6 mile Monastery

6 mile Monastery

Share

Photos from 6 mile Monastery's post 18/01/2026

🙏🌺🙏၁၃၈၇-ခု တပိုတွဲလဆန်း(၁)ရက်🙏🌺🙏

#၁၃၈၇-ခု သာမဏေကျော်အသင်းအသီးသီး၌ အောင်မြင်ကြကုန်သော

သံဃာတော်များအား မှတ်တမ်းတင်ဂုဏ်ပြုခြင်း

#တတိယဆင့် (၈)ပါး (၄)ပါးအောင်မြင်

#ဒုတိယဆင့် (၂၆)ပါး(၁၆)ပါးအောင်မြင်

#ပထမဆင့် (၄၈)ပါး (၃၁)ပါးအောင်မြင်ကြပါသည် ။

Photos from 6 mile Monastery's post 25/12/2025

🌷 #ပညာရေးပဒေသာပင်_ကုသိုလ်ရှင်🌷
-------------------------
ကျောင်းဒကာ,ဒကာမများဖြစ်ကြသော-

☘️၁။ဦးတင်စိုး+ဒေါ်ညိုညိုစိန် မိသားစုမှ -

#ပညာရေးပဒေသာပင်အတွက် (၁၀)သိန်းကျပ်

ယခုအချိန်ထိ လှူဒါန်းခဲ့ပြီးသော စုစုပေါင်း #သိန်း(၇၀)ကျပ်

ကို #ပညာသံဝတ္တနိက_ကုသိုလ်တော်အဖြစ်
ထက်သန်သောသဒ္ဓါတရား_ပြတ်သားသောစေတနာ တို့ဖြင့်
ဆက်ကပ်လှူဒါန်းပါသည်။
24-12-2025(ဗုဒ္ဓဟူးနေ့)

🙏အလှူရှင်မိသားတို့စုသည် 🙏

🌷မြေကြီးနှင့်တူသော ဉာဏ်ပညာများ ရရှိပိုငိဆိုင်နိုင်ပါစေ

အသက်ရှည်ကြာ ဘယာကင်းဝေး
ကျန်းမာရေးလည်း ကောင်းကြပါစေ
ဇောတိကပမာ ပေါပြည့်ဝကာ
ချမ်းသာရေးလည်း ကောင်းကြပါစေ

ယနေ့ကုသိုလ် မြတ်ထိုထိုကြောင့်
နိဗ္ဗာန်သောင်ကမ်း တက်ရောက်လှမ်းသည်
မုချမသွေ ဖြစ်ပါစေသော် ......

ယနေ့ကုသလ မြတ်ဘာဂကို
သုံးဆယ့်တစ်ဘုံ ဝေမျှကုန်သည်
နတ်,လူ သာဓုခေါ်စေသော် .......

🌺🌺🌺🙏🙏🙏🌺🌺🌺

Photos from 6 mile Monastery's post 23/12/2025

🌷🍀 #မွေးနေ့မွေးရက်_ကုသိုလ်ဆက်🍀🌷
******************************************
ဘုရား ကျောင်း သိမ် ရဟန်း ဒါယကာ ဒါယိကာမများဖြစ်ကြသော-

👨‍🦳ဦးအောင်စိုး+ဒေါ်မြင့်မြင့်ကြည်

👦သား-ဦးအောင်ဇော်ဝင်း+ဒေါ်မိုးမိုးအောင်

👨‍👩‍👦‍👦သား သ္မီး မြေး မြစ် မိသားစုတို့မှ

🌺 #ကျောင်းဒါယကာကြီး_ဦးအောင်စိုး (ခ)ပါးပါးကြီး ၏ (၉၃)နှစ်ပြည့်

🎂 #မွေးနေ့ကုသိုလ်တော်အဖြစ်

🌹တစ်နေ့တာ အရုဏ်ဆွမ်း နေ့ဆွမ်း ညနေအအေးနှင့်

ပစ္စည်းလေးပါးအကျိုးငှါ-
☘️ဆရာတော်အား နဝကမ္မ (၅)သိန်းကျပ်

☘️ငါးထပ်ကြီး ရွှေနဂါးကျောင်း ဆရာတော်အား (၅)သိန်းကျပ်

☘️စာချနာယက ၁၃-ပါးအား တစ်ပါးလျှင် (၁)သိန်းကျပ်

☘️စာသင်သားသံဃာအပါး ၂၃၀-အား တစ်ပါးလျှင် (၁)သောင်းကျပ်စီဖြင့်
(၂၃)သိန်းကျပ်

စုစုပေါင်း #နဝကမ္မ (၄၆) သိန်းကျပ် တို့ကို

ထက်သန်သော သဒ္ဓါတရား၊ပြတ်သားသော စေတနာ တို့ဖြင့်

💧ရေစက်သွန်းချ အမျှပေးဝေ၍ နိဗ္ဗာန်ရည်မှန်း ဆက်ကပ်လှူဒါန်းပါသည်။

22-12-2025(တနင်္လာနေ့)

#မွေးနေ့ရှင်_ကျောင်းဒါယကာကြီး_ဦးအောင်စိုးသည်-

🌷ဘေးဘယာတွေ ဝေးကွာပါစေ...

🌷ကျန်းမာပကတိ ချမ်းသာခြင်းလဲ ရှိပါစေ...

🌷သာသနာပြုလုပ်ငန်းများလည်း ဒီထက်မက အားထုတ်နိုင်ပါစေ...

🌷သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ...

🌸ကုသိုလ်ရှင်မိသားစုဝင် အပေါင်းတို့သည်လည်း-
====================
ဤသည်ပုည ၊ ကုသလကြောင့်
သက်ရှည်ကျန်းမာ ၊ စိတ်ချမ်းသာ၍
လိုရာဆန္ဒ ၊ အမြန်ပြည့်ဝကာ
မရှိ ဟူငြား ၊ ထိုစကား ၊ မကြားရသည်ဖြစ်စေသော်
ပေးပါ ဟူငြား ၊ ထိုစကား ၊ မပြောရသည် ဖြစ်စေသော်
စိတ်ရှိသမျှ ၊ ဣစ္ဆိတ ၊ ပြည့်ဝကြသည် ဖြစ်စေသော်
ဤကောင်းမှုကံ ၊ ဗောဓိဉာဏ် ၊ အမှန်ရကြောင်းဖြစ်စေသော် ......

🙏🙏🙏🌺🌺🌺🌹🌹🌹🌹🌹🌹 ေ

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


6 Mile, A Myan Lan Road
Yangon