Chance Myanmar

Chance Myanmar

Share

04/03/2026

ချစ်လို့ပါဆိုတဲ့ စကားတစ်ခွန်းနဲ့ လုပ်ရပ်တိုင်းကို လိုက်ချုပ်ချယ်နေတာကို တကယ်ချစ်တယ်လို့ ထင်နေတာလား?

ဘာလုပ်လုပ် ခွင့်ပြုချက်တောင်းနေရတာ၊ ဖုန်းအစစ်ခံနေရတာတွေ၊ ဟိုဟာလည်း မလုပ်နဲ့၊ ဒီဟာလည်း မလုပ်နဲ့ဆိုပြီး လိုက်ချုပ်ချယ်နေတာက ကိုယ့်ကို တကယ်ဂရုစိုက်တာ မဟုတ်ဘူး။
“ငါက ချစ်လို့ ဒီလိုလုပ်တာ”၊ “ ငါတစ်ယောက်ပဲ နင့်ကို သည်းခံနိုင်တာ” ဆိုတဲ့ စကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ဖြစ်အောင် လုပ်နေတာ
ဒါက ချစ်တာမဟုတ်တော့ဘူး.. ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ အကြပ်ကိုင်နေတာပါ။

ဒီအတိုင်းသာ ဆက်သွားနေရင်
ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတော့ဘဲ
တစ်ဖက်လူ စိတ်ဆိုးမှာကိုပဲ ကြောက်ပြီး ရှင်သန်နေရတဲ့သူဖြစ်လိမ့်မယ်။

အချိန်ကြာလာလေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူးလို့ ခံစားလာရပြီး နေ့တိုင်းလိုလို စိတ်ဒဏ်ရာတွေနဲ့ ဖြတ်သန်းနေရလိမ့်မယ်။ စာရေးဆရာမ Susan Forward က ဒီလို အခြေအနေကို Emotional Blackmail ကိုယ့်ရဲ့ ခံစားချက်ကို အသုံးချပြီး အကျပ်ကိုင်တဲ့ လုပ်ရပ်လို့ လို့ ခေါ်တယ်ဗျ။ ဒီထဲက ရုန်းထွက်ချင်ရင် တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ ပေးတဲ့ "အပြစ်ရှိစိတ်" ကို လက်မခံဘဲ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ်ကို ပြတ်ပြတ်သားသား သတ်မှတ်ဖို့ လိုတယ်လို့ ထောက်ပြထားပါတယ်။

တစ်ခြားသူ စိတ်ကြိုက် ပုံသွင်းခံရတဲ့ ရုပ်သေးရုပ် ဘဝကနေ ရုန်းထွက်ပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကိုယ်က သူရဲ့ အကြပ်ကိုင်တာကို လက်မခံတော့လို့ လမ်းခွဲရမှာကို မကြောက်ပါနဲ့။ လူတစ်ယောက်ထက် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်က ပိုပြီးတော့ အရေးကြီးပါတယ်။

ကျွန်မတို့ရဲ့ Chance Myanmar မှာဆိုရင် ကိုယ့်စိတ်ကိုယ်ပိုင်ဖို့နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။

ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ? ဆိုတာတွေကို
အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။

👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform






#နှလုံးသားထဲရောက်အောင်စကားပြောနည်း

03/03/2026

“ လူတွေ မပျော်ရွှင်ရခြင်း အကြောင်းရင်း ”

လူတွေ မပျော်ရတဲ့ အကြောင်းအရင်း နှစ်ခုရှိတယ်။ တစ်ခုက Endless Desires ဖြစ်တာ။ မြန်မာလိုပြောရရင် လိုချင်တပ်မက်မှုများတာ။ ဒုတိယတစ်ခုကျတော့ အပြင်ကလာတဲ့ (External Stress) စိတ်ဖိစီးမှုတွေကြောင့်ပါ။

ပထမတစ်ခုကို ရှင်းပြရရင် ကိုယ့်ဆီမှာ တစ်ခုခုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့စိတ်ပါ။ ကိုယ့်မှာ ပိုက်ဆံရှိမှ ပျော်ရွှင်မယ်ပဲ ဆိုပါစို့။ အကယ်၍ ပိုက်ဆံတွေ အများကြီး ချမ်းသာလာတဲ့အခါကျတော့ လိုချင်တာတွေ များလာတယ်။ လက်ထဲမှာ ငွေရှိရင် ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင် ဖြစ်လာတယ်။

တကယ်တမ်း ပိုက်ဆံမရှိတာနဲ့စာရင် ပိုက်ဆံရှိတဲ့ဘဝက ပိုအဆင်ပြေတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ တကယ်တမ်း ပိုက်ဆံချမ်းသာသွားတဲ့အခါမှာလည်း ဘဝရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရနိုင်လားဆိုရင် မရနိုင်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုတော့ ပိုက်ဆံဆိုတဲ့ ပေတံနဲ့တော့ တိုင်းလို့မရဘူး။

နောက်တစ်ခုက အပြင်ကလာတဲ့ ဖိအားတွေပါ။ အလုပ်ထဲမှာဆို ကိုယ့်ဘောစ်က ဆူတာ၊ စီနီယာက ဆူတာ၊ အမှားလုပ်မိတာ။ အလုပ်က ပြန်လာလို့ အိမ်ရောက်တော့လည်း အိမ်မှာ မိသားစုချင်း ရန်ဖြစ်ကြတာ၊ စားဖို့ ဆန်မရှိတော့တာ။ ကျောင်းသားတွေဆို စာမေးပွဲ၊ သမီးရည်းစားတွေဆိုရင် မိဘချင်းသဘောမတူတာတွေ။

စသဖြင့် ဒါတွေအားလုံးဟာ External Stress (အပြင်က လာပြီး ကျွန်မတို့ကို မပျော်ရွှင်အောင် တိုက်ခိုက်နေကြတဲ့ ဖိအားတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် လူတွေ မပျော်ရွှင်ရတဲ့ ကြောင်းအရင်းထဲမှာ ဒုတိယအချက်က ပိုအဖြစ်များပါတယ်။

ဝန်ထမ်းတစ်ယောက်နဲ့ ဥပမာပြန်ပေးမယ်။ အလုပ်ထဲမှာ ကိုယ့်ဘောစ်က ဆူလိုက်တဲ့အခါတိုင်းမှာ ဒေါသတွေရော သိမ်ငယ်မှုတွေပါ ပေါင်းစုံပြီး စိတ်က အလုပ်ထဲကနေ လွှင့်ထွက်သွားတယ်။ လုပ်ရတာ စိတ်မပါတော့ဘူး။ အားမရှိတော့ဘူး။ စိတ်ပညာအရဆိုရင် Psychic Entropy လို့ ခေါ်တယ်။

Psychic Entropy ဖြစ်သွားတဲ့လူတစ်ယောက်ဟာ ဘာကိုမှ အာရုံစူးစိုက်နိုင်ခြင်းမရှိတော့ပါဘူး။ ဘယ်လိုမျိုးလဲဆိုရင် စာလုပ်နေတုန်းမှာ စိတ်က ဖုန်းဆီရောက်သွားတာနဲ့ တူတယ်။ ဖုန်းပဲဆက်ကြည့်မိနေတော့ စာလုပ်ဖို့ဆိုတာ ခေါင်းထဲမှာ မရှိတော့ဘူး။ ဒါကြောင့် ပျော်ရွှင်မှုကို ရရှိချင်တယ်ဆိုရင် ကိုယ့်စိတ်ရဲ့ အာရုံလွှင့်ပျံ့မှုကို လိုက်ထိန်းနေဖို့ လိုပါတယ်။

လူအများစုထင်ထားတာက ဖိအားတွေ မရှိတော့မှ ပျော်ရွှင်မှာလို့ ထင်ထားတတ်ကြတယ်။ ဖိအားတွေ မရှိအောင် အလုပ်ထွက်၊ တွဲနေတဲ့ရည်းစားကိုဖြတ်၊ စာမေးပွဲသွားမဖြေ စသဖြင့် ဖိအားကို ရှောင်ခွင်းတတ်ကြတယ်။ အမှန်က ပျော်ရွှင်မှုဆိုတာ ဖိအားကို တည့်တိုးရင်ဆိုင်မှသာ ရရှိတာပါ။
အားလုံးပဲ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ကြပါစေရှင့်။

ကျွန်မတို့ Chance Myanmar မှာ ပေါင်းသင်းဆက်ဆံရေးမှာ Next level ရောက်ဖို့အတွက် နှလုံးသားထဲရောက်အောင် စကားပြောနည်း Better Communication Class နဲ့ ဘဝမှာ ပိုပြီး ပျော်ရွှင်ရဖို့ လူတွေအကြောင်းကောင်းကောင်းသိနိုင်ဖို့အတွက် စိတ်ပညာ အခြေခံသင်တန်းဖြစ်တဲ့ Better Life Project Class တွေကို ဖွင့်လှစ်ထားပါတယ်။

ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။

👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform






#နှလုံးသားထဲရောက်အောင်စကားပြောနည်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 36(C), Sabel Myaing Chan Street, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 21:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00