာကိုဆိုလိုတာပါ
(9) Learn with Official IELTS Course Book
-ကိုယ့်ရဲ့ IELTS ခရီးဟာ ရှုပ်စရာမလိုပါဘူး
-ကိုယ်သိသင့်သိထိုက်တာတွေဟာ ဆရာတို့ သင်တဲ့ class ရဲ့ Official IELTS Course Book ထဲမှာပါပြီးသားပါ
-ကိုယ်လေ့လာတဲ့အခါ ဒါကြောင့် Course Book နဲ့လေ့လာသင့်တာပါ
-တခုချင်းစီလိုက်ရှာစရာမလိုတော့ပါဘူး မဟုတ်ရင် လိုက်ရှာနေရမှာဆိုတော့ ဇာတ်လမ်းရှုပ်ပါတယ်
(10) Each student’s IELTS journey is different
-IELTS လေ့လာတဲ့သူတွေရှုပ်နေတာဘာလဲဆိုတော့ ကိုယ်အရာအရင်လုပ်ပြီး ဘယ်အရာကို နောက်မှလုပ်ရမလဲဆိုတာကို မသိတာပါ
-အပေါ်ကဇာတ်လမ်းအကုန်ရှုပ်နေတယ်ဆိုရင် ဆရာ recommend ပေးတဲ့အတိုင်းလေ့လာလိုက်အဆင်ပြေသွားပါလိမ့်မယ်
-ဆရာ recommend ပေးတာအောက်ပါအတိုင်းပါပဲ
-အကယ်လို့ကိုယ်က Reading and Listening တစုံဖြေကြည့်လို့ Question 40 မှာ 20 အောက်ပဲမှန်တယ်ဆိုရင်
-Exam Practice လုပ်တာရပ်လိုက်ပါ
-Receptive Skill နဲ့ Exam Tactic ပဲလေ့လာပါ
-Foundation ကနေ IELTS Journey စပါ
-အကယ်လို့ကိုယ်က Reading and Listening တစုံဖြေကြည့်လို့ Question 40 မှာ 20 ကျော်မှန်တယ်ဆိုရင်
-Receptive Skill, Exam Tactic, Exam Practice ၃ မျိုးလုံးကို အလှည့်ကျအချိန်ပေးပါ
-Exam Preparation ကနေ IELTS Journey စပါ
-အကယ်လို့ကိုယ်က Reading and Listening တစုံဖြေကြည့်လို့ Question 40 မှာ 30 ကျော်မှန်တယ်ဆိုရင်
-Receptive Skill ရပ်လိုက်ပါ
-Exam Tactic နဲ့ Exam Practice အတွက်ပဲအချိန်ပေးပါ
-Exam Preparation ကနေကိုယ့်ရဲ့ IELTS Journey စပါ
-ကိုယ့်ရဲ့ Band Score နိမ့်နေတုန်းက IELTS လေ့လာပုံကတမျိုး
-ကိုယ့်ရဲ့ Band Score မြင့်လာတာနဲ့ ကိုယ်လေ့လာနေတဲ့ပုံစံပြောင်းသွားရပါတယ်
-အဲ့လိုပြောင်းမှကိုယ့်ရဲ့ Band Score တက်လာတာပါ
-ကိုယ်ဘာလုပ်ရမလဲဆိုတာသိဖို့ ကိုယ့်ရဲ့ Band Score သိဖို့လိုတာပါ
-ဒါကြောင့် Past Paper လေ့ကျင့်ဖို့လိုတာ Mock Test ဖြေကြည့်ဖို့လိုတာ
-နေ့တိုင်း Past Paper တွေဖြေနေရတာမဟုတ်ဘူး
-IELTS Journey မှာ ကိုယ်လုပ်ရတဲ့အရာဟာ Past Paper တခုထဲမဟုတ်ဘူး
-ကိုယ်ဘယ်အပိုင်းအတွက်အချိန်ပေးရမယ်
-ကိုယ်ဘယ်အပိုင်းအတွက်အချိန်ပေးစရာမလိုဘူးလဲ ဆိုတာကို တိတိကျကျ သိရဖို့ Past Paper ဖြေရတာ
-ကိုယ့်ရဲ့ IELTS Journey အစဟာ Past Paper နဲ့ပဲ စမှာဖြစ်ပြီး ကိုယ့်ရဲ့ IELTS Journey ဟာ Past Paper နဲ့ပဲဆုံးမှာပါ
-ဒါဆိုဘာလို့ကျောင်းသားတွေလမ်းပျောက်နေလဲဆိုတော့
-Past Paper မဖြေကြည့်လို့
-Past Paper ပဲဖြေနေပြီး ကျန်တာမလုပ်လို့
-ကိုယ်နဲ့ English Level မတူတဲ့သူတွေပြောတဲ့ recommendation တွေလျှောက်လုပ်နေလို့ဖြစ်ပါတယ်
ဆရာသွင်ဦးညီ Tik Tok link
www.tiktok.com/.thwin.oo.nyi
Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်
https://www.facebook.com/100064687449473/posts/887465153419725
IELTS နဲ့ပတ်သတ်ပြီး E books များ free download လုပ်ချင်တယ်ဆိုရင် ဆရာတို့ Purple Words Telegram channel မှာရှိပါတယ်
https://t.me/purplewordsyourdailyieltspartner
-IELTS နဲ့ပတ်သတ်တဲ့ Resources တွေအကုန်လုံးကို Level နဲ့ခွဲပြီး တနေရာထဲလေ့လာလို့ရအောင် စုပေးထားတယ် ´Resources for IELTS by Sayar Thwin Oo Nyi´ ဆိုတဲ့စာအုပ် Telegram channel မှာရှိပါတယ်
-ဆရာ့ရဲ့ Youtube channel link
https://m.youtube.com//videos
-Overall band score 8.0 ရဖူးသူဆရာသွင်ဦးညီ သင်ပါတယ်
ဆရာသွင်ဦးညီရဲ့ personal account
https://www.facebook.com/thwin.nyi
စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS
Purple Words Address
145/147(C) 5th Floor, Thein Phyu Road, Kandawkalay, Mingalarpar Taung Nyunt, Near AYA bank
09454105906, 09255164122, 09403544539
27/06/2026
Purple Words Student´s Testimonial
Poe Thae Oo
Occupation : Student
Attended class : Regular Exam Preparation
Listening : 7.0
Reading : 8.5
Speaking : 6.5
Writing : 6.5
Overall : 7.0
စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
145/147 (C), 5th Floor, Thein Phyu Road, Kandawkalay, Mingalar Taung Nyunt Township
Yangon
11181