Sharing is Caring

Sharing is Caring

Share

10/11/2020

ပါမောက္ခဒေါက်တာဦးရဲမြင့်ကျော်ရေးတဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂျပန်ကို အားကျတယ်။ လုပ်စရာရှိတာ ပုံမှန်လုပ်နေတယ်။ Mask ကိုတော့ ဝတ်​နေကျ အဝတ်အစားလို ပုံမှန်ဝတ်ထားတယ်။ မေးစေ့ မချိတ်ဘူး။ ကိုဗစ်ကို စီးပွားမပျက်ပဲ အနိုင်ယူခဲ့တယ်။

မနေတတ်ဘူး။ မွန်းတယ် မထင်ပါနဲ့။ ဆရာဝန် ဆရာမတွေ ကိုဗစ်ဆောင်မှာ တနေကုန် ဝတ်နေကြတဲ့ N 95 ဟာ ဝတ်လျက်နဲ့ တနာရီလောက် အင်အားစိုက် အလုပ်လုပ်ရင် အဆုတ်ပါ ပိတ်ဆို့ပါတယ်။

ခင်ဗျားတို့ တပ် တဲ့ Surgical Maskမွန်းတယ် ဆိုတာ စိတ်ပါ။ တပ်နေကျဆရာဝန်တွေက အဲဒါကို ဘယ်လိုမှ မနေပါဘူး။

မှန်မှန်တပ်နေရင် သူတို့လို ဖြစ်လာမှာပါ။
မြန်မြန် ပြန်ဖွင့်စေချင်ရင် မှန်မှန်တပ်ကြပါ။

Myint Kyaw

31/10/2020

Happy Thadingyut Festival🎇🎆🎇🎆

သီတင်းကျွတ်လပြည့်နေ့တွင် ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...

Photos from Sharing is Caring's post 27/10/2020

နိုဝင်ဘာလ ၈ ရက်နေ့မဲရုံသို့သွားရောက်ပါကဆောင်ရန်ရှောင်ရန်အသိပေးခြင်း

#မဲပေးသရုပ်ပြကြည့်တဲ့အခါ အယောက် ၁၀၀ကို ၃၅မိနစ်သာကြာမြင့်တယ်လို့သိရပါတယ်။ ဝန်ထမ်းတွေမို့မြန်တာလည်းဖြစ်နိုင်ပါတယ်။ ပြည်သူကတော့ပိုကြာနိုင်ပါတယ်။

ဲ့faceshieldကို၃၈သန်းလုံးအတွက်အခမဲ့ပေးမှာပါ။

#ကျနော်တို့အနေဖြင့်လက်အိတ်တော့ဝတ်ဆင်သွားသင့်တယ်လို့အကြံပြုလိုပါတယ်။

#အိမ်ကဘောပင်ယူသွားပါ။ အဆင်မပြေရင်မဲရုံကပိုးသတ်ထားတဲ့ဘောပင်ပေးပါလိမ့်မယ်။ လက်မှတ်ကတော့ဘောပင်နဲ့ထိုးရမှာမို့ပါ။

#တယောက်ကို၆ပေအကွာစီရတဲ့အခါ နေရာအကျဥ်းအကျယ်ပေါ်မူတည်ပြီး နီးသွားတာရှိနိုင်ပါတယ်။

#အဓိက ကMaskကိုဖယ်ပြီးစကားမပြောမိဖို့လိုပါတယ်။ တယောက်နဲ့တယောက်မထိနေဘူး။ လေအချင်းချင်းမကူးလူးနေရင် ၆ပေမကွာလည်းစိုးရိမ်စရာမလိုပါ။

#လက်မှတ်ကိုအတိုသာထိုးကြပါ။ ဘဏ်မဟုတ်လို့ Sign လှလှဖြစ်နေစရာမလိုပါဘူး။ မှန်ဖို့မြန်ဖို့သာအဓိကပါ။

#တန်းစီစောင့်လျှင်နေပူနိုင်ပါတယ်။သို့ပါ၍ ဦးထုပ် ခမောက် တို့တွင်ပါတီတစ်ခုခုရဲ့အမှတ်အသားမပါတာဆောင်းဖို့ယူသွားပါ။

#ရေငတ်နိုင်ပေမယ့်ပါးစပ်ဖွင့်ရမယ့်အလုပ်မလုပ်ပါနဲ့။ မြန်မြန်ပေး မြန်မြန်အိမ်ပြန်ပါ။

#မိမိတယောက်သုံးလက်သန့်ဆေးရည်ဗူးလေးတွေယူသွားပါ။

#နောက်ဆုံးမှင်တို့တဲ့အခါ လက်အိပ်ချွတ်ရပါမယ်။ လက်သန်းကို ဗူးနှုတ်ခမ်းနဲ့လုံးဝမထိပါနဲ့။ အလယ်တည့်တည့်ကိုသာလက်ချောင်းနှစ်ပါ။ လက်သန့်ဆေးနဲ့ပြန်ဆေးပြီးမဲရုံကအိမ်တန်းပြန်ပါ။

#ပါတီတံဆိပ်တွေလည်းဝေဝါးဖို့မရှိပါဘူး။ ရွေးရခက်တဲ့ဆင်တူရိုးမှားပုံတွေအစဥ်လိုက်မပါပါဘူး။ စာဖတ်တတ်သူများလို့ ပါတီအမည်ဖတ်ရုံပါပဲ။

#ကျနော်တို့အများစုက တိုင်းရင်းသားကိုယ်စားလှယ်လောင်းမဲမပေးရဘူး။ တိုင်းရင်းသားဖြစ်မှသာမဲတပြားအပိုရမယ်။

#ကျနော်တို့က ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်နေရာ ၃ နေရာအတွက်သာမဲ၃ရွက်ရမယ်။ တရွက်ယူ ၁ ပုံးထဲထည့်စနစ်နဲ့ ၃ ခါလုပ်ရမယ်။

#လက်အိပ်ရဲ့သဘောက ကိုယ့်အတွက်လုံခြုံပေမယ့် တခြားသူကိုထိတာ တို့တာ ဝမ်းသာအားရရိုက်ပုတ်ပြောတာတို့မလုပ်မိပါစေနဲ့။ ပိုးကလက်အိပ်မှာကပ်နေနိုင်ပါတယ်။ သတိထားကြပါ။

#အားလုံးဘေးကင်းကျန်းမာမဲပေးနိုင်ပါစေ...

#မူရင်းPostပိုင်ရှင်အား Creditပေးပါတယ်

👸

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11221