Mine Tour
04/02/2021
(4-2-2021)ရွှေစျေးနှုန်း
၁၆ပဲရည်- 1,417,000
၁၅ပဲရည်- 1,333,000
ကမ္ဘာ့ရွှေ- 1824 (1 Oz)
ဒေါ်လာ 1392 MMK
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Currency Exchange နှုန်းများ💸💸
🇺🇸 USD ဈေး ၁,၃၉၂.၃ ကျပ်
🇨🇳 CNY ဈေး ၂၁၅.၄၅ ကျပ်
🇹🇭 THB ဈေး ၄၆.၃၄၈ ကျပ်
🇮🇳 INR ဈေး ၁၉.၀၈၃ ကျပ်
🇸🇬 SGD ဈေး ၁,၀၄၄.၆ ကျပ်
🇯🇵 JPY ဈေး ၁,၃၂၅.၁ ကျပ်
🇦🇺 AUD ဈေး ၁,၀၆၀.၂ ကျပ်
🇲🇾 MYR ဈေး ၃၄၃.၈၆ ကျပ်
🇬🇧 GBP ဈေး ၁,၉၀၁.၁ ကျပ်
🇪🇺 EUR ဈေး ၁,၆၇၄.၂ ကျပ်
🇧🇩 BDT ဈေး ၁၆.၄၂၀ ကျပ်
🇧🇳 BND ဈေး ၁,၀၄၄.၆ ကျပ်
🇧🇷 BRL ဈေး ၂၅၉.၃၅ ကျပ်
🇨🇦 CAD ဈေး ၁,၀၈၉.၀ ကျပ်
🇨🇭 CHF ဈေး ၁,၅၄၉.၄ ကျပ်
🇨🇿 CZK ဈေး ၆၄.၅၇၂ ကျပ်
🇩🇰 DKK ဈေး ၂၂၅.၀၈ ကျပ်
🇪🇬 EGP ဈေး ၈၈.၅၁၂ ကျပ်
🇭🇰 HKD ဈေး ၁၇၉.၆၂ ကျပ်
🇮🇩 IDR ဈေး ၉.၉၄၁၀ ကျပ်
27/01/2021
ဗဟုသုတလေးပါရှင်
27/01/2021
လားရှိုးမြို့တွင်းသို့ဝင်ရောက်ရန်အတွက် သွားလာမှုကန့်သတ်ချက်များ စတင်ပြောင်းလဲဆောင်ရွက်
လားရှိုးဇန်နဝါရီ(၂၅)
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ၂၀၂၁ခုနှစ် ဇန်နဝါရီ(၂၅)ရက်နေ့က လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ လားရှိုးမြို့တွင်းဝင်ထွက်သွားလာမှုများအား စတင်ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ ပြောင်းလဲဆောင်ရွက်မည့် သတ်မှတ်ချက်များသည် လားရှိုးမြို့နယ်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်များသို့ သွားရောက်ပြီးပြန်လည်ဝင်ရောက်လာပါက Quarantine ဝင်ရန်မလိုတော့ပဲ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များမှဒေသခံများ လားရှိုးသို့လာပါကလည်း မြို့ဝင်ဂိတ်များတွင် အချက်အလက်များပြည့်စုံစွာပေးခဲ့ရန်နှင့် Quarantine ဝင်ရောက်ရန်မလိုအပ်တော့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းများမှလာပါက ကျန်းမာရေးစစ်ဆေးချက်ပါရှိမှသာ ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ပြီး အဆိုပါဆေးစစ်ချက်မပါရှိပါကနေ့ချင်းပြန်သာခွင့်ပြုမည်ဖြစ်ပြီး လားရှိုးဒေသခံများ သည်ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းဒေသများသို့ ညအိပ်သွားရောက်ပြီးပြန်လာပါက ခရီးသွားရာဇဝင်မေး၍စောင့်ကြည့်သွားမည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသကြီးပြည်နယ်များမှ လားရှိုးမြို့သို့လာရောက်ပါက ကျန်းမာရေးစစ်ဆေးချက်ပါရှိပါက နေ့ချင်းပြန်ခွင့်ပြုပေးမည်ဖြစ်ပြီး နေ့ချင်းပြန်မဟုတ်ပါက သက်မှတ်ရက်များအတိုင်းQuarantine ဝင်ရောက်ရမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းမှ လားရှိုးမြို့သို့လာရောက်ပါက မိမိဒေသ၏တစ်လအတွင်းထောက်ခံစာနှင့် လားရှိုးမြို့တွင်နေထိုင်တည်းခိုမည့်လိပ်စာအတိအကျပေးရမည်ဖြစ်ပြီး လာရောက်ရသည်အကြောင်းအရာ(အကြမ်းဖျဉ်း)ပေးရမည်ဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှလွဲ၍ ကျန်တိုင်းဒေသကြီးပြည်နယ်များမှ လာရောက်သောကုန်တင်ယာဉ်များအားလုံး SOPပါအတိုင်းလိုက်နာရမည်ဖြစ်သည်။ရှမ်းပြည်နယ်အတွင်းမှ လာရောက်သည့်(ဒေသတွင်း) ကုန်တင်ယာဉ်များအနက်(၁၄)ပေရှိ (၆)ဘီးယာဉ်(၃/၄)တန်နှင့် အောက်ကားများမှလွဲ၍ ကျန်ကုန်တင်ယာဉ်များအားလုံး မယ်ဟန်စစ်ဆေးရေးစခန်းတွင်စစ်ဆေးမှုခံယူပြီးမှ မြို့တွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။အဆိုပါယာဉ်များ သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင်းဖြစ်ပါက သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်စု၏ထောက်ခံချက်ပြသ၍မြို့တွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။
(၁၄)ပေရှိ (၆)ဘီးယာဉ်(၃/၄)တန်နှင့် အောက်ကားများမှလွဲ၍ ကျန်ကုန်တင်ယာဉ်များအားလုံး နားမခေါ်ကားကြီးကွင်းအတွင်းကုန်ပစ္စည်းလွှဲပြောင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး မြို့တွင်းသို့ လုံးဝဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းသိရှိရသည်။
ဌာနဆိုင်ရာများ၏ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊တပ်ရိက္ခာပို့ဆောင်သည့်ယာဉ်များ၊ဆက်သွယ်ရေးပစ္စည်းတင်ဆောင်သည့်(၃/၄)တန်နှင့်အထက်ယာဉ်များဝင်ရောက်လာပါက သက်ဆိုင်ရာဌာနမှ ထောက်ခံစာပြသနိုင်မှသာ လားရှိုးမြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းလားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအာကာလင်းထံက သိရှိရသည်။
ဟန်ဌေး(လားရှိုး)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 8, Mahar Bawga 3rd Street, Hledan, Kamayut Township
Yangon
11041
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |