CAD - Series

CAD - Series

Share

23/04/2026

✅ AutoCAD Drafter တစ်ယောက်အနေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် Tool တစ်ခုတည်းကို ကျွမ်းကျင်ရုံတင်မကဘဲ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အခြေခံသဘောတရားတွေကိုပါ သိထားဖို့ လိုအပ်ပါတယ်..။

အဓိက လေ့လာသင့်တဲ့ အချက်တွေကို အပိုင်း ၅ ပိုင်းနဲ့ ခွဲခြားဖော်ပြပေးလိုက်ပါတယ်..။

📍၁။ AutoCAD Technical Skills (နည်းပညာပိုင်း ကျွမ်းကျင်မှု)
AutoCAD ကို အခြေခံအဆင့်ထက်ကျော်လွန်ပြီး လုပ်ငန်းခွင်မှာ အချိန်ကုန်သက်သာစေမယ့် Advanced Feature တွေကို ကျွမ်းကျင်အောင် လေ့လာရပါမယ်..။

Drawing Management: Layer Management၊ Annotate နဲ့ Layout အပိုင်းတွေကို စနစ်တကျ အသုံးပြုတတ်ရပါမယ်..။

Blocks & Dynamic Blocks: အလုပ်ပိုမြန်စေဖို့အတွက် Parameter တွေ ထည့်သွင်းထားတဲ့ Dynamic blocks တွေ ဖန်တီးတတ်ရပါမယ်..။

Xrefs (External References): Project ကြီးတွေကို Drawing အများကြီးနဲ့ ချိတ်ဆက်လုပ်ကိုင်တတ်ရပါမယ်..။

Layout : Drawing တွေကို Plotting ထုတ်တဲ့အခါ စနစ်တကျရှိရပါမယ်..။

Annotation: Dimension styles, Multileaders နဲ့ Tables တွေကို လုပ်ငန်းခွင် Standard အတိုင်း အသုံးပြုတတ်ဖို့..။

📍၂။ Drawing Standards (ပုံဆွဲနည်း စံနှုန်းများ)
နယ်ပယ်အလိုက် သတ်မှတ်ထားတဲ့ Drawing Standard တွေကို သိထားမှသာ တခြားအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်တဲ့အခါ အဆင်ပြေမှာပါ..။

Paper Sizes & Scales: ISO အတိုင်း A0 ကနေ A4 အထိ Paper size တွေနဲ့ Drawing scales (ဥပမာ- 1:50, 1:100) တွေကို အပိုင်တွက်ချက်တတ်ဖို့ လိုပါတယ်..။

📍၃။ Construction & Engineering Knowledge (လုပ်ငန်းခွင် အခြေခံဗဟုသုတ)
Drafter တစ်ယောက်ဟာ ပုံဆွဲရုံတင်မဟုတ်ဘဲ မိမိဆွဲနေတဲ့ ပုံရဲ့ အပြင်လက်တွေ့တည်ဆောက်ပုံကိုပါ နားလည်ထားရပါမယ်..။

Reading Blueprints: သက်ဆိုင်ရာ Architecture, Structural ဒါမှမဟုတ် MEP ပုံတွေကို ဖတ်တတ်၊ နားလည်တတ်ဖို့လိုပါမယ်..။

Building Codes: ဒေသအလိုက် သတ်မှတ်ထားတဲ့ အဆောက်အအုံ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံအားဖြင့် သိထားရပါမယ်..။

Material Knowledge: သံကူကွန်ကရစ်၊ သံထည် သို့မဟုတ် သစ်သား တည်ဆောက်ပုံ အခြေခံတွေကို သိထားရင် ပုံဆွဲတဲ့အခါ ပိုမိုတိကျစေပါတယ်..။

📍၄။ Modern Software & 3D Visualization (အနာဂတ်အတွက် ပြင်ဆင်မှု)
AutoCAD အပြင် လက်ရှိခေတ်စားနေတဲ့ အခြား Software တွေကိုပါ တွဲဖက်လေ့လာထားရင် အလုပ်အကိုင် အခွင့်အလမ်း ပိုများလာနိုင်ပါတယ်..။

BIM Basics: Revit လိုမျိုး Building Information Modeling software တွေရဲ့ အခြေခံကို လေ့လာထားပါ..။

3D Modeling & Rendering: 3D ပုံဖော်တာနဲ့ Photorealistic ဖြစ်တဲ့ Rendering (ဥပမာ- Enscape, V-Ray) ပိုင်းတွေကို လေ့လာထားခြင်းက အားသာချက် ဖြစ်စေပါတယ်..။

📍၅။ Soft Skills (လုပ်ငန်းခွင် စွမ်းရည်)
Attention to Detail: ပုံထဲမှာ အမှားအယွင်းမရှိစေဖို့ အသေးစိတ် ဂရုစိုက်နိုင်မှု..။

Problem Solving: Drawing ဆွဲတဲ့အခါ ကြုံတွေ့ရတဲ့ Technical အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်း..။

Time Management: သတ်မှတ်ထားတဲ့ Deadline အတွင်း ပုံတွေပြီးစီးအောင် ဆောင်ရွက်နိုင်မှု.. တွေပဲ ဖြစ်ပါတယ်..။
------------------------------------
▫️Ko Myo [ CAD - Series ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐
-------------------------------------


22/04/2026

🔰SolidWorks မှာ Assembly ဘယ်လို လုပ်မလဲ..?

✅ Telegram မှ လေ့လာလိုသူများအတွက်..
https://t.me/komyosharing/435?single






21/04/2026

🔰 SolidWorks မှာ Exhaust Manifold ဆွဲနည်း..

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 503, B-12, Shukhinthar Housing, Thaketa
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00