Seaman knowledge
17.01.2025 (Friday)
တခိုင်လုံးရွှေသင်္ဘောပါ
👉HMM (Bulk Carrier လေးချောင်းငါးပေါက်) သင်္ဘောအတွက် C/CK တယောက်လိုအပ်နေပါသည်။
(Bulk Carrier)
👉C/CK. 1650 USD. 1 Post
< 45 years
-လစာ Onboard ပေးပါသည်။
-အသက်45အောက်ဖြစ်ရပါမည်။
-C/CK ရာထူးဖြင့်အနဲဆုံး 1 နှစ်စီးဖူးရပါမည်။
👉👉ရိုက်ကြေး/အထွက်ကြေးမရှိပါ။
ဆေးစစ်ခပြန်ရှင်းပေးပါသည်။
To Contact Manager
📲09-5151117 (Phone & Viber)
Email 📧 [email protected]
Office Address
Multigate (Services) Myanmar Co., Ltd.
👉👉လှိုင်မြို့နယ်၊အင်းယားကန်အရှေ့ကကန်လမ်း၊ဆင်ဖြူတော်ဟိုတယ်အရှေ့၊ကန်ရိပ်မွန်ကွန်ဒို၊ဘီ 1.
Houthi သူပုန်တွေတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ Red Sea ကိုဖြတ်သန်းသွားလာရမဲ့ သင်္ဘောသားတွေအနေနဲ့ မသွားလိုပါက ငြင်းဆိုနိုင်တယ်လို့ ITF ထုတ်ပြန်။
အလုပ်သမားသမဂ္ဂနဲ့ စက်မှုလုပ်ငန်းအဖွဲ့များမှ ''ယီမင်မဟာမိတ် ၊ ဟွတ်သီသူပုန်တွေက Commerical Ship တွေကိုတိုက်ခိုက်နေတဲ့ ပင်လယ်နီကိုဖြတ်သန်းသွားလာရာမှာ မိမိိတို့ရဲ့သဘောဆန္ဒအရမသွားလိုပါက ငြင်းဆိုနိုင်တယ်'' လို့ သောကြာနေ့မှာပြောဆိုခဲ့ပါတယ်။
ဂါဇာမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သတ်ပြီး အစ္စရေးကိုဆန့်ကျင်ကာ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွှတ်မှုဆိုင်ရာလုပ်ငန်းများအဖြစ် ယမန်နှစ် November လလည်တည်းက ပင်လယ်နီအတွင်းဖြတ်သန်းသွားလာနေတဲ့ Commerical Ship တွေကို ဒုံးကျည်တွေ ၊ Drone တွေနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။
သင်္ဘောသားတွေအနေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့
High-risk Zones တွေထဲကိုဝင်ရောက်ဖြတ်သန်းသွားလာရတဲ့အခါမှာ လစာရဲ့၂ဆ ရရှိခွင့်ရမယ်လို့သဘောတူညီချက်လတ်မှတ်တွေရေးထိုးရပါတယ်။
အပြည်ပြည်ဆိုင်ရာညှိနှိုင်းရေးဖိုရမ် (IBF) အဖြစ်
စစ်ဖြစ်နေတဲ့ဒေသတွေနဲ့ High-risk Aeras တွေ
အထဲမှာပင်လယ်နီတောင်ပိုင်းကိုပါ ဒီဇင်ဘာလမှာ ထည့်သွင်းခဲ့ပြီး သင်္ဘောသားတွေနဲ့ သင်္ဘောကုမ္ပဏီတွေအကြား ညှိနှိုင်းဆောင်ရွက်တွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။
IBF ရဲ့အစီအစဥ်တစ်ခုအဖြစ် သင်္ဘောသားတွေအနေနဲ့ အဆိုပါ ဧရိယာတွေကိုမဝင်ရောက်ခင် ၇ရက်ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး ပြန်ပို့ဖို့အတွက် ကုန်ကျစရိတ်ကို Company ဘက်မှကျခံရမှာဖြစ်ပြီး
လျော်ကြေးအဖြစ် အခြေခံလစာ ၂လစာကိုပါပေးရမယ် လို့ International Transport Workers' Fedreation(ITF) (နိုင်ငံတကာသယ်ယူပို့ဆောင်ရေးအလုပ်သမားများအဖွဲ့ချုပ်) နဲ့ ပူးပေါင်းအဖွဲ့များက ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။
''အဆိုပါထုတ်ပြန်ချက်က အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကို အနုတ်သဘောဆောင်သော်လည်း သင်္ဘောသားတွေရဲ့ဘေးကင်းမှုကအရေးကြီးတယ်''လို့ ထုတ်ပြန်ချက်မှာထပ်မံဖော်ပြထားပါတယ်။
ယမန်နှစ် နိုဝင်ဘာလက ဟွတ်သီသူပုန်တွေ ပြန်ပေးဆွဲခဲ့တဲ့ ကားတင်သင်္ဘော Galaxy Leader မှ သင်္ဘောသား ၂၅ယောက်ကို ပြန်လွှတ်ပေးဖို့အတွက်အစိုးရတွေအနေနဲ့ အာမခံဖြင့်ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ITF က တိုက်တွန်းထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ရေကြောင်း
ကုန်သွယ်ရေးရဲ့ 12% ခန့်ဟာ ပင်လယ်နီကိုဖြတ်သန်းသွားလာနေရတာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon