Hannah Dim Khan Vung Pages
09/01/2026
📝Zi/Pasal na neih sawm leh nasim hamtang ve leh 📝💞အိမ်ထောင်တစ်ခုတည်ဆောက် မယ် ဆိုရင်….💞
၁/ 💝💞လက်တွေ့ နဲ့ စိတ်ကူး တစ်ထပ်ကြတာအရမ်းနည်းတယ်ဆိုတာကို အရင်ဆုံးနားလည်စေချင်တယ်။
၂/ 💝💞 တစ်ချို့တွေက ပျော်မယ်ထင်လို့ အိမ်ထောင် အရမ်းပြုချင်ကြတယ် သင်ကောသူတို့တွေလိုပဲလား?ပျော်မယ်ထင်လို့ အိမ်ထောင်ပြုချင်တာလား၊ ဒါမှမဟုတ်သူငယ်ချင်းတွေအားလုံးအိမ်ထောင်ကျပြီးသားသမီးတွေရကြလို့ အိမ်ထောင်ပြုချင်တာလား၊ မဟုတ်ရင် အိမ်ထောင်ကျတဲ့အသက်အရွယ်မို့လို့ ပြု/ကျချင်တာလား?သင်ကအိမ်ထောင်ကျဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တကယ်ချလိုက်တာလား?။
၃/ 💝💞အချစ်မှာငွေတွေဂုဏ်တွေမလိုပါဘူး ကိုယ့်နားမှာသူရှိရင်ရပြီ သူနဲ့ဆိုဘာမဆိုရင်ဆိုင်ရဲတယ် ဆိုတဲ့စိတ်ကူးယာဉ်သတ္တိကိုသင့်မှာရှိပါသလား? ရှိခဲ့တယ်ဆိုရင် စိတ်ကူးယာဉ်ဘဝမဟုတ်တော့ပဲ လက်တွေ့ ဘဝမှာငွေရေးကြေးရေး၊စားဝတ်နေရေးကအစပေါ့ ပြသာနာရင်ဆိုင်လိုက်တဲ့ခါ ၁ရက်၂ရက်၊ ၁လ၂လ၊ ၁နှစ်၂နှစ်၊ အချိန်ခဏလေးနဲ့ပြီးမသွားတဲ့ချိန်မှာ ပြသနာကစလာတယ်ဆိုရင်……သင်ဘယ်လိုဖြေရှင်းရမလဲ❓
၄/ 💝💞စိတ်ကူးယာဉ်ဘဝမဟုတ်တော့ပဲ လက်တွေ့မှာ ခက်ခဲကြမ်းတမ်းတဲ့ဘဝ နေ့စဉ်နေ့တိုင်းကြုံတွေ့ခံစားတဲ့ချိန်မှာ သင့်ရဲ့သည်းခံနိုင်တဲ့စိတ်စွမ်းအားက တစ်ဖြည်းဖြည်းနဲ့ ကျဆင်းလာပြီးပြသနာကဖြည်းဖြည်းချင်းနေရာစပြုလာတယ်ဆိုရင်……သင်ဘယ်လိုဖြေရှင်းရမလဲ❓
၅/ 💝💞အိမ်ထောင်ပြုရင်ကိုယ်ချစ်တဲ့သူနဲ့အတူနေ အတူစာ: အသူသွားလာရမယ်ဆိုတော့ ပျော်မယ်ထင်လို့အိမ်ထောင်ပြုချင်တာလား? သင်ထင်သလိုမဟုတ်ပဲမှားသွားခဲ့ရင် သင်ဘယ်လိုလုပ်မှာလဲ အိမ်ထောင်ရေးဆိုတာလင်နဲ့မယားကြားက ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ အတက်အကျ တလှည့်စီကြုံတွေ့ရတတ်တယ်။ဆုံးဖြတ်ချက်မှားသွားရင် ကိုယ့်သောက ကိုယ်ကိုတိုင် လိုက်ရှာတာဖြစ်နိုင်လို့ တယ်ကယ်ဖြစ်လာခဲ့ရင်……သင်ဘယ်လိုဖြေရှင်းရမလဲ❓
၆/ 💝💞အိမ်ထောင်ပြုမှားသွားရင်တစ်သက်လုံး စိတ်
