Football Highlights
29/09/2021
ချန်ပီယံလိဂ်
=========
FT : ဘင်ဖီကာ 3 - 0 ဘာစီလိုနာ
နူနက်ဇ် 3' 79' (p)
ဆေးလ်ဗား 69'
ဘာကာတို့ အဝေးကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါပြီ ။ ဘာကာတို့ နှစ်ပွဲကစားပြီးချိန် ရမှတ် zero ဖြစ်နေဆဲပါပဲ ။
29/09/2021
ချန်ပီယံလိဂ်
==========
FT : ယူနိုက်တက် 2 - 1 ဗီလာ ရီးယဲ
တဲလက်စ် 60' အယ်လ်ကာဆာ 53'
ရော်နယ်ဒို 90+'
ရော်နယ်ဒိုရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် ယူနိုက်တက်တို့ အဖိုးတန် နိုင်ပွဲရယူနိုင်ခဲ့ကြပါတယ် ။
26/09/2021
👉👉တိုက်စစ်မှူးတွေရဲ့ခြေစွမ်းပြမှုနှင့်အတူ နိုင်ပွဲရခဲ့တဲ့ ဘာစီလိုနာ
Barcelona 3-0 Levante (FT)
⚽️Depay 6’
⚽️De Jong 14’
⚽️Fati 90+1’
25/09/2021
မန်ယူ-ဗီလာ ပွဲ ထူးခြားအချက်အလက်များ
================================
✅ အိုးလ်ထရက်ဖို့ဒ်ကွင်း ဗီလာနှင့် အိမ်ကွင်း
နောက်ဆုံး ၃၄ပွဲတွင် မန်ယူ ၂၆ပွဲနိုင်၊ ၇ပွဲသရေ၊
ဗီလာ ၁ပွဲသာနိုင်ခဲ့။
✅ ပရီးမီးယားလိဂ်တွင် မန်ယူနိုင်ပွဲအများဆုံးရ
ပြိုင်ဘက်မှာ ဗီလာနှင့် အဲဗာတန်ဖြစ်ပြီး ၃၇ပွဲစီ
အနိုင်ရခဲ့။
✅ မန်ယူသည် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင်ကစားသည့် ပရီးမီးယားလိဂ် နောက်ဆုံး ၁၅ပွဲဆက် ဂိုးသွင်းနိုင်ခဲ့။ သို့သော် ပရီးမီးယားလိဂ်
အိမ်ကွင်းနောက်ဆုံး ၇ပွဲဆက် မန်ယူ ဂိုးပေးခဲ့ရ။
✅ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည်
ဗီလာနှင့်တွေ့ဆုံမှု ၃ကြိမ်စလုံး ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းနိုင်ခဲ့။ ယင်း ၃ပွဲစလုံး မန်ယူ
အနိုင်ရခဲ့ပြီး ၈ဂိုးသွင်းယူနိုင်ခဲ့။
✅ ဗီလာသည် လက်ရှိပရီးမီးယားလိဂ်အသင်း ၂၀အနက် ဆောက်သမ်တန်ပြီးလျှင် ၂၀၂၁ အတွင်း အဝေးကွင်းရှုံးပွဲအများဆုံးအသင်း
ဖြစ်ပြီး ၈ပွဲအထိ ရှုံးနိမ့်ခဲ့။
✅ နည်းပြဒင်းစမစ်၏ ဗီလာသည် ပရီးမီးယားလိဂ် အဝေးကွင်းနောက်ဆုံး ၈ပွဲဆက် ဂိုးပေးခဲ့ရ။
✅ ယခုရာသီ ဗီလာရရှိခဲ့သည့် ပရီးမီးယားလိဂ်
၈ဂိုးအနက် ၄ဂိုးမှာ တည်ကန်ဘောမှ သွင်းခဲ့ခြင်းဖြစ်။ လီဗာပူး၏ ၆ဂိုးပြီးလျှင် အများဆုံးဖြစ်။
✅ မန်ယူနှင့် အဝေးကွင်းနောက်ဆုံး ၈ပွဲဆက်
ဗီလာ နိုင်ပွဲမရှိ။ ၁ပွဲသရေ၊ ၇ပွဲရှုံးခဲ့။ ယင်း ၈ပွဲ
တွင် မန်ယူ ၂၂ဂိုးသွင်းနိုင်ခဲ့ပြီး ဗီလာ ၆ဂိုးရခဲ့။
✅ မန်ယူလူစာရင်းတွင် ကာဗာနီ ပြန်ပါဝင်လာပြီး ဗီလာတွင် လီယွန်ဘိုင်လီ ပါဝင်နိုင်မည်မဟုတ်။
✅ ယခုရာသီ မန်ယူအတွက် ၃ပွဲကစားပြီး
၄ဂိုးသွင်းယူထားသည့် ရော်နယ်ဒိုသည် ဗီလာနှင့်
ပြိုင်ပွဲစုံ ၁၄ပွဲရင်ဆိုင်ခဲ့ရာတွင် ၉ဂိုးသွင်း၊ ၄ဂိုး
ဖန်တီးနိုင်ခဲ့။ ယင်း ၁၄ပွဲတွင် မန်ယူ ၁၃ပွဲနိုင်၊
၁ပွဲသရေ၊ ရှုံးပွဲမရှိ။
25/09/2021
ချဲလ်ဆီး-မန်စီးတီး ပွဲ ထူးခြားအချက်အလက်များ
====================================
✅ ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၁၂ပွဲဆက်
သရေပွဲမရှိ။ ချဲလ်ဆီး ၅ပွဲနိုင်၊ မန်စီးတီး ၇ပွဲနိုင်ခဲ့။
✅ ချဲလ်ဆီးသည် ဂျာမန်သားနည်းပြသောမတ်စ်
တူချယ် ကိုင်တွယ်ပြီးနောက် ပရီးမီးယားလိဂ် ၂၄ပွဲ တွင် ၁၅ပွဲ Clean Sheet ရခဲ့။ အခြားအသင်း များထက် ပိုများ။
✅ ချဲလ်ဆီးတိုက်စစ်မှူးလူကာကူသည် မန်စီးတီးနှင့် ပြိုင်ပွဲစုံ ၁၆ပွဲတွင် ၅ဂိုးသွင်းနိုင်ခဲ့။ သို့သော်
မန်စီးတီးနှင့် နောက်ဆုံး ၄ပွဲဆက်(မန်ယူတွင် ကစားစဉ်) ဂိုးပေါက်ပျောက်ခဲ့။
✅ မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် နည်းပြဘဝ
ချဲလ်ဆီးနှင့် ၈ပွဲအထိ ရှုံးပွဲကြုံခဲ့။ ဂွါဒီယိုလာ ရှုံးပွဲ
အများကြုံတွေ့သည့် အသင်းဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ၄ပွဲရှုံးခဲ့။
✅ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းသည် ချဲလ်ဆီးနှင့် တွေ့ဆုံမှု နောက်ဆုံး ၃ပွဲဆက် ဂိုးသွင်းခဲ့။
✅ ချဲလ်ဆီးကွင်း ပြိုင်ပွဲစုံတွေ့ဆုံမှု ၈၂ပွဲတွင်
ချဲလ်ဆီး ၄၂ပွဲနိုင်၊ ၂၂ပွဲသရေ၊ မန်စီးတီး ၁၈ပွဲ
အနိုင်ရခဲ့။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon