Grab Your Success - GYS

Grab Your Success - GYS

Share

23/06/2026

Toxic ဆိုတဲ့ စကားလုံးက အခုခေတ်မှာ
အရမ်း ပေါ့ပေါ့သုံးနေတဲ့ စကားလုံး ဖြစ်နေတယ် ဆိုတာ သတိထားမိလား ??
-------------------
အထက်လူကြီးနဲ့ စိတ်တိုလို့ ဆိုရင် "toxic" ပဲ
အလုပ် နည်းနည်း များသွားလို့ အိမ်နောက်ကျပြန်နေရတာ .. ဒါလဲ.. "toxic" ပဲ
ဒါပေမဲ့ တကယ့် toxic workplace နဲ့...
ရိုးရိုး ပင်ပန်းတဲ့ အလုပ်တစ်ခုက မတူဘူး
ဒီနှစ်ခုကို ခွဲခြားမသိရင်... ထွက်သင့်ချိန် မထွက်ဖြစ်တာ၊
ဒါမှမဟုတ် ဆက်လုပ်သင့်တဲ့
နေရာက မဆင်မခြင် ထွက်မိတာ ဖြစ်တတ်တယ်
ဒါဆို ဘယ်လို ခွဲမလဲ ???
ပင်ပန်းတဲ့ အလုပ်က — ကိုယ့်ကို ပင်ပန်းစေတယ်၊ ဒါပေမဲ့ တိုးတက်စေတယ်
အလုပ် များတယ်၊ ဒါပေမဲ့ ကိုယ် တစ်ခုခု သင်ယူနေရတယ်၊ တန်ဖိုး တက်နေတယ်
Toxic အလုပ်က မတူဘူး — ကိုယ့်ကို ပင်ပန်းစေရုံ မက...
ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာပ် ထိခိုက်အောင် လုပ်နေတယ်
ဘာတွေ တွေ့ရတတ်လဲ ဆိုတော့ —
လုပ်တိုင်း မှားနေသယောင်ယောင်၊
ဘာလုပ်လုပ် မလုံလောက်ဘူးလို့ ခံစားရတာ
အမှားကို သင်ပေးတာ မဟုတ်ဘဲ ရှေ့လူတွေရှေ့မှာ အရှက်ခွဲတာ
ကိုယ့်ရဲ့ အလုပ်ကို သူများက ယူသွားပြီး မျက်နှာ ရတာ
အိမ်ပြန်ရောက်တဲ့အခါ ပင်ပန်းရုံ မက...
တန်ဖိုးမဲ့သလို ခံစားရတာ
ပြီးတော့ အရေးကြီးဆုံး အချက် —
အလုပ်ထဲက ပြဿနာတွေက အလုပ်ထဲမှာ
မရပ်တော့ဘဲ ကိုယ့်ရဲ့ စိတ်၊ ကျန်းမာရေး၊
ပတ်ဝန်းကျင်က လူတွေဆီ စိမ့်ဝင်လာတာ
ဆိုတော့ မေးခွန်းက "ဒီအလုပ် ပင်ပန်းလား" မဟုတ်ဘူး
"ဒီအလုပ်က ငါ့ကို Confident ရှိစေသလား၊ အားငယ်စေသလား" ဆိုတာပဲ
ဒါပေမဲ့ ဒီနေရာမှာ သတိထားစရာ တစ်ခု ရှိတယ်...
တကယ် toxic ဖြစ်နေတာတောင်...
ချက်ချင်း ထွက်ဖို့က အဖြေ မဟုတ်တတ်ဘူး ဗျ။
ဘာလို့လဲ ဆိုတော့ ဝင်ငွေ မရှိဘဲ ထွက်လိုက်ရင်
နောက်တစ်ခုမှာ ပိုဆိုးတဲ့ နေရာ ရောက်ချင် ရောက်နိုင်တယ်, right ??
တကယ်လုပ်သင့်တာက —
ဒီအလုပ်က ကိုယ့်ကို စိတ် အားငယ်အောင် လုပ်နေတယ်လို့
သေချာသိရင်... အဲ့ဒီနေ့ကစပြီး တိတ်တိတ်လေး
နောက်တစ်ဆင့်အတွက် ပြင်ဆင်ဖို့ပဲ
Skill တစ်ခု ပိုဖြည့်ဖို့၊ ဝင်ငွေ နောက်လမ်းကြောင်း ရှာဖို့၊
ထွက်နိုင်တဲ့ အခြေအနေ တည်ဆောက်ဖို့
ထွက်တဲ့ ဆုံးဖြတ်ချက်ထက်... ထွက်နိုင်တဲ့ အင်အား ရှိနေဖို့က ပိုအရေးကြီးတယ်
ကိုယ် အခု ရှိနေတဲ့ နေရာက... ကိုယ့်ကို ဖြည်းဖြည်းချင်း ကြီးထွားစေနေသလား၊
ဖြည်းဖြည်းချင်း သေးငယ်စေနေသလား 🤔🤔🤔

16/06/2026

Customer တွေနဲ့
ထိတွေ့ဆက်ဆံနေရသူတွေအားလုံးအတွက်
Customer Service Online Class
============================
လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ဖို့ဆိုတာ
Customer တွေရဲ့ စိတ်ကျေနပ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
လူတွေစိတ်ဝင်စားလာအောင် ပြောဆိုနည်းနဲ့
ရေရှည်ခိုင်မာတဲ့ Relationship တည်ဆောက်နည်းတွေကို
Customer Service သင်တန်းမှာ အခြေခံကစပြီး လေ့လာနိုင်ပါတယ်။

Course Outline
Unit 1 - What is customer service?
Unit 2 - Do & Don't for customers
Unit 3 - Etiquette & Soft skills
Unit 4 - Knowledgeable Tips for customer service
Unit 5 - Persuasion Skills
Unit 6 - Build healthy relationships with customers
Unit 7 - Great manners & Body language
Unit 8 - Personal Conclusion
Bonus - Online Customer Service

ဘယ်လိုလေ့လာရမလဲ ❓
Application/ Website တွေကနေ
Online Video တွေကို အချိန်မရွေး၊
နေရာမရွေး အင်တာနက်နဲ့ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူ လေ့လာရမှာ ဖြစ်ပါတယ်
အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်ဖြစ်
တကယ်လိုအပ်လာမယ့် Customer Service Skills တွေကို
အတူတူ ဖြည့်ဆည်းလိုက်ရအောင်။
စုံစမ်းချင်တာလေးတွေရှိရင် Messenger ကနေ အသေးစိတ် လာရောက်မေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်ဗျ။ 💬

Phone-09 255 483 028 (Viber)

15/06/2026

"ထိုင်နေရင်းနဲ့ တချို့လူတွေရဲ့
ပိုက်ဆံက ဘယ်လို တိုးပွားနေတာလဲ" ❓............................................
မိတ်ဆွေ ဒီမေးခွန်းကို
တစ်ခါမှ မမေးဖူးဘူးလား...
တစ်ချို့က တစ်နေ့တာ
အလုပ်ထဲ ဒုက္ခခံပြီး ပင်ပန်းနေချိန်
တစ်ချို့ကျ အိပ်နေတုန်း၊ ထမင်းစားနေတုန်းမှာတောင်
သူတို့ပိုက်ဆံက သူ့ဟာသူ အလုပ်လုပ်နေတယ်
အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာ... ဒါတွေ ဘာကြောင့်
တချို့လူတွေအတွက် ဥစ္စာ ဖြစ်ပြီး
တချို့လူတွေအတွက်တော့ ဝေးနေတဲ့ အရာ ဖြစ်နေတာလဲ ???
ကွာခြားချက်က ပိုက်ဆံ ဘယ်လောက်ရှိလဲ မဟုတ်ဘူး
ပိုက်ဆံအကြောင်း ဘယ်လောက် နားလည်လဲ ဆိုတာပဲဗျ ။

ငွေကြေးဖောင်းပွမှုကြောင့် ကိုယ့်လက်ထဲက
ပိုက်ဆံတန်ဖိုး သိသိသာသာ နည်းလာတယ် ဒါပေမဲ့ သတိမထားမိဘူး ...
ဒါ နားမလည်ရင် ပိုက်ဆံ ဝင်နေပေမယ့်...
ဘယ်တော့မှ မချမ်းသာဘဲ ဖြစ်နေတတ်တယ်
တကယ်တော့ ချမ်းသာတာက အမွေ မဟုတ်ဘူး၊ ကံ မဟုတ်ဘူး
— သင်ယူလို့ရတဲ့ Skill တစ်ခုပဲ
GYS အွန်လိုင်းသင်တန်းရဲ့ Money IQ သင်တန်းမှာ —

ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့ ဘယ်လို Mindset တွေ ရှိရမလဲ
ငွေရဲ့ သဘောတရား — Financial Education ဆိုတာ တကယ် ဘာလဲ
(ဒီအချက် မသိလို့ လူအများစုက ဝင်ငွေ ရှိနေပေမယ့် မချမ်းသာဘဲ ဖြစ်နေတာ)
ဝင်ငွေ တိုးဖို့ လမ်းကြောင်းအသစ်တွေ ဘယ်လို ဖောက်မလဲ
ဝင်ငွေ နဲနဲလေးကနေ စပြီး ဘယ်လို စုဆောင်းမလဲ
လက်ထဲ ရှိနေတဲ့ ပိုက်ဆံကို ဘယ်လို ပွားအောင် လုပ်မလဲ
ငွေကြေးဖောင်းပွမှု၊ နိုင်ငံရေး၊ စီးပွားရေးက ကိုယ့်ချမ်းသာမှုအပေါ် ဘယ်လို သက်ရောက်လဲ
ရွှေ၊ ဒေါ်လာ ဈေးနှုန်းတွေ အကြောင်း
"ကိုယ်လည်း တစ်ချိန် ဒီလို ဖြစ်ချင်တယ်" လို့ တွေးမိရင်...
အရင်ဆုံး လုပ်ရမှာက ပိုက်ဆံ ရှာဖို့ မဟုတ်ဘူး၊
ပိုက်ဆံ အကြောင်း နားလည်အောင် လေ့လာဖို့ပဲ 🤔
Money IQ tips တွေ၊ သင်တန်းအသေးစိတ် သိချင်ရင် —
Comment မှာ "MoneyIQ" လို့ ရေးခဲ့ပြီးတစ်ခါထဲ
Page Messenger ကိုစာတန်းပို့ ပါ ဗျ ။

ဒါမှမဟုတ် Viber (+959 255 483 028) ကနေ ဆက်သွယ်နိုင်ပါတယ်။
Call Center — 09 7786 210 70

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


259
Yangon
11091