ဆင်းရဲမှုများစွာနဲ့ရင်ဆိုင်ပြီး၊ စိတ်ဒဏ်ရာ ကျန်ရစ်နေလိမ့်မည်။ အိမ်ထောင်ပြုမယ်ကြံတိုင်း နှစ်ဦးနှစ်ဖက်စလုံးစဉ်းစားပါ ။ ကလေးကစားစရာ မဟုတ်လို့ လွယ်လွယ်တွေးပြီး လွယ်လွယ်မဆုံးဖြတ်ကြပါနဲ့။ ဆုံးဖြတ်ချက်မှားသွားရင် လောကဓံက လက်ဖွဲ့အနေနဲ့ “ဒုက္ခ” ကိုပဲ ပေးသွားတတ်တယ်။ဆိုတော့တကယ်လို့သင်မှားသွားပြီး ဒီလိုအချိန်မျိုးသင်ကြုံတွေ့ခဲ့ရင်……သင်ဘယ်လိုဖြေရှင်းရမလဲ❓
၆/ 💝💞လက်ထပ်ပြီးတည်မြဲတဲ့ အိမ်ထောင်ရှိသလို ပြန်ကွဲတဲ့သူလဲအားကြီးပါ လက်ထပ်ဖို့လွယ်သလို ကွဲဖို့လဲမခက်တဲ့ခေတ်လို့တောင်ပြောလို့ရတဲ့ခေတ်ဆိုတာ သင်သိပါရက်နဲ့ ဆုံးဖြတ်ချက်မှားသွားခဲ့ရင် အရာရာခက်ခဲလှတဲ့ ခေတ်မှာ ဘဝအတွက်ရုန်းကန်ရင်း နေ့စဉ်စားဝတ်နေရေးပြဿနာ ၊ လူမှုရေးကိစ္စအမျိုးမျိုး ခက်ခဲပြသနာတွေကထပ်ပြီးသင့်ဘဝဖုံးအုပ်လိုက်ရင်……သင်ဘယ်လိုဖြေရှင်းရမလဲ❓
၇/ 💝💞စိတ်ဖိစီးမှုများလာပြီး တစ်ယောက်အပေါ်တစ်ယောက် စိတ်မရှည်နိုင် သည်းမခံနိုင်တော့တဲ့ချိန် ရည်းစားဘဝကလို ချိုသာနူးညံ့သိမ်မွေ့တဲ့လေသံနဲ့ စကားမပြောနိုင်တော့တဲ့ချိန်ရောက်လာတယ်ဆိုရင်……သင်ဘယ်လိုဖြေရှင်းရမလဲ❓
💝💞မှတ်ချက် :- အိမ်ထောင်တစ်ခုကို တည်ထောင်/ဆောက်ဖို့ ပြင်ဆင်တဲ့အခါ အခုလို လက်တွေ့ကျကျ တွေးတောတာဟာ အင်မတန်မှအရေးကြီးပါတယ်။အိမ်ထောင်သည် ဘဝဆိုတာ ပန်းခင်းလမ်းမှာလျှောက်တဲ့အချိန်ရှိသလို အခက်အခဲတွေကြားက ရုန်းကန်ပြီးလျှောက်တဲ့အချိန်လည်းရှိတယ်။ ဆိုတော့ ဘယ်လိုကိစ္စမျိုးပဲကြုံတွေ့ကြုံတွေ တစ်ယောက်ကိုတစ်ယောက် အပြစ်မတင်ဘဲ လက်တွဲပြီး ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ စိတ်ဓာတ်ရှိဖို့လိုပါတယ်။ ပြီးတော့ တစ်ခါတလေမှာ ကိုယ့်ရဲ့ အတ္တတွေ၊ ဝါသနာတွေကို ဘေးဖယ်ထားပြီး မိသားစုအကျိုးအတွက် ဦးစားပေးတတ်ရမယ်။ကောင်းကောင်း ပြင်ဆင်ပေးမှအိမ်ထောင်ပြုသင့်ပါတယ်လို့အကြံပြုပါတယ်ခင်ဗျာ🙏
ကံကြမ္မာမတူလို့ သူများလုပ်တိုင်းလိုက်မလုပ်ပါနဲ့ 🙏💞💝😍
07/01/2026
❌ကိုယ့်အပေါ်မှာစစ်မှန်သောနှလုံးသားနဲ့ တန်ဖိုးထားပြီးခင်တဲ့သူတစ်ယောက်မှမတွေ့သေးဘူး☺️သင့်ဘဝမှာကော တွေ့မိပါသလား။ ❌
👉လူတိုင်းကယုံကြည်လက်ခံနိုင်ဖို့ခက်ခဲ့ပေမယ့် ဒီလိုဆန်းကြယ်ပြီးစစ်မှန်တဲ့ခင်မင်မူဆိုတာ တစ်ကယ်ရှိပါတယ်။
👉ခင်မင်လေးစားမှု၊တန်ဖိုးထားမှုဆိုတာချစ်သူရည်းစားဖြစ်မှ၊ လင်နဲ့မယားဖြစ်မှပေးရမယ့်အရာမဟုတ်သလို၊ မိန်းကလေးအချင်းချင်း၊ ယောကျ်ားလေးအချင်းချင်းဖြစ်မှပေးလို့ရတဲ့အရာလည်းမဟုတ်ပါ။
👉ကိုယ်ကလူတိုင်းအပေါ်မှာမပေးနိုင်သလို၊ လူတိုင်းကလည်းကိုယ့်ပေါ်မှာပေးနိုင်တာမဟုတ်ဘူး။ ကိုယ့်အပေါ်မှာ ထူးခြားဆန်းကြယ်တဲ့ သံယောစဉ်ရှိတဲ့သူကယောကျ်ားလေးဖြစ်နိုင်သလို၊မိန်းကလေးလဲဖြစ်နိုင်တယ်။ လူပျိုလူလွတ်ဖြစ်နိုင်သလို၊အိမ်ထောင်ကျပေးသားလည်းဖြစ်နိုင်တယ်။
👉သူတို့တွေဆီက ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးတွေဆီကတောင် မရခဲ့တဲ့ဂရုစိုက်မှုကိုရတတ်တယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်ကိုယ့်မွေးနေ့တောင်ကိုယ်မေ့သွားတတ်ပေမယ့် သူကတော့ သေးသေးမွှာမွှာလေးကစမှတ်မိပေးတယ်။ သူတို့တွေရဲ့စိတ်ထဲမှာ ကိုယ်ကသူ့မိသားစုဝင်၊သူ့ညီအကိုမောင်နှမလိုခင်မင်ရင်းနီးတဲ့သံယောစဉ်ရှိလို့ပဲ။
👉ကိုယ့်ရည်းစားနဲ့ကိုယ့်ကြား၊ ကိုယ့်လင်မယားကြားဝင်ချင်တာမဟုတ်သလို၊ တစ်ခြားစိတ်ခံစားချက်ရှိလို့လည်းမဟုတ်ပါ။ ဒါကကိုယ့်အပေါ်မှာစစ်မှန်တဲ့ခင်မင်မှု၊ဆန်းကြယ်
နက်ရှိုင်းလွန်းတဲ့သံယောစဉ်ကြောင့် သာဖြစ်ပြီး၊ တစ်ကယ်
လည်းဖြစ်တတ်၊ ရှိတတ်ပါတယ်။
👉ကိုယ့်ကိုတစ်ကယ်စိတ်ရင်းနဲ့ခင်တဲ့သူက သူ့အတွက်ထက် ကိုယ့်အတွက်အမြဲစဉ်းစားပြီး၊ အမြဲဉီးစားပေးတတ်တယ်။ သူတို့အတွက်အကျိုးရစေမယ့်အရာရှိလို့ ကိုယ့်ပေါ်မှာဂရုစိုက်ပေးနေတာမဟုတ်ပါ။ သူတို့အတွက်အကျိုးမရှိသော်ငြားလည်း ပစ်မထားပဲဘယ်အခြေနေပဲဖြစ်ဖြစ် ကိုယ့်နားမှာနေပြီးစောင့်ရှောက်ပေးတတ်သည်။
👉ကိုယ့်အကြိုက်၊ ကိုယ်စားချင်တဲ့အစားအစာ၊ ကိုယ်ကြိုက်တဲ့အရာ၊ မကြိုက်တဲအရာ၊ ကြိုက်တဲ့ Color၊ နေချင်တဲ့ပုံစံ အမျိးမျိုးပေါ့၊ ကိုယ့်အနားမှာနေတဲ့သူတွေထက်သူတို့ပိုသိပိုနားလည်တတ်တယ်။
👉ကိုယ်ဝမ်းနည်းတဲ့အချိန်၊ နေမကောင်းတဲ့ချိန်ဆို စိတ်ပူပြီး ကိုယ့်အနားရောက်မလာနိုင်ရင်တောင် ကိုယ်ဘယ်လိုနေတယ်ဆိုတာ သိဖို့အကြောင်းလာမေးလေ့ရှိတတ်တယ်။
👉ကိုယ်လိုအပ်တဲ့အခါ သူ့အလုပ်/ကိစ္စတွေကိုတောင်
ပြစ်ထားဖို့ဝန်မလေးပဲကိုယ့်အနားမှာဖေးမှကူညီပေးဖို့ရောက်လာတတ်သည်။ ကိုယ့်ကိုအောင်မြင်စေချင်တဲ့စိတ်ရှိပြီး၊ သူသိသလောက် တတ်သလောက် မျှဝေပြီးသွန်သင်ဆုံးမ လမ်းပြတတ်သည်။
👉ကိုယ့်ရင်တွင်းခံစားချက်တွေကို ယုံယုံကြည်ကြည် ရင်ဖွင့်လို့ရအောင်နေပေးပြီး၊ စိတ်ရှည်ရှည်နဲ့နားထောင်ပေး၊ နှစ်သိမ့်အားပေးပြီး ကိုယ်လိုအပ်တဲ့အချိန်မှာ မှီဖို့အတွက် သူ့ပခုံးကိုပါငှါးပေးတတ်သည်။
ဆိုတော့………
ကဲ……..ချစ်တို့ ငါမင်းကိုတစ်ကယ်ခင်တယ်၊ချစ်တယ်၊တန်ဖိုးထားတယ် ဆိုတာမင်းသိပါတယ်။ ကိုယ်မဖော်ပြတတ်လို့ပါဘာညာမပြောနဲ့နော် ကျုပ်ယုံမှာမဟုတ်ဘူး။ ငါ့ကိုတစ်ကယ်စိတ်ရင်းနဲ့ခင်တယ် အလေးထားတယ် တန်ဖိုထားတယ်ဆိုရင် ကျုပ်နားလည်ခံစားနိုင်အောင်သက်သေပြပေးပါနော်။😂
အများကြီးမပြောတော့ဘူး။တစ်ခုပဲထပ်ပြောမယ် ခင်ဗျာ အရမ်းချစ်တဲ့ခင်ဗျာကောင်လေး၊ ကောင်မလေးကို ခင်ဗျာသူ့ကိုတစ်ကယ်ချစ်ကြောင်းမဖော်ပြပဲ ခင်ဗျာကိုကြည့်ရုံနဲ့သူခင်ဗျာနှလုံးသားကိုထိုးဖောက်မြင်တွေ့နိုင်လို့ ရည်းစားဖြစ်နေတာလား……နော်။ ဆိုတော့………. ဆိုလိုချင်တာကိုသိတယ်နော်😍
02/01/2026
💞ကြုံဖူးတယ်မလား ဒီလိုဇာတ်လမ်းလေး💞
🌹တစ်စုံတစ်ယောက်ကို 🤭 တိတ်တိတ်ကလေးချစ်မိပြီး သူမသိပဲ ရူးမတတ်လွမ်းမိတာကို တစ်ယောက်ထဲ ရင်ထဲမှာ ကြိတ်မှိတ်ခံစားနေပေမယ့် နှလုံးသားကနေ သူ့အကြောင်းမေ့ပစ်လိုက်ဖို့ မကြိုးစာရဲတဲ့ချိန်ရှိခဲ့ဖူးတယ်။
🌹တစ်စုံတစ်ယောက်ကို 🤭 အရမ်းလွမ်းပြီး သူ့အကြောင်းတွေမတွေးပဲမနေနိုင်၊ သတိရလွန်းလို့ အိပ်မက်ထဲမှာသူ့ကိုမြင်တွေ့ရတာကို၊ အပျော်လွန်ပြီး ကိုယ့်ကိုယ်ကိုမေးခွန်းတွေထုတ်၊ သူတစ်ကယ်ငါ့ကိုသတိရလို့အိပ်မက်မှာမက်နေတာလား၊ ငါကပဲသူ့ကိုလွမ်းလွန်းလို့မက်နေတာလားပေါ့၊ ရင်ခုန်စွာနဲ့ မနက်နိုးထလာခဲ့တယ်၊ သူဆီကတုန့်ပြန်မှုတစ်ခုခုရမယ်ထင်ရောင်ပြီး၊ စောင့်မျှော်နေတဲ့ချိန်ရှိခဲ့ဖူးတယ်။
🌹တစ်စုံတစ်ယောက်ကို 🤭 အရမ်းလွမ်းပြီး သတိရနေတာကို သိစေချင်ပေမယ့် သူစိမ်းကားသွားမှာကိုကြောက်လို့ ပင်ပင်ပန်းပန်းနဲ့ မျိုသိပ်ထားပြီးဘာမှမဟုတ်သလို ဟန်ဆောင်ပြီးနေတဲ့ချိန်ရှိခဲ့ဖူးတယ်။
🌹တစ်စုံတစ်ယောက်ကို 🤭 တစ်ဖက်သတ်ချစ်မိ၊ သူကမသိရှာ၊ ကိုယ်ကတော့ မထင်မှတ်ပဲသူနဲ့အကြည့်ချင်းဆုံမိသွားတာကိုတောင် ရင်ခုန်လွန်းလို့ တစ်ကိုယ်လုံးတုန်လှုပ်၊ အပျော်လွန်ပြီးဘာလုပ်ဘာကိုင်ရမှန်းမသိတဲ့ချိန် ရှိခဲ့ဖူးတယ်။
🌹လူတွေကြားထဲမှာ 🤭 သူ့အကြောင်းကိုစိတ်ဝင်စား၊ သူ့ကိုချစ်လွန်းလို့ သူ့အသံ၊ သူ့ရနံ့ အကုန်မှတ်မိ သူမသိပေမယ့် ကိုယ်ကတော့ သူ့ကိုမျှော်နေမိ၊ ငါသူ့ကိုဘယ်လောက်ထိလွမ်းတယ်ဆိုတာကို သူသိသွားရင် ငါ့ကိုအရမ်းအထင်သေးသွားပြီး သူနဲ့ကိုယ်နဲ့ကြားကခင်မင်မှူတွေတောင် ဆုံးရှူံးသွားမှာကိုကြောက်လို့ တိတ်တိတ်ကလေးနေရတဲ့အချိန်ရှိခဲ့ဖူးတယ်။
🌹သူမသိပေ့မယ့် ကိုယ့်အနားမှာသူနေတဲ့အချိန်၊ အဝေးကနေပဲဖြစ်ဖြစ်၊ အနီးနားမှာပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုကြောင့် စကားလာပြောတဲ့အချိန်မှာ သူအသံကြားရလို့ရင်တွေခုန်ပြီးအရမ်းပျော်ခဲ့ရတဲ့အချိန်၊ အဝေးကနေပဲဖြစ်ဖြစ်၊ အနီးနားကနေပဲဖြစ်ဖြစ်၊ သူ့ကိုမြင်တွေ့ခွင့်ရတဲ့ချိန်၊ ကိုယ့်အတွက် တန်ဖိုးအရှိဆုံး၊အပျော်ရွှင်ဆုံးအချိန်ဖြစ်နေတာကို သူကမသိရှာ၊
ကဲ့……… ဒီလိုခက်ခဲပျော်ရွှင်တဲ့ဘဝ ကြုံဖူးကြရဲ့လား
01/01/2026
မိမိကိုယ်မိမိတန်းဖိုးထားပါ
❌ အကြောင်းပြချက်အမျိုးမျိုးပြပြီး မင်းနှလုံးသားကို နှင်းချေထားတဲ့သူကို သူ့အချစ်ပြန်ရဖို့၊ ပြန်အဆင်ပြေဖို့ မင်းမာနခဝါချ တောင်းပန်ပြီး ခေါင်းမငုံ့လိုက်ပါနဲ့
❌မင်းရဲ့နှလုံးသားကို ဖမ်းလိုက် ပစ်လိုက် ကစားကွင်းလိုအသုံးပြု/ချတတ်တဲ့သူကို ရှောင်ပါ သူတို့တွေအတွက် ဘယ်တော့မှကိုယ့်ကိုယ်ကို အောက်ကျပြီးတန်ဖိုးမရှိတဲ့ အမှိုက်လိုမနေပါနဲ့
❌မင်းတန်ဖိုးထား ချစ်ပေးသလို မင်းကိုတန်ဖိုးထားမချစ်ပေးနိုင်တဲ့သူကိုဆွဲထားဖို့အတွက် မင်းရဲ့ခဏသာစိတ်ခံစားနာကျင်မှုကို မလွန်ဆန်နိုင်ပဲ မင်းရဲ့တန်ဖိုး၊မာန၊ဂုဏ်သိက္ခာကို လုံးဝအောက်မကျမိစေနဲ့
❌မင်းတန်ဖိုးကိုမင်းကိုယ်တိုင်မြင့်တင်ပါ အမှိုက်တစ်ခုလိုပစ်လိုက်ကောက်လိုက် လုပ်တတ်သူကို ဘယ်လောက်ပဲနက်ရှိုင်းတဲ့သံယောစဉ် ရှိခဲ့ရှိခဲ့နောက်လှည့်ကြည့်ပြီး သူတို့တွေကြောင့် မင်းရဲ့တန်ဖိုး မကျမိပါစေနဲ့
❌မင်းတန်ဖိုးမသိတဲ့သူနဲ့တွေ့မိရင် အမှိုက်ပုံးထဲရောက်သွားနိုင်သလို မင်းတန်ဖိုးသိတဲ့သူနဲ့တွေ့သွားရင် အမှိုက်ပုံးကနေ ရွှေအိမ်တော်ထိ ရောက်သွားနိုင်တယ်
KA BUCIN NA
Sa - T Van Mung
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Yangon
11411