Breaking Boundaries

Breaking Boundaries

Share

10/11/2023

ကျေးဇူးတင်လွှာ

ကျွန်တော်တို့ရဲ့ Breaking Boundaries Art Exhibition ဟာ အောင်မြင်စွာပြီးမြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပန်းချီပြပွဲ တစ်ခု သပ်သပ်မဟုတ်ဘဲ နားကြား နှင့် နားမကြားတို့အကြား ပန်းချီကားချပ်များမှ တဆင့် အပြန်အလှန် နားလည်ခြင်း ၊ ယဉ်ကျေးမှုများဖလှယ်ခြင်း နှင့် Communication Boundary ကို ပန်းချီကား‌တွေမှတဆင့် ဖြိုဖျက်ခြင်း စတဲ့ ရည်ရွယ်ချက်များကို အရင်းတည်ကာ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

Breaking Boundaries ပွဲလေးအထမြောက်လာဖို့ အကူညီများစွာ ပေးခဲ့သူများရှိပါတယ်။ ပထမဦးစွာ Diamond Sponsor အဖြစ်ပါဝင် ကူညီခဲ့ပါသော Newton International College - NIC ၊ Platinum Sponsor အဖြစ် AYA SOMPO Insurance ၊ Gold Sponsor အဖြစ် AYA Pay ၊ ပွဲ မှတ်တမ်းဓာတ်ပုံများ နှင့် Video များ အတွက် Offical Media Partner အဖြစ် Thonenari Creation ၊ Drawing Tablet များကူညီခဲ့သော Creative Technology Coordinator အဖြစ် Huion Myanmar ၊ Breaking Boundaries Logo နှင့် ပြပွဲ အတွက် လိုအပ်သော graphics Designs များကူညီပေးခဲ့ပါသော Símbolo: Servicio - Digital Solutions and Services ၊ ပွဲကျင်းပရာနေရာ နှင့် Volunteer များ၏ Refreshment များအတွက် Special Discount များပေးခဲ့ပါသော Crafthood နှင့် Tablehood တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။

နားမကြား ပရိတ်သတ်များ အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ Volunteer များဖြစ်တဲ့ ကို Naw Din နှင့် ဆရာမ Naw Bway Say Wah အပြင် Deaf Signer အဖြစ် ကူညီပေးခဲ့သော ကိုဆောင်ယိမ်း ၊ မရှေးမြာ တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ Master of Ceremony အဖြစ်ကူညီပေးခဲ့တဲ့ ကို မိုးမြင့်အောင်မိုး ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ထပ်မံပြီးတော့ ကျွန်တော်တို့ရဲ့ပြပွဲမှာ မိမိတို့ရဲ့ ပန်းချီ art work များကို လာရောက်ပြသပေးခဲ့တဲ့ Artist များကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ပွဲကိုလာရောက်ကြည့်ရှုသူ ပန်းချီဝါသနာရှင်များရဲ့ အားပေးမှုဟာလည်း ကျွန်တော်တို့ပန်းချီပြပွဲလေးရဲ့အောင်မြင်မှုပါ။ လာရောက်ကြည့်ရှုကြသူ တဦးတယောက်ချင်းစီကို ကျေးဇူးတင်ရှိပါတယ်။

ပြပွဲအကြောင်း ပန်းချီဝါသနာရှင်များပိုမိုသိရှိအောင် Breaking Boundaries ပွဲလေးအကြောင်း စေတနာထက်သန်စွာဖြင့် ကူညီမျှဝေပေးပြီး ၊ အမှတ်တရစကားများ ၊လက်ဆောင်များပေးပို့ခဲ့ပါတဲ့ Social Media Partner များဖြစ်တဲ့ Sign of Law ၊ Talk With Me ၊ Youth InnoLab Myanmar ၊ Conceptians ၊ Your Educational Researcher-YER နှင့် ကနုတ် - Kanote Art Platform အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

နောက်ဆုံးဆို‌ပေမယ့် အရေးပါဆုံးဖြစ်ပြီး အထူးကျေးဇူးတင်ရမှာကတော့ Breaking Boundaries Art Exhibition ရဲ့ Vounteer များပဲဖြစ်ပါတယ်။ သူတို့ကြောင့်သာ Breaking Boundaries ရုပ်လုံးပေါ်လာတာဖြစ်ပါတယ်။ Volunteer မလျှောက်ထားသည့်တိုင် ခင်မင်ရင်းနှီးမှုကို အကြောင်းပြုကာ လာရောက်ကူညီပေးခဲ့သူများစွာကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါရစေ။

ပွဲကို လာရောက်စဉ်ကာလအတွင်း အဆင်မပြေမှု ၊ အခက်အခဲ တစုံတရာ ကြုံတွေ့ခဲ့ရသည်ရှိသော် Organizer team ရဲ့ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပါတယ်။ ကြုံ‌တွေ့ခဲ့ရတဲ့ အခက်အခဲများရှိခဲ့လျှင် အနူးအညွန့်တောင်းပန်ပါရစေ။

Breaking Boundaries Art Exhibition ကို လာရောက်ရင်း ဖြစ်ခဲ့တဲ့ အမှတ်တရလေးတွေ ၊ အကြံပြုချင်တာလေးတွေရှိရင် comment မှာပြန်လည်မျှဝေပေးခဲ့ပါဦးခင်ဗျာ။

Photos from Breaking Boundaries's post 09/11/2023

Breaking Boundaries - Volunteer Team
ကျွန်တော်တို့ Organization 4 ခုပေါင်းပြီး (၃) ရက်တာ ကျင်းပခဲ့တဲ့ Breaking Boundaries Event လေးဟာ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ ဒီပွဲလေး ဖြစ်မြောက်ဖို့ အတွက် အဖက်ဖက်မှ ပါဝင်ကူညီအားဖြည့်ပေးကြပါသော Organization 4 ခု ဖြစ်တဲ့ Bona Fide Facilitators, ခေါ်သွားမယ် - Khaw Thwar Mel, Develop Up Youth Community- DUYC, Símbolo မှ Volunteer အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Photo - Myo Hein Khant( Thonenari Creation )

Photos from Breaking Boundaries's post 09/11/2023

Event Day - 3 (Part - 3)
ကျွန်တော်တို့ Organization 4 ခုပေါင်းပြီး (၃) ရက်တာ ကျင်းပခဲ့တဲ့ Breaking Boundaries Event လေးဟာ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ ပါဝင်ပေးခဲ့ကြတဲ့သူ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။ ပါဝင်လှုပ်ရှားမှု ပုံရိပ်များကိုတော့ အခု Photo Section လေးမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
Photo - Myo Hein Khant (Thonenari Creation)

07/11/2023

Congratulations🎉🎉
Huion Drawing Tablet winner ပေါ်ထွက်လို့လာခဲ့ပါပြီ။✨

Breaking Boundaries Art Exhibition ရဲ့ Drawing Tablet ကံစမ်းခြင်းအစီအစဥ်လေးမှာ
Digital Art ရေးဆွဲခြင်းနဲ့ပတ်သက်သော မေးခွန်းလေးတွေကို မေးမြန်းခဲ့ပြီး Comment တွင် ဖြေဆိုထားတဲ့ လူငယ် နဲ့ Deaf Digital Artists များစွာထဲကမှ Huion Myanmar ရဲ့အကြိုက်နှစ်သက်ဆုံး အဖြေရှင် (၂) ဦးကိုရွေးချယ်ပေးအပ်တာပဲဖြစ်ပါတယ်ရှင်။ ရွေးချယ်ခံရတဲ့ Digital Artists နှစ်ဦးကတော့

• Digital Artist Shay Myar နဲ့
• Digital Artist Ki San တို့ပဲ ဖြစ်ပါတယ်ရှင်🎉🎉။

ရွေးချယ်ခြင်းမခံရပေမယ့်လည်းမေးခွန်းဖြေဆိုပေးကြတဲ့ Artists တစ်ဦး‌တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

ရွေးချယ်ခံရတဲ့ Artists နှစ်ဦးကိုလည်းလက်တို့ပေးလိုက်ကြပါအူံးနော်။🤗🤗

Photos from Breaking Boundaries's post 06/11/2023

Event Day - 3 (Part - 2)
ကျွန်တော်တို့ Organization 4 ခုပေါင်းပြီး (၃) ရက်တာ ကျင်းပခဲ့တဲ့ Breaking Boundaries Event လေးဟာ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ ပါဝင်ပေးခဲ့ကြတဲ့သူ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။ ပါဝင်လှုပ်ရှားမှု ပုံရိပ်များကိုတော့ အခု Photo Section လေးမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
Photo - Myo Hein Khant(Thonenari Creation)

Photos from Breaking Boundaries's post 06/11/2023

Event Day - 3 (Part - 1)
ကျွန်တော်တို့ Organization 4 ခုပေါင်းပြီး (၃) ရက်တာ ကျင်းပခဲ့တဲ့ Breaking Boundaries Event လေးဟာ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ ပါဝင်ပေးခဲ့ကြတဲ့သူ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။ ပါဝင်လှုပ်ရှားမှု ပုံရိပ်များကိုတော့ အခု Photo Section လေးမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
Photo - Myo Hein Khant(Thonenari Creation)

06/11/2023

3 ရက်တာကျင်းပခဲ့တဲ့ Breaking Boundaries Art Exhibition မှာ ခင်းကျင်းပြသထားတဲ့ ပန်းချီလက်ရာတွေရဲ့ Catalog ကို scan ဖတ်ပြီးကြည့်လို့ရတယ်ဆိုတာသိပြီးကြပြီလားဗျို့။🧐

ဒီပွဲလေးကို အကြောင်းအမျိုးမျိုးကြောင့်မလာဖြစ်တဲ့ သူများသာမက ပွဲလေးကိုရောက်လာပေမယ့် ခင်းကျင်းပြသထားတဲ့ ပန်းချီများကိုထပ်မံကြည့်ရှုလိုသူများလည်းပဲ အောက်ပါ QR code လေးကို အချိန်နေရာ‌မ‌ရွေး Scan ဖတ်ပြီး ပြပွဲ‌မှာ ပြသခဲ့တဲ့ Deaf Artists များနှင့် လူငယ် Artists များရေးဆွဲထားသော ပန်းချီလက်ရာများကို ၀င်ရောက်ခံစားကြည့်ရှုနိုင်ပါမည့်အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော်။🤗

အောက်က link မှလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://online.fliphtml5.com/kheos/rjvt/

05/11/2023

Hoorayy!! Our Winners Here🥳👏🏻

အားလုံးစောင့်မျှော်နေတဲ့ Omniverse Network ရဲ့ Guess The Event ကို စိတ်အားထက်သန်စွာပါဝင်ပေးခဲ့ကြသူတွေထဲကမှ မှန်မှန်ကန်ကန်နဲ့ ဖြေဆိုပေးခဲ့ကြတဲ့ Winner လေးတွေပေါ်ထွက်လာပြီပဲဖြစ်ပါတယ်🤭

အဖြေမှန်ခဲ့ကြတဲ...ကျွန်မတို့ရဲ့ Winnersလေးတွေကတော့….🫣

💠Luren
💠Simon(Sketchin S)
💠Eaint Mhu Khin
💠Khine Hmu(Yelly)
💠Ryou Norah တို့ပဲဖြစ်ပါတယ်👏🏻

Congratulations yall🥳🙌🏻
Winners လေးတွေအပြင် Guess The Event လေးကို စိတ်ဝင်တစားနဲ့ပါဝင်ပြီးခန့်မှန်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလဲ ကျွန်မတို့ Ominiverse Network ကနေ အထူးကျေးဇူးတင်ပါတယ်ရှင်။ လက်ဆောင်လေးတွေကလဲ Winners တွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်နော်💙

Photos from Breaking Boundaries's post 05/11/2023

Social media Partnership Announcement 🤗

Omniverse program ကနေပထမဆုံး ကျင်းပပြုလုပ်တဲ့ Breaking Boundaries Art Exhibition လေးကို November 3,4,5 မှာပြုလုပ်မယ်ဆိုတာသိပြီးကြပြီ လို့ထင်ပါတယ်။😉

ဒီပွဲလေးအတွက် Social Media Partnerအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါသော Sign of Law, Talk with Me, Youth InnoLab Myanmar, Conceptians နှင့် Your Educational Researcherစ သောအဖွဲ့အစည်းများအားလုံးကို Breaking Boundaries မှ အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙆🙇
(အဖွဲ့အစည်းတစ်ခုချင်းစီရဲ့အကြောင်းအရာများကို ပုံတစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါတယ်ရှင်။)

04/11/2023

Omniverse Network မှ Craft Hood တွင် (3) ရက်တိုင် စီစဥ်ကျင်းပနေတဲ့ "Breaking Boundaries - Art Exhibition" ပွဲရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ 5.11.2023 မှာ Newton International College မှ Art & Design, Creativity နဲ့ ပတ်သက်တဲ့အခွင့်အလမ်းတွေအပြင် Scholarship တွေအကြောင်း ရှင်းပြပေးမှာမို့
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို Newton International College ကပေးမယ့် Scholarship တွေယူဖို့ မနက်ဖြန်မှာ အရောက်လာဖို့ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။

🔎 November (5) ရက်နေ့ ပွဲအတွင်း Newton International College Booth မှာလည်း Newton International College ကနေ Art ပိုင်းစိတ်ဝင်စားကြတဲ့သူတွေအတွက် အထူးအခွင့်အရေးနဲ့ Career အကြောင်းကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။

ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေကိုလေ့လာခံစားရင်း ကိုယ့်ရဲ့ Artist အိပ်မက်လေးကို အကောင်အထည်ဖော်ဖို့အတွက် Hood Hostel မှာ ကျင်းပပြုလုပ်မယ့် Art Exhibition မှာ တွေ့ဆုံကြပါမယ်ခင်ဗျာ 🙌

Stay tuned 🕺

Join NIC, Shape Your Life With Us!

𝐍𝐞𝐰𝐭𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
☎ 𝟎𝟗 𝟖𝟖𝟏 𝟐𝟎 𝟒𝟒 𝟓𝟓
☎ 𝟎𝟗 𝟖𝟖𝟏 𝟐𝟎 𝟒𝟒 𝟔𝟔
☎ 𝟎𝟗 𝟖𝟖𝟏 𝟐𝟎 𝟒𝟒 𝟕𝟕

𝐍𝐞𝐰𝐭𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
🏡 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐚𝐦𝐩𝐮𝐬
အမှတ် (၇၃၁)၊ စာဂလမ်း၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

#𝐍𝐈𝐂

Photos from Breaking Boundaries's post 04/11/2023

Event Day - 2

Hello… အားလုံးပဲ မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ Organization 4 ခုပေါင်းပြီး ကျင်းပဖြစ်တဲ့ Breaking Boundaries Event လေးဟာ Day ( 2 ) ကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ ပါဝင်ပေးခဲ့ကြတဲ့သူ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။ ပါဝင်လှုပ်ရှားမှု ပုံရိပ်များကိုတော့ အခု Photo Section လေးမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Photo - Myo Hein Khant( Thonenari Creation )

03/11/2023

🎉Our Graphic Design Sponsor, Símbolo: Servicio - Digital Solutions and Services 🎊

Breaking Boundaries Art Exhibition ၏ Graphic Design များကို Simbolo Servicio မှ ကူညီကာပံ့ပိုးပေးပါကြောင်းကျေးဇူးတင်စွာဖြင့် ကြေညာလိုပါသည်။

Simbolo Servicio ဟာ Digital Services များနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုများပေးနေသော Company တစ်ခုဖြစ်ပါသည်။ Simbolo Servicio အနေနှင့် Graphic Designs Services များ ၊ Web Development Service များ ၊ Artificial Intelligence ၊ Machine Learning နှင့် Data Science ဆိုင်ရာ Service များအပြင် Android နှင့် အခြား IT and Digital Service များကိုလည်း ဝန်ဆောင်မှုများပေးနေပါသည်။ Web Development Services များနှင့် ပတ်သက်ပြီးလည်း E-commerce များ၊ Content Management System များနှင့် Corporate Websiteမျိုးစုံကိုလည်း Simbolo Servicio ထံမှ ဝန်ဆောင်မှုများရရှိနိုင်ပါသည်။ ထို့အပြင် Logo များ၊ Product Designs များ ၊ Social Media Photos များနှင့် Advertising Designs မျိုးစုံကိုလည်း Graphic Designs Service များအဖြစ်ရရှိနိုင်ပြီး ယခု Breaking Boundaries Art Exhibition လေးရဲ့ အသုံးပြုပါသော Graphic Designs များစွာကိုလည်း Graphic Design Sponsor အဖြစ် Simbolo Servicio မှ ပံ့ပိုးကူညီပေးပါကြောင်းကို ကျေးဇူးတင်စွာဖြင့် ကြေညာအပ်ပါသည်။

Símbolo: Servicio – “Your friend in the Digital Age.”

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11071