Power Travel
13/04/2026
ပျော်ရွှင်စရာသင်္ကြန်အကျနေ့လေးဖြစ်ပါစေ☘️🌿💦💦💦💦💦
သင်္ကြန်အကျနေ့မှာ အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားရင်းပဲဖြစ်ဖြစ် ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးနိုင်ကြပါစေ။ သင်္ကြန်ပိတ်ရက် ခရီးစဉ်တစ်လျှောက်လုံးမှာ Power Travel ရဲ့ ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။🌿☘️💦💦💦💦
07/04/2026
✈️ ရန်ကုန်လေဆိပ်ကနေ ခရီးသွားမည့်သူများအတွက် အထူးသတိပေးချက် ✈️
Power Travel ရဲ့ ခရီးသွားမိသားစုဝင်များရှင်... မကြာခင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လုံခြုံရေးစည်းကမ်းချက်အသစ်တွေ စတင်တော့မှာဖြစ်လို့ ခရီးစဉ်မစတင်မီ အဆင်ပြေချောမွေ့စေဖို့ အောက်ပါအချက်လေးတွေကို အထူးဂရုပြုပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ 🛑
✅ လိုက်နာဆောင်ရွက်ရမည့် အချက်များ
၁။ NRC ကတ် (မှတ်ပုံတင်) မဖြစ်မနေယူဆောင်လာပါ
မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ယူချိန်နှင့် Check-in ဝင်ချိန်များတွင် နိုင်ငံသားစိစစ်ရေးကတ် (မူရင်း) ကို မဖြစ်မနေ ပြသနိုင်ရပါမည်။
၂။ အချက်အလက်များ တိကျပါစေ
လေကြောင်းလိုင်းသို့ ပေးပို့သည့် ခရီးသည်စာရင်းတွင် မိမိ၏ မှတ်ပုံတင်အမှတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်ကြောင်း ကြိုတင်စစ်ဆေးပေးပါ။
၃။ တင်းကြပ်သော လုံခြုံရေးစစ်ဆေးမှုများ
ပြည်တွင်း/ပြည်ပ ခရီးစဉ်အားလုံးအတွက် လေကြောင်းရဲတပ်ဖွဲ့မှ စေ့စေ့စပ်စပ် စစ်ဆေးသွားမည်ဖြစ်ပါသည်။
- ထွက်ခွာ (Departure) လက်မှတ်စစ်ကောင်တာများ
- ဆိုက်ရောက် (Arrival) ကောင်တာများတွင် အဓိက စစ်ဆေးသွားမည်ဖြစ်ပါသည်။
💡 Power Travel ရဲ့ အကြံပြုချက်
လေဆိပ်တွင် စစ်ဆေးမှုများ ပိုမိုပြုလုပ်မည်ဖြစ်သောကြောင့် အချိန်ကြန့်ကြာမှုမရှိစေရန် လေဆိပ်သို့ ကြိုတင်ရောက်ရှိနေဖို့နဲ့ လုံခြုံရေးဝန်ထမ်းများကို စိတ်ရှည်စွာ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်ရှင်။
ကိုယ်စိတ်နှစ်ဖြာ ဘေးကင်းလုံခြုံစွာနဲ့ ခရီးစဉ်များ လည်ပတ်နိုင်ကြပါစေ။ 🙏
26/03/2026
📢 MNA Club Member များအတွက် Extra Baggage Allowance Update ✈️
MNA Club Member များအတွက် Extra Baggage Allowance များကို ခရီးသွားများ သိရှိနိုင်စေရန် Power Travel မှ ဖော်ပြပေးလိုက်ပါတယ်ရှင့်။
Updated MNA Club Member Benefits: Extra Baggage Allowance
Myanmar National Airlines (MNA) အား အစဉ်မပြတ်အားပေးစီးနင်းကြသည့် ခရီးသွားပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
📅 Effective Date – 26 March 2026 မှစ၍
MNA Club Member များအတွက် Extra Baggage Allowance ကို အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်ပေးသွားမည်ဖြစ်ပါသည်—
💎 Diamond Member
• Business Class – 20 kg Extra
• Economy Class – 10 kg Extra
• Economy Class (Saver / Promo) – N/A
🥇 Gold Member
• Business Class – 10 kg Extra
• Economy Class – 5 kg Extra
• Economy Class (Saver / Promo) – N/A
🙏 Power Travel မှ ခရီးသွားများအားလုံးကို အမြဲအဆင်ပြေသော ခရီးစဉ်များဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon